တိုယမခရိုင်
| တိုယမခရိုင် 富山県 | |||
|---|---|---|---|
| Prefecture | |||
| Japanese စာသားဖြင့် ဖော်ပြခြင်း | |||
| • Japanese | 富山県 | ||
| • Rōmaji | Toyama-ken | ||
Tateyama Mountain Range and Toyama Bay Winter mirage in Toyama Bay and Tateyama Mountain Range | |||
| |||
| အထိမ်းအမှတ်သီချင်း: Toyama kenmin no uta | |||
| ကိုဩဒိနိတ်: 36°43′N 137°9′E / 36.717°N 137.150°Eကိုဩဒိနိတ်: 36°43′N 137°9′E / 36.717°N 137.150°E | |||
| Country | Japan | ||
| Region | Chūbu (Hokuriku) | ||
| Island | Honshu | ||
| Capital | Toyama | ||
| Subdivisions | Districts: 2, Municipalities: 15 | ||
| အစိုးရ | |||
| • Governor | Hachiro Nitta | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၄၂၄၇.၆၁ စတုရန်းကီလိုမီတာ (၁၆၄၀.၀၁ စတုရန်းမိုင်) | ||
| ဧရိယာအဆင့် | 33rd | ||
| လူဦးရေ (June 1, 2019) | |||
| • စုစုပေါင်း | ၁၀၄၄၅၈၈ | ||
| • အဆင့် | 37th | ||
| • သိပ်သည်းမှု | ၂၅၀/km၂ (၆၄၀/sq mi) | ||
| GDP[၁] | |||
| • Total | JP¥ 4,927 billion US$ 36.4 billion (2022) | ||
| ISO 3166 ကုဒ် | JP-16 | ||
| ဝဘ်ဆိုက် | pref.toyama.jp | ||

တိုယမခရိုင် (富山県, တိုယမခန်း[၂]) သည် ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်း၊ ချူးဘုဒေသရှိ ခရိုင်ဖြစ်သည်။[၃] တိုယမခရိုင်တွင် လူဦးရေ ၉၉၃,၈၄၈ဦး (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့) နေထိုင်ကြသည်။ ဧရိယာ ၄,၂၄၇.၆၁ စတုရန်းကီလိုမီတာ (၁,၆၄၀.၀၁ စတုရန်းမိုင်) ကျယ်ဝန်းသည်။ တိုယမခရိုင်သည် အနောက်ဘက်တွင် အိရှိခဝခရိုင်၊ တောင်ဘက်တွင် ဂိဖုခရိုင်၊ အရှေ့ဘက်တွင် နဂနိုခရိုင်၊ အရှေ့မြောက်ဘက်တွင် နီးဂတခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
တိုယမမြို့သည် ခရိုင်မြို့တော်ဖြစ်ကာ အကြီးဆုံးမြို့ ဖြစ်သည်။ အခြားအဓိကမြို့များမှာ တခအိုခမြို့၊ အိမိဇုမြို့နှင့် နန်းတိုမြို့တို့ ဖြစ်သည်။[၄] တိုယမခရိုင်သည် ရှေးခေတ် ဟိုခုရိခုဒေသ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ခရိုင်၏ အဓိကပင်မလူဦးရေသည် တိုယမပင်လယ်အော်တွင် နေထိုင်ကြသည်။ တိုယမပင်လယ်အော်သည် ဂျပန်နိုင်ငံ၏ အကြီးဆုံးပင်လယ်အော်များထဲမှ တစ်ခု ဖြစ်သည်။ တိုယမခရိုင်သည် ဂျပန်ပင်လယ်ကမ်းရိုးတန်းရှိ ဒေသများထဲတွင် စက်မှုလုပ်ငန်းဦးဆောင်ခရိုင်တစ်ခု ဖြစ်သည်။ ပေါကြွယ်ဝသည့် ရေအားလျှပ်စစ်ရင်းမြစ်များကြောင့် ခရိုင်သည် လျှပ်စစ်ကို ဈေးသက်သာစွာ အသုံးပြုနိုင်သည်။ တိုယမခရိုင်သည် အရှေ့အာရှဒေသများတွင် ရုရှနိုင်ငံပြင်ပ၌ ရေခဲမြစ်တည်ရှိသည့် တစ်ခုတည်းသောဒေသလည်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် အချက်အကလက်များအရ ခရိုင်ဧရိယာ၏ ၃၀ ရာခိုင်နှုန်းသည် အမျိုးသားဥယျာဉ်များ ဖြစ်ကြသည်။[၅]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]တိုယမခရိုင်သည် အနောက်ဘက်တွင် အိရှိခဝခရိုင်၊ အရှေ့မြောက်ဘက်တွင် နီးဂတခရိုင်၊ အရှေ့တောင်ဘက်တွင် နဂနိုခရိုင်၊ တောင်ဘက်တွင် ဂိဖုခရိုင်၊ မြောက်ဘက်တွင် ဂျပန်ပင်လယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ အချက်အလက်များအရ ခရိုင်ကုန်းမြေဧရိယာ၏ ၃၀ ရာခိုင်နှုန်းသည် အမျိုးသားဥယျာဉ်များ ဖြစ်ကြသည်။ ၎င်းတို့တွင် ချူးဘု - ဆန်းဂခုနှင့် ဟခုဆန်အမျိုးသားဥယျာဉ်များ၊ နိုတိုဟန်းတိုးအမျိုးသားဥယျာဉ်၊ ခရိုင်အမျိုးသားဥယျာဉ် ၆ ခုတို့ ပါဝင်သည်။[၆]
မြို့ပြဒေသများ
[ပြင်ဆင်ရန်]၂၀၀၀ ခုနှစ်များတွင် ခရိုင်၌ ဒေသများပေါင်းစပ်မှုများ ပြုလုပ်ခဲ့သဖြင့် တိုယမခရိုင်သည် ဂျပန်နိုင်ငံတွင် အခြားခရိုင်၊ စီရင်စုများနှင့် နှိုင်းယှဉ်ပါက မြို့ပြအရေအတွက် အနည်းဆုံး ဖြစ်ခဲ့သည်။ ခရိုင်တွင် မြို့ ၁၀ ခု၊ ဒေသ ၂ နှစ်၊ မြို့ငယ် ၄ ခုနှင့် ရွာ ၁ ရွာ ရှိသည်။ ဒေသပေါင်းစပ်မှုများ မပြုလုပ်ရသေးသမီကာလတွင် ခရိုင်တွင် မြို့ ၉ ခု၊ မြို့ငယ် ၁၈ ခု၊ ရွာ ၈ ရွာ ရှိခဲ့သည်။
မြို့များ
[ပြင်ဆင်ရန်]တိုယမခရိုင်တွင် မြို့ပေါင်း ၁၀ ခု ရှိသည်။ ၎င်းတို့မှာ -
| အမည် | ဧရိယာ (km2) | လူဦးရေ | မြေပုံ | |
|---|---|---|---|---|
| ရိုမဂျိ | ခန်းဂျိ | |||
| 氷見市 | 230.56 | 43,995 | ||
| 射水市 | 109.43 | 90,807 | ||
| 黒部市 | 426.31 | 41,564 | ||
| 滑川市 | 54.63 | 32,728 | ||
| 南砺市 | 668.64 | 47,976 | ||
| 小矢部市 | 134.07 | 30,328 | ||
| 高岡市 | 209.57 | 173,086 | ||
| 砺波市 | 127.03 | 48,659 | ||
| 富山市 | 1,241.77 | 415,844 | ||
| 魚津市 | 200.61 | 42,224 | ||
မြို့ငယ်နှင့် ရွာများ
[ပြင်ဆင်ရန်]တိုယမခရိုင်ရှိ ဒေသများတွင် အောက်ပါမြို့ငယ်နှင့် ရွာများ တည်ရှိသည်။
| အမည် | ဧရိယာ (km2) | လူဦးရေ | ဒေသ | မြေပုံ | |
|---|---|---|---|---|---|
| ရိုမဂျိ | ခန်းဂျိ | ||||
| 朝日町 | 226.30 | 11,093 | Shimoniikawa District | ||
| 舟橋村 | 3.47 | 3,304 | Nakaniikawa District | ||
| 上市町 | 236.71 | 20,827 | Nakaniikawa District | ||
| 入善町 | 71.25 | 23,875 | Shimoniikawa District | ||
| 立山町 | 307.29 | 24,862 | Nakaniikawa District | ||
ဒေသပေါင်းစပ်မှုများ
[ပြင်ဆင်ရန်]စီးပွားရေး
[ပြင်ဆင်ရန်]စိုက်ပျိုးရေး
