မာတိကာသို့ ခုန်သွားရန်

တိုးယကန်

ဝီကီပီးဒီးယား မှ
တိုးယကန်
洞爺湖
Lake Tōya (September 2013)
Lake Tōya (September 2013)
တိုးယကန်洞爺湖 သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
တိုးယကန်洞爺湖
တိုးယကန်
洞爺湖
တည်နေရာIburi Subprefecture, Hokkaidō
ကိုဩဒိနိတ်42°34′44″N 140°51′16″E / 42.57889°N 140.85444°E / 42.57889; 140.85444ကိုဩဒိနိတ်: 42°34′44″N 140°51′16″E / 42.57889°N 140.85444°E / 42.57889; 140.85444
အမျိုးအစားoligotrophic crater lake
ပင်မ ရေဝင်စီးကြောင်းŌ River (大川 Ō-gawa?), Sōbetsu River (ソウベツ 川 Sōbetsu-gawa?)
ပင်မ ရေထွက်စီးကြောင်းSōbetsu River (壮瞥川 Sōbetsu-gawa?)
ရေဝေကြောရှိရာ နိုင်ငံများJapan
အကျယ်ဆုံး အလျား၁၀ km (၆.၂ mi)
အကျယ်ဆုံး အနံ km (၅.၆ mi)
မျက်နှာပြင် ဧရိယာ၇၀.၇ km2 (၂၇.၃ sq mi)
ပျမ်းမျှအနက်၁၁၇.၀ m (၃၈၃.၉ ft)
အနက်ဆုံး အနက်အရှိုင်း၁၈၀ m (၅၉၀ ft) []
ရေထုထည်၈.၁၉ km3 (၁.၉၆ cu mi)
ကမ်းခြေအလျား၄၆ km (၂၉ mi)[]
ပင်လယ်ရေ မျက်နှာပြင်အမြင့်၈၄ m (၂၇၆ ft)
ရေခဲမှုnever
ကျွန်းများCollectively known as Naka-jima: Ō-shima, Benten-jima, Kannon-jima, Manjū-jima
အနီးရှိမြို့များSōbetsu, Hokkaidō, Tōyako, Hokkaidō
ရည်ညွှန်းကိုးကား[][]
ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။

တိုးယကန် (洞爺湖, Tōya-ko) သည် ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးကျွန်း၊ အဘုတဒေသရှိ "ရှိခိုဆွတ် - တိုးယအမျိုးသားဥယျာဉ်" အတွင်းပါဝင်သည့် ကန်တစ်ခုဖြစ်သည်။ ကန်သည် အဝိုင်းပုံသဏ္ဌာန်ရှိသည်။ အရှေ့မှ အနောက်သို့ အချင်း ၁၀ ကီလိုမီတာ၊ တောင်မှ မြောက်ဘက်သို့ ၉ ကီလိုမီတာ ရှိသည်။ တိုးယခိုမြို့ ၏ ဧရိယာတော်တော်များများတွင် ဤကန်ပါဝင်နေသည်။ ဆိုးဘဲဆွတ်မြို့သည် ကန်၏ အရှေ့ဘက်ခြမ်းတွင် ရှိသည်။

တိုးယကန်သည် ဂျပန်နိုင်ငံ၏ မြောက်ဘက်ဆုံးတွင်ရှိသည့် ရေမခဲသည့်ကန် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ဖောက်ထွင်းမြင်နိုင်မှု ဒုတိယအမြင့်ဆုံးကန်လည်း ဖြစ်သည်။ ကန်၏ အလယ်တွင် "နခဂျိမကျွန်း" ရှိပြီး တိုးယရေကန်သစ်တောပြတိုက်ရှိသည်။

Tōya Caldera
တိုးယကန်၊ တိုးယမြို့နှင့် အုဆုရေကန်

အအိနုဘာသာစကားဖြင့် ဤကန်ကို "ခိမုအွန်းတို" (キムウン (kim'un) ဟု ခေါ်ကြသည်။ ト (တို) ဆိုသည်မှာ ကန်၏ အဓိပ္ပါယ်ရှိသည်။ မဲဂျိခေတ်ကာလတွင် ဂျပပန်လူမျိုးစူးစမ်းရှာဖွေသူများက ကန်၏ အမည်ကို "တိုးယ" ဟု အမည်ပေးခဲ့ကြသည်။ "ယ" ya သည်လည်း အအိနုဘာသာစကားဖြစ်ပြီး "ကန်ပတ်လည်ရှိကုန်းမြေ" ဟုအဓိပ္ပါယ်ရသည်။

၂၀၀၈ ခုနှစ် G8 ထိပ်သီးအစည်းအဝေးကို တိုးယကန်ရှိ The Windsor Hotel Toya Resort & Spa တွင် ကျင်းပခဲ့သည်။

ပတ်ဝန်းကျင်

[ပြင်ဆင်ရန်]

ကန်၏ ပတ်ဝန်းကျင်သည် တောင်ထိပ်များစွာရှိနေသည်။ ထို့အတွက်ကြောင့်လည်း တောင်တက်လည်းများစွာရှိသည်။ တောင်ပေါ်ရှိ ရေပူစမ်းနေရာများမှ တိုယခိုမြို့နှင့်အတူ ကန်ကို အထက်စီးမှ ကြည့်ရှုနိုင်ကြသည်။ ကန်၏ အနီးအနားတွင် လက်နှင့် ခြေဆေးရာနေရာများစွာရှိသည်။ ထို့အပြင် ရေပူစမ်းများအနီး၌ အလိုအလျောက်ရောင်းစက်များဖြင့် နွေဦးရာသီတွင် ရရှိသည့်ရေကို ရောင်းချပြီး အိမ်သို့ပြန်သယ်သွားလေ့ရှိကြသည်။[]

ရုပ်ပုံများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Geographical Survey Institute map 25000:1 洞爺
  2. 1 2 Bisignani၊ J.D. (December 1993)။ Taran March (ed.)။ Japan Handbook (Second ed.)။ Chico, California: Moon Publications, Inc.။ p. 781ISBN 0-918373-70-0
  3. Lake Toya - Hokkaido Travel Guide | Planetyze (in en)။ 2018-01-29 တွင် ပြန်စစ်ပြီး။