တေဇောအပြည်ပြည်ဆိုင်ရာလေဆိပ်
| တေဇောတာခမောအပြည်ပြည်ဆိုင်ရာလေဆိပ် Techo International Airport | |||||||||||
|---|---|---|---|---|---|---|---|---|---|---|---|
| အချက်အလက်များ | |||||||||||
| အမျိုးအစား | အများပြည်သူပိုင် | ||||||||||
| ပိုင်ဆိုင်သူ | Cambodia Airport Investment Co., Ltd. | ||||||||||
| စီမံကွပ်ကဲသူ | Cambodia Airports (VINCI Airports ကုမ္ပဏီ၏ လုပ်ငန်းခွဲ) | ||||||||||
| ဝန်ဆောင်မှု ဧရိယာ | ဖနွမ်းပင်မြို့ | ||||||||||
| တည်နေရာ | တေခမောမြို့၊ ကန်ဒယ်ခရိုင်၊ ကမ္ဘောဒီးယားနိုင်ငံ | ||||||||||
| ဖွင့်လှစ် |
| ||||||||||
| ကိုဩဒိနိတ် | 11°21′46.5″N 104°54′59.8″E / 11.362917°N 104.916611°Eကိုဩဒိနိတ်: 11°21′46.5″N 104°54′59.8″E / 11.362917°N 104.916611°E | ||||||||||
| ဝက်ဘ်ဆိုဒ် | techoairport.com.kh | ||||||||||
| မြေပုံ | |||||||||||
| လေဆိပ်၏ တည်နေရာမြေပုံ | |||||||||||
| ပြေးလမ်း | |||||||||||
| |||||||||||
တေဇောအပြည်ပြည်ဆိုင်ရာလေဆိပ် (IATA: KTI, ICAO: VDTI) (အင်္ဂလိပ်: Techo International Airport) သည် ကမ္ဘောဒီးယားနိုင်ငံ၊ ကန်ဒယ်ခရိုင်တွင် တည်ရှိသော အပြည်ပြည်ဆိုင်ရာလေဆိပ် ဖြစ်သည်။
ဖနွမ်းပင်မြို့၏ တောင်ဘက် ၁၉ ကီလိုမီတာ (၁၂ မိုင်) အကွာတွင် တည်ရှိသော အဆိုပါလေဆိပ်၏ ပထမအဆင့်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် စတင်လည်ပတ်ခဲ့ပြီး၊[၁] ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ နေရာတွင် မြို့တော်၏ အဓိက လေကြောင်းဗဟိုချက်အဖြစ် အစားထိုးခဲ့သည်။
၎င်းသည် ကန္ဒာလ်ခရိုင် (Kandal Province) အတွင်း ဟက်တာ ၂,၆၀၀ (ဧက ၆,၄၀၀) ကျော် ကျယ်ဝန်းသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးလေဆိပ် ဖြစ်လာကာ "4F" အဆင့်ရှိ လေဆိပ်အမျိုးအစားအဖြစ် သတ်မှတ်ထားသည်။ [၂]တရားဝင် ဖွင့်လှစ်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) က တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ [၃]ဤလေဆိပ်သည် Air Cambodia၊ Cambodia Airways နှင့် Sky Angkor Airlines တို့၏ အဓိက အခြေစိုက်ဗဟိုချက်လေဆိပ် (Hub) အဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။
အခေါ်အဝေါ်
[ပြင်ဆင်ရန်]တေဇော (ခမာ: តេជោ ) ဟူသော အမည်သည် ကမ္ဘောဒီးယားဘုရင်များက ၎င်းတို့၏ တပ်မှူးများကို ချီးမြှင့်သော ဘွဲ့တော်တစ်ခုဖြစ်သည်။ တာခမော ဆိုသည်မှာ လေဆိပ်တည်ရှိရာ ခရိုင်မြို့ဖြစ်သော ကန်ဒယ်ခရိုင်ရှိ တာခမောမြို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ တေဇောသည် ပါဠိစကားလုံးမှာ ဆင်းလက်လာပြီး တန်ခိုး။ အာနုဘော် ဟု အဓိပ္ပါယ်ရသည်။
