တီရန်နိုဆောရတ်

ဝီကီပီးဒီးယား မှ
တီရန်နိုဆောရာ့စ်
( အင်္ဂလိပ်: Tyrannosaurus )
Temporal range: Late Cretaceous (Maastrichtian), 68–66 Ma
ကာနက်ဂီ သဘာဝသမိုင်းပြတိုက်တွင် ပြန်လည်ဖွဲ့စည်း၍ ပုံဖော်ပြသထားသည့် T. rex မျိုးစိတ်နမူနာ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
Clade: Dinosauria
မျိုးစဉ်: Saurischia
မျိုးစဉ်သေး: Theropoda
မျိုးရင်း: Tyrannosauridae
မျိုးရင်းသေး: Tyrannosaurinae
မျိုးစု: Tyrannosaurus
Osborn, 1905
အမျိုးအစား မျိုးစိတ်
Tyrannosaurus rex
Osborn, 1905
အခြား မျိုးစိတ်များ

See text

Synonyms

တီရန်နိုဆောရတ် (အင်္ဂလိပ်: Tyrannosaurus, /tɪˌrænəˈsɔːrəs, t-/) (ရှေးဟောင်းဂရိ: τύραννος, 'ရက်စက်ကြမ်းတမ်းစွာ အုပ်စိုးမင်းမူသူ'၊ σαῦρος, 'ဖွတ်'[၁]) သည် ကြီးမားသော သီယိုပေါ့ဒ် ဒိုင်နိုဆော မျိုးစိတ် တစ်မျိုးဖြစ်သည်။ တီရန်နိုဆောရတ် မျိုးစု၏ ‘ရက်စ်’ (လက်တင်: Rex, lit.'ဘုရင်'[၂]) မျိုးစိတ်သည် သီယိုပေါ့ဒ်‌ မျိုးရိုးအုပ်စုကို အကောင်းဆုံး ကိုယ်စားပြုဖော်ပြနိုင်သော မျိုးစိတ်တစ်ခုဖြစ်သည်။ တီရန်နိုဆောရာ့စ် များသည် ယနေ့ခေတ် မြောက်အမေရိက အနောက်ဘက်ရှိ လူရာမီဒီအာ ဟုခေါ်သော ကျွန်းတိုက်ကြီးတွင် နေထိုင်ခဲ့ကြသည်။ တီရန်နိုဆောရတ် သည် အခြားသော တီရန်နိုဆောရစ် (Tyrannosaurid) များထက် ပို၍ကျယ်ပြန့်စွာ နေထိုင်ကျက်စားခဲ့ကြသည်။ ကျောက်ဖြစ်ရုပ်ကြွင်းများမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၆၆ - ၆၈ သန်း သက်တမ်းရှိသည့် အထက် ခရီတေးရှတ်ယုဂ်ကာလ၏ Maastrichtian ခေတ်မှ ကျောက်ပုံစံအမျိုးမျိုးတွင် စတင်တွေ့ရှိခဲ့ရသည်။[၃] ၎င်းသည် နောက်ဆုံးသိထားသော တိုင်ရန်နိုဆောရတ် မျိုးစုဝင် ဖြစ်ပြီး လွန်ခဲ့သော နှစ်သန်းက Cretaceous-Paleogene မျိုးသုဉ်းမှုဖြစ်စဉ် မတိုင်မီ နောက်ဆုံးရှင်သန်တည်ရှိခဲ့သည့် ငှက်မဟုတ်သော ဒိုင်နိုဆော မျိုးနွယ်များထဲမှ ဖြစ်သည်။