[ပြင်ဆင်ရန်]၂၀၁၄ ခုနှစ်တွင် တိုယမခရိုင်၏ စပါးထွက်ရှိမှုသည် ခန့်မှန်းခြေအားဖြင့် ဂျပန်တစ်နိုင်လုံး၏ ၂.၅ ရာခိုင်နှုန်း ရှိခဲ့သည်။ ထိုသို့ ထွက်ရှိရခြင်းမှာ တတဲတောင်မှ ဆင်းသက်လာသည့် ရေအရင်းအမြစ်များ ကြွယ်ဝသည့်အတွက် ဖြစ်သည်။ ထို့အပြင် ဂျပန်ပင်လယ်ကမ်းရိုးတန်းတလျောက်တွင် များစွာသော ငါးဖမ်းလုပ်ငန်းများလည်း ရှိသည်။[၇]
ကုန်ထုပ်လုပ်ငန်း
[ပြင်ဆင်ရန်]တိုယမခရိုင်သည် သမိုင်းကြောင်းအရ ဆေးဝါးလုပ်ငန်းများ ရှိသဖြင့် ထင်ရှားသည်။ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်သည့်လုပ်ငန်များ၊ အထွေအထွေစက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ၊ သတ္တုပစ္စည်းများ စသည့်လုပ်ငန်များနောက်တွင် ဆေးဝါးလုပ်ငန်းသည်လည်း အရေးပါသည့်လုပ်ငန်းအဖြစ် ရှိနေသေးသည်။
စွမ်းအင်
[ပြင်ဆင်ရန်]
ခုရိုဘဲဆည် သည် ခန်းဆိုင်းလျှပ်စစ်စွမ်းအင်ကုမ္ပဏီအတွက် လျှပ်စစ်ဓာတ်အားများကို ထုတ်လုပ်ပေးလျက်ရှိသည်။ ထိုဆည်သည် တိုယမခရိုင်၊ ခုရိုဘဲမြစ်တွင် တည်ရှိသည်။
လူဦးရေဆိုင်ရာ
[ပြင်ဆင်ရန်]
ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းအရ[၈] တိုယမခရိုင်၏ လူဦးရေသည် ၁၉၅၀ ခုနှစ်များကတည်းက အတော်လည်း အပြောင်းအလဲမရှိ တည်ငြိမ်လျက်ရှိသည်။
| သမိုင်းတစ်လျှောက် လူဦးရေများ | ||
|---|---|---|
| ခုနှစ် | လူဦးရေ | ±% |
| 1920 | ၇၂၄၂၇၆ | — |
| 1930 | ၇၇၈၉၅၃ | +7.5% |
| 1940 | ၈၂၂၅၆၉ | +5.6% |
| 1950 | ၁၀၀၈၇၉၀ | +22.6% |
| 1960 | ၁၀၃၂၆၁၄ | +2.4% |
| 1970 | ၁၀၂၉၆၉၅ | −0.3% |
| 1980 | ၁၁၀၃၄၅၉ | +7.2% |
| 1990 | ၁၁၂၀၁၆၁ | +1.5% |
| 2000 | ၁၁၂၀၈၅၁ | +0.1% |
| 2010 | ၁၀၉၃၂၄၇ | −2.5% |
| 2020 | ၁၀၃၄၈၁၄ | −5.3% |
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]ရထားလမ်း
[ပြင်ဆင်ရန်]- JR West
- Hokuriku Shinkansen (Tokyo to Tsuruga via Kurobe, Toyama City and Takaoka)
- Takayama Main Line (Inotani to Toyama City)
- Himi Line
- Jōhana Line
- JR Central
- Ainokaze Toyama Railway (Kurikara, Ishikawa to Ichiburi, Niigata via Takaoka and Toyama City)
- Manyōsen (Third-sector tram system in Takaoka)
- Toyama Chihō Railway
အဝေးပြေးလမ်း
[ပြင်ဆင်ရန်]လေကြောင်း
[ပြင်ဆင်ရန်]- တိုယမလေဆိပ် (TOY)
ပြည်တွင်း
[ပြင်ဆင်ရန်]နိုင်ငံတကာ
[ပြင်ဆင်ရန်]- Dalian: 2 hr 30 min via China Southern Airlines
- Shanghai: 2 hr 30 min via Shanghai Airlines
ယဉ်ကျေးမှု
[ပြင်ဆင်ရန်]ခရီးသွားနေရာများ
[ပြင်ဆင်ရန်]- Tateyama Kurobe Alpine Route