ထို့နောက် ဝန်ကြီးချုပ် ဟွန်ဆန်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် လေဆိပ်သစ်ကို စစ်ဆေးနေစဉ် အမည်သစ်ကို တရားဝင် ကြေညာခဲ့သည်။ ၎င်းက "တေဇော" ဟူသော စကားလုံးသည် ကန်ဒယ်နယ်မြေမှ တာဝန်ထမ်းဆောင်ခဲ့သော ခမာစစ်တပ်မှ တပ်မှူးဟောင်းများတို့ကို ဘုရင်မင်းမြတ်က ချီးမြှင့်ခဲ့သော ဘွဲ့အမည်များဖြစ်ကြောင်း ခမာရာဇဝင်ကို ကိုးကား၍ ရှင်းပြခဲ့သည်။ ထို့ပြင် "Techo" ဆိုသော အမည်သည် နိုင်ငံတော်၏ ဘုရင်စနစ်၏ ခိုင်မာသော အင်အားကိုလည်း ထင်ဟပ်စေသည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။[၄]
တည်နေရာနှင့်ချိတ်ဆက်မှုများ
[ပြင်ဆင်ရန်]မြို့တော် ဖနွမ်းပင်မြို့၏ တောင်ဘက် ကီလိုမီတာ ၃၀ မှ ၄၀ အကွာ၊ တာကီအို (Takeo) ခရိုင် နယ်စပ်အနီးတွင် တေဇောအပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကို တည်ဆောက်လျက်ရှိသည်။ လေဆိပ်တည်ဆောက်မည့် နေရာတစ်ခုလုံးသည် အနီးနားရှိ ဘိုင်ချောင်လုံ (Boeng Cheung Loung) ရေကန်၏ ရှေ့တွင်ရှိပြီး ပတ်လည်၌ စပါးခင်းများဖြင့် ဝန်းရံထားသည်။
လေဆိပ်ကို ဟွန်ဆန်လမ်း (Hun Sen Road) ၏ တောင်ဘက်ခြမ်းနှင့် ဆက်သွယ်ရန် အဝေးပြေးလမ်းမကြီးတစ်ခုကို ဖောက်လုပ်ခဲ့သည်။[၅] အဆိုပါ အမြန်လမ်းမကြီးသည် အမျိုးသား အဝေးပြေးလမ်းမကြီး (၂) နှင့် ပေါင်းဆုံသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ဆောက်လုပ်မှုမှာ လမ်းတစ်ဝက်နီးပါး ပြီးစီးနေပြီဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်တွင် ၅၀% ပြီးစီးသည်။[၅]
၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ပြည်သူ့ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဝန်ကြီး ဆွန် ချန်ထော် (Sun Chanthol) က လေဆိပ်အား ဖနွမ်းပင်မြို့ရှိ AEON ကုန်တိုက်အနီး မဲန်ချိုင်း (Mean Chey) ဒေသနှင့် ဆက်သွယ်ရာတွင် အစိုးရ၏ စိတ်ဝင်စားမှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ယင်းဆက်သွယ်မှုသည် မြေအောက်ရထားလမ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။[၆]
သမိုင်း
[ပြင်ဆင်ရန်]ဘဏ္ဍာငွေ မတည်ခြင်းနှင့် လုပ်ငန်းစတင်ခြင်း
[ပြင်ဆင်ရန်]စီမံကိန်း တစ်ခုလုံးအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံခန့် ရှိသည်ဟု ဆိုပါသည်။ ယင်းကုန်ကျစရိတ်၏ အများစုဖြစ်သော (ဒေါ်လာ ၁.၁ ဘီလီယံ) ကို တရုတ်ဖွံ့ဖြိုးရေးဘဏ် (China Development Bank) ထံမှ ရန်ပုံငွေ ရယူထားခြင်း ဖြစ်သည်ဟု ယူဆရပြီး၊ ယင်းသည် ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်အပေါ် အခြေခံပါသည်။
လေဆိပ်တည်ဆောက်ရေးအတွက် ရန်ပုံငွေ ရရှိရန်အလို့ငှာ Cambodia Airport Investment Co., Ltd (CAIC) က ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ငွေချေးစာချုပ်များ စတင်ထုတ်ပေးခဲ့သည်။ ထိုငွေချေးစာချုပ်များကို ပြည်တွင်း ကမ္ဘောဒီးယားကုမ္ပဏီများနှင့် ဘဏ်များက ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ယင်းမှတစ်ဆင့် CAIC သည် ဒေါ်လာ သန်း ၃၀၀ ကို စုဆောင်းရရှိခဲ့ပြီး၊ ယင်း ရင်းနှီးမြှုပ်နှံမှုကို Overseas Cambodian Investment Corporation (OCIC) က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ လေဆိပ် စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဖြစ်သော OCIC ကမူ ၎င်းတို့၏ ဒေါ်လာ သန်း ၅၀၀ ဘတ်ဂျက်သည် ကမ္ဘောဒီးယားမှ လုံးလုံးလျားလျား ရယူထားခြင်းဖြစ်ကြောင်း ပြောကြားသည်။
