မာတိကာသို့ ခုန်သွားရန်

တောင်ကိုရီးယားနိုင်ငံ၏ သမ္မတများ စာရင်း

ဝီကီပီးဒီးယား မှ
ကိုရီးယားသမ္မတနိုင်ငံ သမ္မတ၏ အလံ နှင့် အမှတ်တံဆိပ်
  • အပေါ် ဘယ်ဘက်: ရီဆွန်းမန်းသည် ပထမဦးဆုံးသမ္မတ ဖြစ်သည်။
  • အပေါ် ညာဘက်: ပတ်ချုန်ဟီးသည် တောင်ကိုရီးယားနိုင်ငံ၏ အချိန်ကြာဆုံး သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
  • အလယ် ဘယ်ဘက်:ချန်ဒူးဝမ်သည် အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုတွင် မြောက်ကိုရီးယားဘက်မှ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှ လက်မတင်လေး လွတ်မြောက်ခဲ့သူဖြစ်သည်။
  • အလယ် ညာဘက်: ပတ်ဂွန်ဟေး သည် ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်သည်။
  • အောက် ဘယ်ဘက်: ယွန်းဆော့ယောသည် စစ်အုပ်ချုပ်ရေးကြေညာမှုဖြင့် ထောင်ဒဏ်တစ်သက်ချခံခဲ့ရသည့် ခေတ်သစ်သမ္မတ ဖြစ်သည်။
  • အောက် ညာဘက်: အီဂျေမြောင်သည် လက်ရှိ သမ္မတ ဖြစ်သည်။

တောင်ကိုရီးယားသမ္မတသည် တောင်ကိုရီးယားအစိုးရ၏ အုပ်ချုပ်ရေးအကြီးအကဲဖြစ်ပြီး တောင်ကိုရီးယားတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် လည်း ဖြစ်သည်။[]

တောင်ကိုရီးယားအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုရီးယားယာယီအစိုးရကို မိမိတို့၏ အစိုးရအရင်းအမြစ်အဖြစ် သတ်မှတ်ထားသည်။ ကိုရီးယားယာယီအစိုးရကို ၁၉၁၉ ခုနှစ်တွင် ကိုရီးယားနိုင်ငံ ဂျပန်အုပ်ချုပ်မှုအောက်တွင် ရှိနေစဉ် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ပြည်ပအခြေစိုက်အစိုးရအဖြစ် တည်ထောင်ခဲ့သည်။ ယင်းအစိုးရတွင် ၁၉၁၉ ခုနှစ် စက်တင်ဘာလမှ ၁၉၄၈ ခုနှစ် ဩဂုတ်လအထိ နိုင်ငံတော်ခေါင်းဆောင် ကိုးဦး တာဝန်ထမ်းဆောင်ခဲ့ကြသည်။[]

ခေတ်အဆက်ဆက် သမ္မတများမှာ အောက်ပါအတိုင်း ဖြစ်သည်။

[ပြင်ဆင်ရန်]
  သည် နိုင်ငံတော်အား ယာယီတာဝန်ယူခဲ့ကြသည့် ယာယီသမ္မတ များကို ရည်ညွန်းသည်။
စဉ် ပုံ အမည် တာဝန်ထမ်းဆောင်ခြင်း
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
ပထမသမ္မတနိုင်ငံ​ခေတ် သမ္မတများ
ရီဆွန်းမန်း ၂၄ ဇူလိုင် ၁၉၄၈ ၂၆ ဧပြီ ၁၉၆၀ ၁၁ နှစ်၊ ၂၇၇ ရက်
ဟောဂျောင် ၂၇ ဧပြီ ၁၉၆၀ ၁၅ ဇွန် ၁၉၆၀ ၄၉ ရက်
ဒုတိယသမ္မတနိုင်ငံ​ခေတ် သမ္မတများ
ဂွါ့ဆန်ဟွန်း ၁၆ ဇွန် ၁၉၆၀ ၂၃ ဇွန် ၁၉၆၀  ရက်
ဟောဂျောင် ၂၃ ဇွန် ၁၉၆၀ ၇ ဩဂုတ် ၁၉၆၀ ၄၅ ရက်
ဘဲ့နာဂျွန်း ၈ ဩဂုတ် ၁၉၆၀ ၁၂ ဩဂုတ် ၁၉၆၀ ၄ရက်
ယွန်းဘိုဆွန်း ၁၃ ဩဂုတ် ၁၉၆၀ ၂၄ မတ် ၁၉၆၂  နှစ်၊ ၂၂၃ ရက်
ပတ်ချုန်ဟီး ၂၄ မတ် ၁၉၆၂ ၁၆ ဒီဇင်ဘာ ၁၉၆၃  နှစ်၊ ၂၆၇ ရက်
တတိယသမ္မတနိုင်ငံ​ခေတ် သမ္မတ
ပတ်ချုန်ဟီး ၁၇ ဒီဇင်ဘာ ၁၉၆၃ ၂၆ ဒီဇင်ဘာ ၁၉၇၂  နှစ်၊  ရက်
စတုတ္ထသမ္မတနိုင်ငံ​ခေတ် သမ္မတများ
(၃) ပတ်ချုန်ဟီး ၂၇ ဒီဇင်ဘာ ၁၉၇၂ ၂၆ ​အောက်တိုဘာ ၁၉၇၉  နှစ်၊ ၃၀၃ ရက်
ချွဲဂယူဟာ ၂၆ ​အောက်တိုဘာ ၁၉၇၉ ၆ ဒီဇင်ဘာ ၁၉၇၉ ၄၁

