တောင်ကိုရီးယား နိုင်ငံတော်ကောင်စီ

ဝီကီပီးဒီးယား မှ
၂၀၂၀ ပြည့်နှစ်က ကိုးကြိမ်မြောက် နိုင်ငံတော်ကောင်စီ အစည်းအဝေး ကျင်းပစဉ်

ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ (ဟန်းဂု: 국무회의; ဟန်းဂျာ: 國務會議; အတိုကောက်အားဖြင့် SC-ROK) သည် တောင်ကိုရီးယားနိုင်ငံ၏ အဓိက အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည်။ ဝန်ကြီးဌာနများမှာ အုပ်ချုပ်ရေးအဖွဲ့၏ အရေးပါဆုံး အစိတ်အပိုင်းဖြစ်သည်။[၁]

အဖွဲ့ဝင်များ[ပြင်ဆင်ရန်]

ကိုးကြိမ်မြောက် နိုင်ငံတော်ကောင်စီ အစည်းအဝေးတွင် ကောင်စီဥက္ကဋ္ဌ သမ္မတမွန်းဂျယ်အင်း မိန့်ခွန်းပြောကြားစဉ်

၂၀၁၈ ဇွန်လတွင် ဝန်ကြီးဌာန ၂၃ ခု၊ အာဏာပိုင်အဖွဲ့အစည်း ၁၇ ခု၊ ဘုတ်အဖွဲ့ ၂ ခု၊ ရုံး ၄ ခု၊ ကော်မတီ ၆ ခု ရှိသည်။[၂] နိုင်ငံတော်ကောင်စီတွင် အမျိုးသားညီလာခံ (လွှတ်တော်) က ခန့်အပ်သော ဝန်ကြီး ၁၈ ဦး၊ ဝန်ကြီးချုပ်၊ သမ္မတတို့ ပါဝင်သည်။ သမ္မတသည် ကောင်စီဥက္ကဋ္ဌဖြစ်ပြီး၊ ဝန်ကြီးချုပ်မှာ ဒုတိယဥက္ကဋ္ဌဖြစ်သည်။[၃]

အောက်ပါပုဂ္ဂိုလ်များသည် ကောင်စီဝင်မဟုတ်သဖြင့် မဲပေးခွင့်မရှိသော်လည်း ကောင်စီအစည်းအဝေးများသို့ တက်ရောက်နိုင်ပြီး မိန့်ခွန်းပြောကြားနိုင်သည်။[၄]

ဆိုးလ်မြို့တော်ဝန်သည် ဗဟိုအစိုးရနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း ဆိုးလ်မြို့သည် အထူးမြို့တော်ဖြစ်သဖြင့် ကတ်ဘိနက်အဖွဲ့ဝင်အဆင့်ရှိ တစ်ဦတည်းသော မြို့တော်ဝန်ဖြစ်သည်။

Office Incumbent Party
သမ္မတ မွန်းဂျယ်အင်း ဒီမိုကရက်
ဝန်ကြီးချုပ် ​ဂျောင်ဆဲဂယွန်း ဒီမိုကရက်
ဒုတိယဝန်ကြီးချုပ် (စီးပွားရေး)၊
စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး
ဟုန်းနမ်ဂီ တစ်သီးပုဂ္ဂလ
ဒုတိယဝန်ကြီးချုပ် (လူမှုရေး)၊
ပညာရေးဝန်ကြီး
ယူအွန်းဟယ် ဒီမိုကရက်
သိပ္ပံနှင့်နည်းပညာဝန်ကြီး ချွဲဂီယောင်း တစ်သီးပုဂ္ဂလ
နိုင်ငံခြားရေးဝန်ကြီး ဂျောင်အွီယုံး တစ်သီးပုဂ္ဂလ
ပြန်လည်ပေါင်းစည်းရေးဝန်ကြီး လီအင်းယောင်း ဒီမိုကရက်
တရားရေးဝန်ကြီး ဘတ်ဘောမ်းဂယဲ ဒီမိုကရက်
အမျိုးသားကာကွယ်ရေးဝန်ကြီး ဆောဝု တစ်သီးပုဂ္ဂလ
ပြည်ထဲရေးနှင့်လုံခြုံရေးဝန်ကြီး ဂျောန်းဟယ်ချောလ် ဒီမိုကရက်
ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီး ဟွမ်ဟီး ဒီမိုကရက်
စိုက်ပျိုးရေး၊ အစားအသောက်နှင့် ကျေးလက်ဒေသဝန်ကြီး ဂင်ဟျောန်းဆူ တစ်သီးပုဂ္ဂလ
ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီး ဆောင်းယွန်းမို တစ်သီးပုဂ္ဂလ
ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီး ဂွေါန်းဒေါ့ချောလ် တစ်သီးပုဂ္ဂလ
သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဟန်ဂျောင်အယ် ဒီမိုကရက်
အလုပ်အကိုင်နှင့်အလုပ်သမားဝန်ကြီး လီဂျယ်ဂပ် တစ်သီးပုဂ္ဂလ
ဂျန်ဒါတန်းတူညီမျှမှုနှင့်မိသားစုဝန်ကြီး ဂျောင်ယောင်းအယ် တစ်သီးပုဂ္ဂလ
နယ်မြေ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဗြောန်းချန်ဟွမ် တစ်သီးပုဂ္ဂလ
သမုဒ္ဒရာနှင့်ငါးလုပ်ငန်းဝန်ကြီး မွန်းဆောင်းဟျော့ တစ်သီးပုဂ္ဂလ
အသေးစား၊ အလတ်စားနှင့် လုပ်ငန်းသစ်ဝန်ကြီး ဂွေါန်းချီးလ်ဆွန်း ဒီမိုကရက်

ကိုးကား[ပြင်ဆင်ရန်]

  1. Executive BranchGovernment of South Korea။ Prime Minister's Office of South Korea။ 6 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2021 တွင် ပြန်စစ်ပြီး။
  2. Korea.net : The official website of the Republic of Korea။ 2020-05-21 တွင် ပြန်စစ်ပြီး။
  3. Government Organization Act (정부조직법) Art. 12 (Promulgation No. 14839, Last amended 2017-07-26). https://elaw.klri.re.kr/eng_service/lawView.do?hseq=44197&lang=ENG
  4. 대한민국 국무회의 규정 제8조