လေဆိပ်၏ ဒီဇိုင်းရေးဆွဲခြင်းကို ဗြိတိန်ကုမ္ပဏီ Foster & Partners က ဆောင်ရွက်နေပြီး၊ တရုတ်နှင့် ဥရောပ ကုမ္ပဏီများက တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြပါသည်။ China Construction Third Engineering Bureau Group Co., Ltd က လေဆိပ်အဆောက်အအုံကြီးများ (terminals) ကို တည်ဆောက်နေပြီး၊ China Metallurgical Corporation ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Shanghai Baoye Group က ပြေးလမ်းများ (runways)၊ တက္ကစီလမ်းများ (taxiways)၊ လေယာဉ်ရပ်နားရန်နေရာများ (aprons) နှင့် ဆက်စပ်ပစ္စည်းများကို တည်ဆောက်လျက်ရှိပါသည်။
ဆောက်လုပ်ရေး
[ပြင်ဆင်ရန်]လက်ရှိဖနွမ်းပင်လေဆိပ်အတွက် နောက်ထပ်တိုးချဲ့မှုအစီအစဉ်များ ပြီးစီးသွားပြီးနောက် ၂၀၁၆ ခုနှစ်တွင် ဖနွမ်းပင်အတွက် လေဆိပ်အသစ်တစ်လုံး တည်ဆောက်မည့်အကြောင်း ပထမဆုံး အရိပ်အမြွက် စတင်ခဲ့ပါသည်။ ထို့နောက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စီမံကိန်းကို တရားဝင် ကြေညာခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ပါသည်။ အဆိုပါ စီမံကိန်းကို Cambodia Airport Investment Co., Ltd (CAIC) က အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး၊ တည်ဆောက်ရေးလုပ်ငန်းများကို China Construction Third Engineering Bureau Group Co., Ltd မှ ဆောင်ရွက်နေပါသည်။ လေဆိပ်အား ကန်ဒဲလ်နှင့် တာကီအို ခရိုင်တို့ရှိ မြေဧက ၂၆၀၀ ပေါ်တွင် တည်ဆောက်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဝန်ကြီးချုပ် ဟွန်ဆန်က လေဆိပ်သစ်ကို စစ်ဆေးစဉ် လေဆိပ်အမည်ကို တရားဝင် ကြေညာခဲ့ပါသည်။ [၇]
၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပထမအဆင့် (Phase 1) သည် ၂၇% ပြီးစီးခဲ့ပြီး၊ မူလက ၂၀၂၃ ခုနှစ်တွင် ပြီးစီးရန် ခန့်မှန်းထားခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကန်ဒဲလ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး နူပင်းချန်ဒရာက သတင်းစာရှင်းလင်းပွဲ၌ လေဆိပ်သည် ထိုအချိန်တွင် ၄၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး၊ ဒေါ်လာ သန်း ၇၀၀ နီးပါး သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ [၈] ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်လေကြောင်းပို့ဆောင်ရေးရုံး (SSCA) က ပထမအဆင့် တည်ဆောက်မှုမှာ ထက်ဝက်ကျော် ပြီးစီးပြီဟု ကြေညာခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်တွင် SSCA မှ ပထမအဆင့်သည် ၅၅% ပြီးစီးပြီဟု ထပ်မံကြေညာခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် China Construction Unit III မှ ပထမအဆင့် ခရီးသည်တင်အဆောက်အအုံ ၄၇.