တောင်ကလေးဘကကျောင်းအုပ်ဆရာတော်
| ဘဒ္ဒန္တဥတ္တမ | |
|---|---|
| ဘာသာ | ဗုဒ္ဓဘာသာ |
| ဘာသာအုပ်စု | သုဓမ္မာဂိုဏ်း |
| ကျောင်းတိုက် | တောင်ကလေးပရိယတ္တိစာသင်တိုက်၊ ဘားအံမြို့၊ ကရင်ပြည်နယ် |
| ဘွဲ့တံဆိပ် |
|
| အခြားအမည်များ | တောင်ကလေးဘကကျောင်းအုပ်ဆရာတော် |
| ဓမ္မအမည် | ဦးဥတ္တမ (U Ottama) |
| ပုဂ္ဂိုလ်ရေးရာ | |
| နိုင်ငံသား/လူမျိုး | မြန်မာ |
| မွေးဖွား | ၂၅ ဖေဖော်ဝါရီ၊ ၁၉၆၈ ရသဝေါ်ရွာ၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ |
| မိဘ | ဦးဩဘာကြိုင်၊ ဒေါ်နော်အူးဝေါ် |
| ရာထူး တာဝန် | |
| ဌာန | တောင်ကလေးပရိယတ္တိစာသင်တိုက်၊ ဘားအံမြို့၊ ကရင်ပြည်နယ် |
| ဂုဏ်ဒြပ် | ကျောင်းအုပ်ဆရာတော် |
ဘဒ္ဒန္တဥတ္တမ (အင်္ဂလိပ်: Bhadanta Ottama) သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ တောင်ကလေးပရိယတ္တိစာသင်တိုက်၏ ကျောင်းအုပ်ဆရာတော်နှင့် လောကီလောကုတ္တရာပညာသင်ကြားရေးဌာန၏ တည်ထောင်သူဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ချီးမြှင့်ခြင်းခံရသည်။
ဘဝဖြစ်စဉ်အကျဉ်း
[ပြင်ဆင်ရန်]၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် (၁၃၂၉ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၂ ရက်) တနင်္ဂနွေနေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ ရသဝေါ်ရွာ၌ ဦးဩဘာကြိုင် + ဒေါ်နော်အူးဝေါ်တို့မှ မွေးဖွားခဲ့သည်။ ၁၉၈၁ ခုနှစ်၊ မတ်လ ၁၉ ရက် (၁၃၄၂ ခုနှစ် တပေါင်းလဆန်း ၁၄ ရက်) တွင် ဘားအံမြို့၊ မဲဘောင်ကျောင်း၌ ဘဒ္ဒန္တဣန္ဒိယထံတွင် ရှင်သာမဏေပြုခဲ့သည်။ ၁၉၈၈ ခုနှစ်၊ ဧပြီလ ၂၉ ရက် (၁၃၅၀ ခုနှစ် ကဆုန်လဆန်း ၁၄ ရက်) တွင် ဘားအံမြို့၊ မြို့တော်ဦးကျောင်း၌ ဘဒ္ဒန္တဇာဂရထံတွင် ရဟန်းခံခဲ့သည်။
ပညာရေး
[ပြင်ဆင်ရန်]ဆရာတော်သည် အောက်ပါကျောင်းများတွင် ပညာသင်ယူခဲ့သည်-
- ရသဝေါ်ရွာ အခြေခံပညာမူလတန်းကျောင်း
- တောင်ကလေးရွာ အခြေခံပညာမူလတန်းကျောင်း
- ဘားအံမြို့ ဓမ္မပီယကျောင်း
- မော်လမြိုင်မြို့ ပြည်ကျောင်းတိုက်
- ရန်ကုန်မြို့ သဒ္ဓမ္မဝံသကျောင်း
အောင်မြင်ခဲ့သော စာမေးပွဲများ
[ပြင်ဆင်ရန်]- အဘိဓမ္မာစာမေးပွဲ(ရိုးရိုး) (၁၉၈၃)
- အဘိဓမ္မာစာမေးပွဲ(ဂုဏ်ထူးဆောင်) (၁၉၈၄)
- အခြေပြုမူလတန်း (၁၉၈၆)
- ပထမငယ်တန်း (၁၉၈၇)
- မော်လမြိုင် သုသမာစာရစာမေးပွဲ (၁၉၈၆)
- မော်လမြိုင် ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ (၁၉၉၀)
- မော်လမြိုင် ဝိနယာနုဂ္ဂဟစာမေးပွဲ (၁၉၉၁)
- ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (၁၉၉၆-၁၉၉၇)
သာသနာ့၊ ပညာရေးနှင့် လူမှုအကျိုးပြုလုပ်ငန်းများ
[ပြင်ဆင်ရန်]တောင်ကလေးပရိယတ္တိစာသင်တိုက်
[ပြင်ဆင်ရန်]၁၉၉၅ ခုနှစ်တွင် တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို တည်ထောင်ခဲ့ပြီး KG မှ Grade 12 အထိ ပညာရေးပို့ချခဲ့သည်။ ကျေးလက်ဒေသများတွင် ဘုန်းတော်ကြီးသင် ကျောင်းခွဲများ တည်ထောင်ခဲ့သည်။