တီရန်နိုဆောရတ် ရက်စ် သည် အခြားသော တီရန်နိုဆောရစ်များကဲ့သို့ပင် ရှည်လျားလေးလံသော အမြီးဖြင့် ဟန်ချက်ညီသည့် ကြီးမားသော ဦးခေါင်းခွံ ပါရှိသည့် ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်သွားလာနိုင်သော အသားစားသတ္တဝါဖြစ်သည်။ ၎င်း၏ကြီးမားပြီး အားကောင်းသည့် နောက်ခြေလက်အင်္ဂါများနှင့် နှိုင်းယှဉ်ပါက တီရန်နိုဆောရတ် ၏ ရှေ့ပိုင်းသည် ၎င်းတို့၏အရွယ်အစားအတွက် တိုတောင်းသော်လည်း ပုံမှန်မဟုတ်သော စွမ်းအားရှိသည့် ကုတ်ခြစ်နိုင်သော လက်သည်းပါသည့် လက်နှစ်ချောင်းရှိသည်။ အပြည့်စုံဆုံး မျိုးစိတ်နမူနာ၏ အတိုင်းအတာမှာ ၁၂.၃–၁၂.၄ မီတာ (၄၀.၄–၄၀.၇ ပေ) အထိရှိလေသည်။ အရှည်၊ T. rex သည် အရှည် ၁၂.၄ မီတာ (၄၀.၇ ပေ) ကျော်အထိ ကြီးထွားနိုင်သည်။ တင်ပါးသည် ၃.၆၆–၃.၉၆ မီတာ (၁၂–၁၃ ပေ) အရွယ်ရှိ၍ မျက်မှောက်ခေတ် ပညာရှင်အများစု၏ ခန့်မှန်းချက်များအရ ၈.၄ မက်ထရစ်တန် (၉.၃ short ton) မှ ၁၄ မက်ထရစ်တန် (၁၅.၄ short ton) ထိ အလေးချိန်ရှိသည်။ အခြားသော သယ်ရိုပေါ့ဒ်များသည် တီရန်နိုဆောရတ် ရက်စ် နှင့် အရွယ်အစားတူ (သို့) ပို၍ပင် ကြီးမားကြသော်လည်း၊ ၎င်းသည် လူသိများသည့် အကြီးဆုံးသော ကုန်းနေသားရဲတိရစ္ဆာန်ဖြစ်နေဆဲဖြစ်ပြီး ကုန်းနေတိရစ္ဆာန်များအားလုံးတွင် ကိုက်အား အသုံးချနိုင်စွမ်း အပြင်းဆုံးရှိသည်ဟု ခန့်မှန်းရသည်။ ၎င်း၏ပတ်ဝန်းကျင်တွင် အကြီးဆုံးအသားစားသတ္တဝါဖြစ်သည့် တီရန်နိုဆောရတ် ရက်စ် သည် ထိပ်တန်းသားရဲတိရစ္ဆာန်များဖြစ်ကြပြီး၊ ဟာရိုဆောများ၊ ceratopsians နှင့် ankylosaurs ကဲ့သို့သော အရွယ်မရောက်သေးသော အကြေးခွံပါ သတ္တဝါများမှာ ၎င်းတို့၏ အစာ သားကောင်များ ဖြစ်နိုင်သည်။ ပညာရှင်အချို့က ဒိုင်နိုဆောသည် အဓိကအားဖြင့် ပံ့သကူသားစားဖြစ်ကြောင်း အကြံပြုထားသည်။ တိုင်ရန်နိုဆောရတ် သည် ထိပ်တန်းသားရဲတိရစ္ဆာန် သို့မဟုတ် ပံ့သကူသားစား တိရစ္ဆာန် ဖြစ်ခြင်း/ မဖြစ်ခြင်း ဟူသော မေးခွန်းသည် နိခါတကဗေဒပညာရပ်တွင် ကာလအကြာရှည်ဆုံး ဖြစ်ပွားခဲ့သည့် ငြင်းခုံမှုများထဲမှ တစ်ခုဖြစ်သည်။ ယနေ့ခေတ် သတ္တဗေဒပညာရှင်အများစုက တိုင်ရန်နိုဆောရတ် သည် နိုးကြားဖြတ်လတ်မှုရှိသည့် ထိပ်တန်း သားရဲတိရစ္ဆာန်အဖြစ်ရော၊ ပံ့သကူသားစား တိရစ္ဆာန်အဖြစ်ပါ လက်ခံထားကြသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Harper, Douglas။ TyrannosaurusOnline Etymology Dictionary
  2. Dingus၊ L.; Norell၊ M. (May 3, 2010)။ ဘာနမ် ဘရောင်း: Tyrannosaurus rex ကို ရှာဖွေတွေ့ရှိခဲ့သူ။ ကယ်လီဖိုးနီးယားတက္ကသိုလ် ပုံနှိပ်တိုက်။ pp. 90, 124။ ISBN 978-0-520-94552-4
  3. Larson၊ N. L. (2008)။ "Tyrannosaurus rex အရိုးစုများ၏ နှစ်ပေါင်းတစ်ရာ"။ in Larson၊ P.; Carpenter၊ K. (eds.)။ Tyrannosaurus rex, ရက်စက်ကြမ်းတမ်းသော သားရဲဦးသျှောင်။ ဘလွန်မင်တန်မြို့၊ အင်ဒီးယားနားပြည်နယ်: အင်ဒီးယားနားတက္ကသိုလ် ပုံနှိပ်တိုက်။ pp. 1–55။ ISBN 978-0-253-35087-9
  4. "ရပ်တန့်ချိန်တန်ပြီဖြစ်သော T. rex ၏ ပံသကူသားစားမှု "အငြင်းအခုံ""အမျိုးသားပထဝီဝင်ရေးရာ မဂ္ဂဇင်း။ July 16, 2013။ July 12, 2018 တွင် မူရင်း အား မော်ကွန်းတင်ပြီး။