၄%၊ ဓာတ်အားပေးစခန်း ၇၃.၇%၊ Shanghai Baoye (Cambodia) မှ ၅၂.၂% နှင့် Cana Sino Construction Corporation မှ လေကြောင်းထိန်းချုပ်မျှော်စင် ၉၀.၈% ပြီးစီးပြီဟု အသီးသီး သတင်းပို့ခဲ့ကြသည်။ [၉] ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးနှင့် လေကြောင်းပြောရေးဆိုခွင့်ရှိသူ စင် ချန်ဆာရီဝုထာက ၆၄ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဟု ကြေညာခဲ့သည်။[၁၀]
ပထမအဆင့်ကို ၂၀၂၄ ခုနှစ် အလယ်ပိုင်းတွင် အပြီးသတ်ရန် မျှော်မှန်းထားခဲ့သော်လည်း လေဆိပ်ဖွင့်လှစ်မည့်အချိန်ကိုမူ မူလက စီစဉ်ထားသည့်အချိန်မှ ၂၀၂၅ ခုနှစ်သို့ ရွှေ့ဆိုင်းထားပါသည်။ လေဆိပ်အား အဆင့် ၃ ဆင့်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး လက်ရှိတွင် ပထမအဆင့်နှင့် ဒုတိယအဆင့် နှစ်ခုစလုံးကို ဆက်လက်တည်ဆောက်နေဆဲ ဖြစ်သည်။ [၁၁]
ဒေသခံများနှင့် တင်းမာမှုများ
[ပြင်ဆင်ရန်]Kadal Stueng နှင့် Bati ခရိုင်ရှိ မိသားစု ၄၀၀ ကျော်သည် လေဆိပ်၏ ဖွံ့ဖြိုးတိုးတက်မှုကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ [၁၂]
ဒီဇိုင်း
[ပြင်ဆင်ရန်]လေဆိပ်၏ဒီဇိုင်းသည် ကမ္ဘာ့အစိမ်းဆုံးလေဆိပ်များထဲမှ တစ်ခုဖြစ်လာရန် ရည်ရွယ်ထားကြောင်း Foster နှင့် Partners မှ ပြောကြားခဲ့ပါသည်။ [၁၃] လေဆိပ်အဆောက်အဦများသည် သဘာဝအလင်းရောင်ကို အသုံးပြုရန် ဒီဇိုင်းထုတ်ထားပြီး စိမ်းလန်းစိုပြေသော သစ်ပင်များရှိသည်။ တာမင်နယ်များကို စက်ရုံတွင်းရှိ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံမှ လုံးလုံးနီးပါး အသုံးပြုနိုင်မည်ဖြစ်သည်။
လုပ်ငန်းလည်ပတ်ခြင်း
[ပြင်ဆင်ရန်]တေဇောလေဆိပ်သည် ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ စီးပွားရေးလည်ပတ်မှုနှင့် နိုင်ငံတကာလေကြောင်းများအားလုံးကို အစားထိုးရန် စီစဉ်ထားပြီး လေဆိပ်ဟောင်းကို တပ်မတော်လေတပ်စခန်း အဖြစ်၊ ပြည်တွင်းလေကြောင်းခရီးစဉ်များနှင့် ပုဂ္ဂလိကဂျက်လေယာဉ်များအတွက် အသုံးပြုမည်ဖြစ်သည်။ [၁၄] ပထမအဆင့်သည် တစ်နှစ်လျှင် ခရီးသည် ၁၃ သန်းခန့် စီးနင်းနိုင်မည်ဖြစ်ပြီး ဒုတိယအဆင့်တွင် သန်း ၃၀ အထိ တိုးမြှင့်ရန် စီစဉ်ထားသည်။ အဆင့်သုံးဆင့်စလုံးသည် တစ်နှစ်လျှင် ခရီးသည် သန်း ၅၀ ကို ကိုင်တွယ်နိုင်မည်ဖြစ်သည်။ [၁၅] လေဆိပ်သည် A330 နှင့် A350s ကဲ့သို့သော အဲယားဘတ်စ် တာဝေးလေယာဉ်များကို ကိုင်တွယ်နိုင်မည်ဖြစ်သည်။ တေဇောလေဆိပ်သည် ကုန်စည်တန်ချိန် ၁၇၅,၀၀၀ တင်ဆောင်နိုင်မည်ဟု ခန့်မှန်းထားသည်။
ပထမအဆင့်တွင် လေဆိပ်၌ လေယာဉ်နှင့် အဆောက်အအုံကြား လူကူးတံတား အစင်း ၂၀ ရှိသည်။
ပြေးလမ်းများ
[ပြင်ဆင်ရန်]တည်ဆောက်မှု အဆင့်သုံးဆင့်အနက် တစ်ခုစီတွင် တာဝေးလေယာဉ်ကြီးများ သယ်ဆောင်နိုင်သော ပြေးလမ်း ၄ ကီလိုမီတာ ပါဝင်သည်။