- Kurobe Gorge Railway
- Unazuki Onsen
- Gokayama (UNESCO World Heritage Site)
- Mitsui Outlet Park, Hokuriku Oyabe
ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုစာရင်းဝင်နေရာများ
[ပြင်ဆင်ရန်]ဂျပန်နိုင်ငံ၏ နိုင်ငံရတနာများ
[ပြင်ဆင်ရန်]ပွဲတော်များ
[ပြင်ဆင်ရန်]နွေဦးရာသီ
[ပြင်ဆင်ရန်]

- All Japan Chindon Competition (Toyama City (Toyama Castle Park), Mid April
- Tonami Tulip Fair (Tonami City), May
- Marumage Festival (Himi City), May 17
နွေရာသီ
[ပြင်ဆင်ရန်]- Sassa Narimasa Sengoku Era Festival (Toyama City), Late July
- Japan Wildlife Film Festival (Toyama Prefecture), Early August
ဆောင်းဦးရာသီ
[ပြင်ဆင်ရန်]- Toyama Festival (Toyama City), Sept. 1
- Owara Kaze no Bon (Toyama City (Yatsuo Area)), Sept. 1–3
ဆောင်းရာသီ
[ပြင်ဆင်ရန်]- Nanto Toga Soba Festival (Nanto City (Toga Village Area)), Mid Feb.
ဒေသအစားအစာများ
[ပြင်ဆင်ရန်]ဒေသထွက် အရက်များ
[ပြင်ဆင်ရန်]- Tateyama (立山)
- Narimasa (成政)
- Masuizumi (満寿泉)
- Sanshoraku (三笑楽)
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Official Toyama Prefecture Homepage 2005-08-16 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Toyama Prefecture International Center 2012-02-09 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- National Archives of Japan Toyama Map (1891) 2009-03-19 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ကိုးကား
[ပြင်ဆင်ရန်]- ↑ 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
- ↑ NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
- ↑ Nussbaum, Louis-Frédéric. (2005). "Toyama prefecture" in Japan Encyclopedia, p. 991, p. 991, at Google Books; "Hokuriku" at p. 344, p. 344, at Google Books.
- ↑ Nussbaum, "Toyama" at p. 991, p. 991, at Google Books.
- ↑ Matsutani၊ Minoru (April 6, 2012)။ First glaciers in Japan recognised။ The Japan Times။ May 20, 2012 တွင် ပြန်စစ်ပြီး။
- ↑ General overview of area figures for Natural Parks by prefecture။ Ministry of the Environment။ 29 June 2012 တွင် ပြန်စစ်ပြီး။
- ↑ 米の生産 〔2014年〕 (in ja)။ March 30, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 11, 2015 တွင် ပြန်စစ်ပြီး။
- ↑ Statistics Bureau Home Page။