တိုဖူးနွေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

တိုဖူးနွေး ကို ပအိုဝ်းဘာသာစကားဖြင့်ဆိုရင် ဖူးဆိုတဲ့စကားလုံးကို ဝစ္စပေါက်ဖြုတ် လိုက်တာနဲ့ "တိုဖူနွေး"လို့ဘဲ အများနားလည်အောင်ခေါ်တာပါပဲ။ တိုဖူးနွေးဆိုသည့် အတိုင်း နွေးမှ စားလို့ကောင်းတဲ့ ရှမ်းပြည်ရိုးရာအစားအစာတစ်မျိုးဖြစ်ပါတယ်။ အေးသွားရင်တော့ တိုဖူးနဲ့တူလာပါတယ်။ တိုဖူးနဲ့ပုံစံအားဖြင့် အများကြီးခြားနားချက် မရှိပါဘူး။ ညီအကိုဆွေမျိုးလို့တောင် ခေါ်နိုင်ပါတယ်။.တိုဖူးနွေးလုပ်တတ်ရင် တိုဖူးလည်း လုပ်တတ်ပြီးသားနီးပါးဖြစ်ပါတယ်။

ရှမ်းခေါက်ဆွဲကတော့ ရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာတော့ ရှမ်းတရုတ်အများစုနေ ထိုင်တဲ့နေရာမှာ ရတတ်ပေမယ့် တိုဖူးနွေးကတော့ အေးတဲ့ရာသီတုရှိတဲ့နေရာမှာပဲ ရတတ်ပါတယ်။ ရိုးရာအစားအစာဖြစ်လို့လည်း အေးတဲ့ဒေသမှာဘဲစားလို့ကောင်းပါတယ်။

တောင်ကြီးမြို့ကတော့ စားသောက်ဆိုင်အများစုမှာတော့ တိုဖူးနွေးရနိုင်သလို မနက်ခင်းရောင်းတဲ့အစာပြေဆိုင် ညဈေးဆိုင်လိုမျိုးမှာ တိုဖူးနွေး တိုဖူးကြော် တိုဖူးသုပ် ရှမ်းခေါက်ဆွဲဆိုပြီး အဓိကထားတွဲရောင်းတတ်ပါတယ်။

တိုဖူးနွေးကိုနိုင်အောင်ကိုင်တတ်တဲ့သူများကတော့ ရှမ်းတရုတ်တွေက တိုဖူးနွေးနိုင်ပါ တယ်။ သူတို့ဆိုင်တွေမှာတော့ စားသုံးကြတဲ့သူ အလွန်စည်ကားလှပါတယ်။ တိုဖူးနွေးနဲ့အဓိကတွဲဖက်စားသုံးနိုင်တဲ့ မဟာမိတ်များကတော့ အီကြာကွေး၊ မုန်ညင်း ချဉ်၊ မုန်ညင်းပြုတ်၊ကန်ဇွန်းရွက်ပြုတ်၊ ဝက်ခေါက်ကြော်၊ ငါးမှုန့်ကြော် များဖြင့်အများ စုတွဲပြီးစားသုံးတတ်ကြပါတယ်။ တိုဖူးနွေးစားသုံးတဲ့အခါ ထည့်ရမယ့်အဆာပလာများ ကတော့ ငရုပ်သီးမှုန့်ရောစပ်ထားတဲ့တပ်ထားတဲ့ဆီ၊ ကြက်သွန်ဖြူကြော်၊ မြေပဲထောင်း ကြက်သားဟင်းရည်နှင့်အတူ ကြက်သွန်မြိတ် နံနံပင်များဖြစ်ပါတယ်။

ကျန်တဲ့ သံပရာနှင့်ချဉ်ထားသည့် ငရုပ်ချဉ်သို့မဟုတ် ကြက်သွန်ဖြူချဉ်များလည်း 

မိမိတို့အကြိုက်အားလျော်စွာ စားပွဲဝိုင်းမှာ လိုအပ်သလို ရောစပ်စားသုံးနိုင်ပါတယ်။ တိုဖူးနွေးသည် မနက်ပိုင်း မွန်းမတည့်ခင်အထိနှင့် ညနေလေး နာရီနောက်ပိုင်း စားသုံး ရန်အသင့်တော်ဆုံး မနက်အစာပြေစာနှင့် ညအစာပြေစာဖြစ်ပါတယ်။