လေကြောင်းလိုင်းနှင့် ခရီးစဉ်မြို့များ
[ပြင်ဆင်ရန်]Cargo
[ပြင်ဆင်ရန်]တမ်းပလိတ်:More citations needed section
| လေကြောင်းလိုင်းများ | ပျံသန်းရာနေရာ |
|---|---|
| Cathay Cargo | Hong Kong, Penang, Singapore[၈၂] |
| K-Mile Air | Bangkok–Suvarnabhumi |
| Pattaya Airways | Bangkok–Suvarnabhumi |
| Qatar Airways Cargo | Bangkok–Suvarnabhumi, Doha, Hyderabad, Yangon |

ဖြစ်ရပ်များ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှစတင်၍ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၏ ဖနွမ်းပင်မြို့သို့ ဆိုက်ရောက်မည့်ခရီးစဉ်များနှင့် ဖနွမ်းပင်မြို့မှထွက်ခွါမည့်ခရီးစဥ်များအားလုံးကို Phnom Penh International Airport (PNH) အစား အသစ်လေဆိပ်ဖြစ်တဲ့ Techco International Airport (KTI) တွင် ပြောင်းလဲဆင်းသက်/ထွက်ခွါပျံသန်းသွားမည်ဟု ကြေညာခဲ့သည်။
ဖတ်ရှုရန်
[ပြင်ဆင်ရန်]မှတ်စုများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Lhoyd (2025-08-09)။ Techo International Airport will test fly A320 widebody aircraft on August 15 and two other widebody aircraft early next month။ Khmer Times။ 2025-10-09 တွင် ပြန်စစ်ပြီး။
- ↑ "Cambodia's largest airport begins operations"၊ VnExpress၊ 9 September 2025။
- ↑ Pisei၊ Hin။ "September date confirmed for Techo International Airport"။
- ↑ New Phnom Penh Airport Dubbed Techo International Airport။ Ministry of Information။ 16 May 2025 တွင် ပြန်စစ်ပြီး။
- 1 2 Socheata၊ Van။ Techo airport Phase I passes halfway mark။ 12 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 May 2025 တွင် ပြန်စစ်ပြီး။
- ↑ Rail links from capital to new airport, AEON 3 mulled (in en)။ 2024-01-09 တွင် ပြန်စစ်ပြီး။
- ↑ Phnom Penh’s new Techo International Airport more than 44% complete - Khmer Times (in en-US) (2023-03-31)။ 2023-05-23 တွင် ပြန်စစ်ပြီး။
- ↑ Spending on capital’s new airport nears $700M (in en)။ 2024-01-09 တွင် ပြန်စစ်ပြီး။
- ↑ TIA to become ‘inter-regional transport hub’ (in en)။ 16 May 2025 တွင် ပြန်စစ်ပြီး။
- ↑ New Phnom Penh International Airport over 64% work completed - Khmer Times (in en-US) (2024-02-15)။ 2025-5-16 တွင် ပြန်စစ်ပြီး။
- ↑ Kunmakara၊ May။ New int’l airport nearly half complete as travel industry returns to life (in en)။ 24 March 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-05-23 တွင် ပြန်စစ်ပြီး။