ရက်

၆ ဒီဇင်ဘာ ၁၉၇၉ ၁၆ ဩဂုတ် ၁၉၈၀ ၂၅၄ ရက်
ဘတ်ချွန်းဟွန်း ၁၆ ဩဂုတ် ၁၉၈၀ ၁ စက်တင်ဘာ ၁၉၈၀ ၁၆ ရက်
ဂျောန်းဒူဟွမ်း ၁ စက်တင်ဘာ ၁၉၈၀ ၂၄ ​​ဖေ​ဖော်ဝါရီ ၁၉၈၁ ၁၇၆ ရက်
ပဉ္စမသမ္မတနိုင်ငံ​ခေတ် သမ္မတ
(၅) ဂျောန်းဒူဟွမ်း ၂၅ ​ဖေ​ဖော်ဝါရီ ၁၉၈၁ ၂၄ ​ဖေ​ဖော်ဝါရီ ၁၉၈၈  နှစ်၊ ၃၆၄ ရက်
ဆဋ္ဌမသမ္မတနိုင်ငံ​ခေတ် သမ္မတများ
နိုထယ်ဝူ ၂၅ ​ဖေ​ဖော်ဝါရီ ၁၉၈၈ ၂၄ ​ဖေ​ဖော်ဝါရီ ၁၉၉၃  နှစ်၊ ၃၆၅ ရက်
ဂင်ယောင်ဆမ် ၂၅ ​ဖေ​ဖော်ဝါရီ ၁၉၉၃ ၂၄ ​​ဖေ​ဖော်ဝါရီ ၁၉၉၈  နှစ်၊ ၃၆၄ ရက်
ဂင်ဒယ်ဂျွန် ၂၅ ​​ဖေ​ဖော်ဝါရီ ၁၉၉၈ ၂၄ ​ဖေ​ဖော်ဝါရီ ၂၀၀၃  နှစ်၊ ၃၆၄ ရက်
ရိုမူဟွန်း ၂၅ ​ဖေ​ဖော်ဝါရီ ၂၀၀၃ ၂၄ ​ဖေ​ဖော်ဝါရီ ၂၀၀၈  နှစ်၊ ၃၆၄ ရက်
၁၀ လီမြောင်ဘာ့ ၂၅ ​ဖေ​ဖော်ဝါရီ ၂၀၀၈ ၂၄ ​ဖေ​ဖော်ဝါရီ ၂၀၁၃  နှစ်၊ ၃၆၅ ရက်
၁၁ ပတ်ဂွန်ဟေး ၂၅ ​ဖေ​ဖော်ဝါရီ ၂၀၁၃ ၁၀ မတ် ၂၀၁၇  နှစ်၊ ၁၃ ရက်
ဟွမ်ဂယိုအန်း ၁၀ မတ် ၂၀၁၇ ၉ ​မေ ၂၀၁၇ ၆၀ ရက်
၁၂ မွန်ဂျေအင်း ၁၀ ​မေ ၂၀၁၇ ၉​ ​မေ ၂၀၂၂  နှစ်၊ ၃၆၄ ရက်
၁၃ ယွန်းဆော့ယော ၁၀ ​မေ ၂၀၂၂ ၄ ဧပြီ ၂၀၂၅  နှစ်၊ ၃၂၉ ရက်
ဟန်ဒက်ဆူ ၁၄ ဒီဇင်ဘာ ၂၀၂၄ ၂၇ ဒီဇင်ဘာ ၂၀၂၄ ၁၃ ရက်
ချွိုဆန်မော့ ၂၇ ဒီဇင်ဘာ ၂၀၂၄ ၂၄ မတ် ၂၀၂၅ ၈၇ ရက်
ဟန်ဒက်ဆူ ၂၄ မတ် ၂၀၂၅ ၁ ​မေ ၂၀၂၅ ၃၈ ရက်
လီဂျူဟို ၂ မေ ၂၀၂၅ ၄ ဇွန် ၂၀၂၅ ၃၃ ရက်
၁၄ အီဂျေမြောင် ၄ ဇွန် ၂၀၂၅ လက်ရှိ ၂၈၄ ရက်

ကိုးကား

[ပြင်ဆင်ရန်]
  1. Myers၊ Brian Reynolds (21 February 2018)။ Constitutional Reform and Inter-Korean Relations: Part 2 Sthele Press 19 January 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2019 တွင် ပြန်စစ်ပြီး။
  2. Constitution of the Republic of Korea Government of South Korea။ 5 December 2024 တွင် ပြန်စစ်ပြီး။