သာသနာပြုလုပ်ငန်းများ
[ပြင်ဆင်ရန်]- တောင်ကလေး၊ သာသနဓဇသံဃပဝါရဏာ (သုဓမ္မာဂိုဏ်း လုံးဆိုင်ရာ)သာသနာရေး ဆောင်ရွက်ချက်များ
- ဩစတြေးလျနိုင်ငံ၊ မယ်လ်ဘုန်းမြို့တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ဓမ္မစင်္ကြာဝတ်ရွတ်စဉ်တို့ကို သင်တန်းပို့ချပေးခြင်း (၂၀၀၉)
- ကျေးလက်တောရွာများသို့ ဩဝါဒတရားတော်မြတ်ကို ကြွရောက်ချီးမြှင့်ခြင်း
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ တည်ထောင်ခြင်း
[ပြင်ဆင်ရန်]- နောင်ယားဖေးဘ/က ကျောင်း (၂၀၀၃)
- ဓမ္မသာရီဆိပ်ဖူး ဘ/က ကျောင်း (၂၀၀၃)
- ငှက်ပျောတော ဘ/က ကျောင်း (၂၀၀၅)
- လှိုက်ကော့ဖျာ ဘ/က ကျောင်း (၂၀၀၅)
- သာမည(ပြုံးပြုံးရွှင်ရွှင်) ဘ/က ကျောင်း (၂၀၀၆)
- တောင်စွန်းရွာသာအေး ဘ/က ကျောင်း (၂၀၁၁)
- ကျွန်းကြီးကုန်း ဘ/က ကျောင်း (၂၀၁၂)
- ပဉ္စဂီရိသီလရှင် ဘ/က ကျောင်း (၂၀၁၄)
- ဇမ္ဗူမြိုင်သီလရှင် ဘ/က ကျောင်း (၂၀၁၇)
- သုခဝတီသီလရှင် ဘ/က ကျောင်း (၂၀၁၇)
- ပလူးလာဂုဏ်တာ ဘ/က ကျောင်း (၂၀၁၉)
- သောဘုံဘ/က ကျောင်း (၂၀၂၂)
အခြားလူမှုအကျိုးပြုလုပ်ငန်းများ
[ပြင်ဆင်ရန်]- တောင်ကလေး ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ် (PEDU) ၏ နာယကဆရာတော်
- ကြက်ခြေနီအသင်းခွဲ၏ နာယကဆရာတော်
- ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ နာယကဆရာတော်[၁]
- ကျောင်းသုံး အရှေ့ပိုးကရင်ဖတ်စာ (ဖလုံလိုက်ခေါင်းထိုက်) စာအုပ်များ ပြုစုခြင်း
ကျန်းမာရေးနှင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ
[ပြင်ဆင်ရန်]- ၂၀၀၆ - ရေကြီး၊ တောင်ပြိုဘေးသင့်ဒေသများကို ကူညီဆောင်ရွက်ခြင်း
- ၂၀၀၈ - နာဂစ်မုန်တိုင်းဒုက္ခသည်များကို ကူညီဆောင်ရွက်ခြင်း
- ၂၀၁၅ - ရေဘေးသင့်နေရာများကို ထောက်ပံ့ကူညီခြင်း
- ၂၀၁၆ - ဒုက္ခသည်ပြည်သူများကို စီမံကူညီဆောင်ရွက်ခြင်း[၂]
- ၂၀၂၀-၂၀၂၂ - COVID-19 တုံ့ပြန်ရေးလုပ်ငန်းများ[၃][၄]
- ၂၀၂၁-၂၀၂၄ - ကျန်းမာရေးပြုစုစောင့်ရှောက်မှုဆေးခန်း ဖွင့်လှစ်ခြင်း
- ၂၀၂၂-၂၀၂၄ - သွေးလှူဒါန်းရေးလုပ်ငန်းများ
ဘွဲ့တံဆိပ်တော်များ
[ပြင်ဆင်ရန်]- ၂၀၂၁ - မဟာသဒ္ဓမ္မဇောတိကဓဇ
- ၂၀၂၅ - အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ကိုးကား
[ပြင်ဆင်ရန်]- ↑ "တောင်ကလေးဖလုံပညာတိုးတက်ရေး ယူနစ်ကရင်ရိုးရာ ချည်ဖြူဖွဲမင်္ဂလာကျင်းပ"၊ မြန်မာသံတတော််ဆင့်date=။
- ↑ "PEDU Donates over 10 Million Kyats of Supplies to Karen IDPS"၊ Karen Information Center News၊ September 16, 2016။
- ↑ "ဆက်သွယ်မေးမြန်းခြင်း"၊ Karen Information Center News၊ April 29, 2020။
- ↑ "ကရင်ပြည်နယ် ၄ မြို့နယ်အတွင်း COVID-19 အသိပညာပေးများ PEDU လူငယ်လုပ်ဆောင်မည်"၊ Karen Information Center News၊ March 19, 2020။