- ↑ Kandal Families Slated for Eviction from Airport Site Renew Requests for Land Titles | CamboJA News (in en-GB) (2023-02-08)။ 2024-01-09 တွင် ပြန်စစ်ပြီး။
- ↑ Techo Airport in Cambodia Will Be a Plant Haven (in en)။ 2024-03-24 တွင် ပြန်စစ်ပြီး။
- ↑ Techo International Airport – The New Phnom Penh Airport (in en-US) (2020-06-16)။ 2023-05-23 တွင် ပြန်စစ်ပြီး။
- ↑ Phnom Penh New Airport Terminal 40 Percent Complete (in en)။ 16 May 2025 တွင် ပြန်စစ်ပြီး။
- ↑ Cambodia Angkor Air Plans Phnom Penh – Bangkok Dec 2024 Launch။ 26 August 2024 တွင် ပြန်စစ်ပြီး။
- ↑ Fly Direct From Phnom Penh to Da Nang (9 Dec 2025)။ 9 December 2025 တွင် ပြန်စစ်ပြီး။
- ↑ Cambodia Angkor Air Moves India Launch to June 2024။ 1 March 2024 တွင် ပြန်စစ်ပြီး။
- ↑ Air Cambodia Schedules Tokyo late-Oct 2025 Launch။ 9 September 2025 တွင် ပြန်စစ်ပြီး။
- ↑ Cambodia Angkor Air Feb/Mar 2020 China inventory changes as of 30JAN20။ 4 February 2020 တွင် ပြန်စစ်ပြီး။
- ↑ Cambodia Angkor Air Adds Phnom Penh – Guangzhou Service from July 2014။ 18 June 2014 တွင် ပြန်စစ်ပြီး။
- ↑ Cambodia Angkor Air 1Q24 Planned Network Addition Changes – 12DEC23။ 13 December 2023 တွင် ပြန်စစ်ပြီး။
- ↑ Welcome the New Domestic Route to the Southwest of Cambodia ! (Dec 2025)။ 8 December 2025 တွင် ပြန်စစ်ပြီး။
- ↑ エア・カンボジア、国土交通省が乗り入れ許可 (21 April 2025)။ 23 April 2025 တွင် ပြန်စစ်ပြီး။
- ↑ Hello Nha Trang! New Direct Flights Are Here (9 Dec 2025)။ 9 December 2025 တွင် ပြန်စစ်ပြီး။
- ↑ Phnom Penh Tophu Quoc is Launching။ Air Cambodia official website။ 8 December 2025 တွင် ပြန်စစ်ပြီး။
- ↑ Air Cambodia Adds Shenzhen Service in NS25။ Aeroroutes (27 February 2025)။ 27 February 2025 တွင် ပြန်စစ်ပြီး။
- ↑ Cambodia Angkor Air Files Siem Reap-Angkor International Schedule in NS24။ Aeroroutes။ 14 August 2023 တွင် ပြန်စစ်ပြီး။
- ↑ Cambodia Angkor Air adds Zhengzhou service in Oct 2020။ 22 September 2020 တွင် ပြန်စစ်ပြီး။
- ↑ Air China starts Phnom Penh flights from January။ KhmerTimes (5 December 2018)။ 6 December 2018 တွင် ပြန်စစ်ပြီး။
- ↑ AirAsia Cambodia will further expand its route network by launching a new service between Phnom Penh and Hanoi (17 November 2024)။ 18 November 2024 တွင် ပြန်စစ်ပြီး။
- ↑ AirAsia Cambodia 4Q24 International Service Expansion။ 5 November 2024 တွင် ပြန်စစ်ပြီး။
- ↑ AirAsia Cambodia Plans Kuala Lumpur Launch in August 2024။ 22 July 2024 တွင် ပြန်စစ်ပြီး။
- ↑ Liu၊ Jim။ AirAsia Cambodia Outlines Initial Operations From May 2024။ 19 March 2024 တွင် ပြန်စစ်ပြီး။
- 1 2 တမ်းပလိတ်:OAGWorldAug2025Ref
- 1 2 3 4 တမ်းပလိတ်:OAGWorldAug2025Ref
- 1 2 3 4 Phnom Penh Krong Ta Khmau Enters Operation in early-Sep 2025။ 22 July 2025 တွင် ပြန်စစ်ပြီး။
- ↑ Cambodia Airways adds Bangkok service from April 2019။ 26 March 2019 တွင် ပြန်စစ်ပြီး။
- 1 2 Cambodia Airways 4Q24 China Network Additions။ 2 September 2024 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ Chengdu Tianfu NS23 International Network – 21Mar23။ 21 March 2023 တွင် ပြန်စစ်ပြီး။
- ↑ Cambodia Airways Adds Phnom Penh – Hong Kong in NS25။ 17 February 2025 တွင် ပြန်စစ်ပြီး။
- ↑ Cambodia Airways Begins Phnom Penh – Dara Sakor Route in 2Q25 (Apr 2025)။ 14 April 2025 တွင် ပြန်စစ်ပြီး။
- ↑ Cambodia Airways Plans Kuala Lumpur mid-April 2024 Launch။
- ↑ Cambodia Airways Adds Penang Service in late-2Q25။ 15 May 2025 တွင် ပြန်စစ်ပြီး။
- ↑ Cambodia Airways to commence Phnom Penh-Sanya-Singapore service in Dec-2023။ Informa Markets (30 November 2023)။
- ↑ Cambodia Airways adds Chengdu / Shenzhen service in W19။
- ↑ Cambodia Airways Moves Singapore Service Addition to Dec 2022 (11 October 2022)။
- ↑ New flight connects Cambodia and Laos။ January 30, 2026 တွင် ပြန်စစ်ပြီး။
- ↑ Cambodia Airways to fly Phnom Penh-Yangon route။
- ↑ တမ်းပလိတ်:OAGWorldAug2025Ref
- ↑ Relocation Phnom Penh International Airport (PNH) to Techo International Airport (KTI) (15 July 2025)။ 20 July 2025 တွင် ပြန်စစ်ပြီး။
- 1 2 တမ်းပလိတ်:OAGWorldAug2025Ref
- ↑ Travel Advisory။ 8 September 2025 တွင် ပြန်စစ်ပြီး။
- ↑ Notice on Regarding the Relocation of China Southern Airlines' Flights To and From Phnom Penh International Airport (PNH) to Techo International Airport (KTl) (25 August 2025)။ 8 September 2025 တွင် ပြန်စစ်ပြီး။
- ↑ တမ်းပလိတ်:OAGWorldMay2025Ref
- 1 2 Emirates Resumes Phnom Penh Service in 2Q24။ 29 February 2024 တွင် ပြန်စစ်ပြီး။
- ↑ "Etihad 2025 Network Expansion"၊ Aeroroutes။
- ↑ Starting from September 9, 2025, all our flights departing from or arriving in Phnom Penh will be operated at Techo International Airport (KTI) (8 August 2025)။ 8 September 2025 တွင် ပြန်စစ်ပြီး။
- ↑ "Indonesia AirAsia Expands Jakarta Network From April 2023"၊ 28 March 2023။
- ↑ Notice of Airport Code Change (PNH to KTI, Effective 9 September 2025) (12 August 2025)။ 8 September 2025 တွင် ပြန်စစ်ပြီး။
- ↑ Malaysia Airlines set to resume direct flights to Cambodia from November 19 – Khmer Times (November 2021)။
- ↑ Transition of Flight Operations in Phnom Penh International Airport (PNH) to Techo International Airport (KTI) Effective 9 September 2025 (16 July 2025)။ 21 August 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 July 2025 တွင် ပြန်စစ်ပြီး။
- ↑ MAI moves Phnom Penh flights to Techo Airport from 9 Sept။
- ↑ PAL Advisory: Transfer of PAL Phnom Penh flights to Krong Ta Khmau Techo International Airport (31 July 2025)။ 8 September 2025 တွင် ပြန်စစ်ပြီး။
- ↑ Announcing an airport change at Phnom Penh Airport။ 8 September 2025 တွင် ပြန်စစ်ပြီး။
- ↑ Shenzhen Airlines to relocate operations to Techo Takhmao International Airport (2 September 2025)။ 8 September 2025 တွင် ပြန်စစ်ပြီး။
- ↑ တမ်းပလိတ်:OAGWorldAug2025Ref
- ↑ Relocation of Phnom Penh airport operations။ 16 September 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 March 2026 တွင် ပြန်စစ်ပြီး။
- ↑ Sky Angkor Airlines to launch Phnom Penh-Bangkok service from Feb-2026။ January 30, 2026 တွင် ပြန်စစ်ပြီး။
- ↑ Fly with Sky Angkor Airlines this February 2026! 💙✈️။ February 4, 2026 တွင် ပြန်စစ်ပြီး။
- ↑ 开航|9月19日起,天空吴哥航空开通金边=泉州航线,每周2班။ 26 September 2025 တွင် ပြန်စစ်ပြီး။
- ↑ Sky Angkor Schedules Gaya Service in NW25 (29 September 2025)။ 30 September 2025 တွင် ပြန်စစ်ပြီး။
- ↑ Spring Airlines NW24 Xi'An International Service Expansion။ 30 October 2024 တွင် ပြန်စစ်ပြီး။
- ↑ Thai Airways International Resumes Mainline Phnom Penh Service From mid-Aug 2023။ 7 August 2023 တွင် ပြန်စစ်ပြီး။
- ↑ Thai Vietjet resumes Phnom Penh flights (February 2022)။ 5 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 July 2025 တွင် ပြန်စစ်ပြီး။
- ↑ Turkish Airlines Adds Phnom Penh Service in Dec 2025။
- ↑ တမ်းပလိတ်:OAGWorldAug2025Ref
- ↑ တမ်းပလိတ်:OAGWorldAug2025Ref
- ↑ Vietnam Airlines moves operations to the new airport in Phnom Penh။
- ↑ Xiamen Airlines Adds Chongqing – Phnom Penh From late-June 2024။ 11 June 2024 တွင် ပြန်စစ်ပြီး။
- ↑ Xiamen Airlines plans Phnom Penh flights in W17။ 18 October 2017 တွင် ပြန်စစ်ပြီး။
- ↑ Cathay to open air freight Cambodia။ Phnom Penh Post (5 November 2014)။ 5 November 2014 တွင် ပြန်စစ်ပြီး။