တိုဖူးနွေး လုပ်ပုံ လုပ်နည်းနှင့် ပါဝင်ရမည့် ပစ္စည်းများကတော့ ကတော့ Kae Kae's Foood Palace ကအောက်ပါအတိုင်းနည်းပေးထားပါတယ်။

ဒါကတော့ ပုံစံအနေ နဲ့ပြခြင်းဖြစ်ပါတယ်။ 

မိမိတို့လိုအပ်သည်အားလျော်စွာ အတိုးအလျှော့လုပ်နိုင်ပါတယ်။

  1. ဆန်စီးခေါက်ဆွဲ ၁ထုပ်
  2. မြေပဲဆံလှော်
  3. ရှမ်းချဉ်
  4. နံနံပင်
  5. နှမ်းဆီ
  6. ကြက်သွန်မိတ်

ငရုတ်သီးဆီကြော် ပဲငံပြာရည်အပျစ် တို့ဖူးကြော် ဝက်ခေါက်ကြော် ရွှေပဲရွက်


  1. တိုဖူးမှုန့် ၁ထုပ်

နနွင်းမှုန့် ဇွန်းသေး ၁ဇွန်း ဆား ဇွန်းသေး ၃ဇွန်း သကြား ထမင်းစားဇွန်း ၂ဇွန်း


(က) ကြက်သွန်ဖြူဆီချက် ကြက်သွန်ဖြူ ၈မွှာ တရုတ်မဆလာ ထမင်းစားဇွန်း ၁ဇွန်း နှမ်းဖြူ အနည်းငယ်..။


(ခ) ဝက်သား(သို့) ကြက်သားဟင်းအနှစ် ကြက်သားရင်ပုံသား ၂ခု (သို့) ဝက်ကြိတ်ပြီးသား ၁၅ကျပ်သား ကြက်သွန်နီအနေတော် ၄လုံး ခရမ်းချဉ်သီးအနေတော် ၆လုံး ကြက်သွန်ဖြူ ၈မွှာ ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၂ဇွန်း ဆား အနည်းငယ် ပဲငံပြာရည်အကျဲ ၂ဇွန်း..။


  1. ပြင်ဆင်ထားရမယ့်အနေအထားကတော့..

၁။ ကြက်သားရင်ပုံသားများကို သန့်စင်ပြီး အတုံးသေးသေးတုံးပါ။ နနွင်းနဲ့ဆားအနည်းငယ်တို့နှင့် ရောနယ်ပါ။

၂။ ဟင်းအနှစ်အတွက် ခရမ်းချဉ်သီးကို အစေ့တွေ ဖယ်ပြီး ပါးပါးလှီးပါ။ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပါ။

၃။ ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် ကြက်သွန်နီ ကြက်သွန်ဖြူငရုတ်သီးအစိမ်းမှုန့်တို့ထည့်ပြီး ဆီသတ်ပါ။

၄။ အနံ့မွှေးလာလျှင် ခရမ်းချဉ်သီးတွေကို အရင်ကြေအောင် ချက်ပါ။ ပြီးမှ ကြက်သား(သို့)ဝက်သားတွေကို ထည့်လုံးပါ။ ၃မိနစ်ခန့်ကြာလျှင် ရေနွေးအနည်းငယ်ထည့်ပါ။

၅။ ဆီပြန်အောင် ဆက်တည်ပါ။ ဆားအနည်းငယ် နှင့် ပဲငံပြာရည် ထည့်မွှေပါ။ ဟင်းအနှစ်အရည်အတွက် ရေနွေးအနည်းငယ် ထပ်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။

၆။ ကြက်သွန်ဖြူဆီချက်အတွက် ကြက်သွန်ဖြူကို အရင်ဆီသတ်ပါ။ မီးပိတ်ပြီးမှ တရုတ်မဆလာထည့်မွှေပါ။ နှမ်းဖြူထည့်ပြီး ပန်ကန်လုံးထဲ ပြောင်းထည့်ပါ။

ရ။ မြေပဲဆံလှော်ကို အခွံချွတ်ပြီး မညက်တညက်ထောင်းထားပါ။ နံနံပင်၊ ကြက်သွန်မိတ်နှင့် ရှမ်းချဉ်ကို သေးသေးလှီးထားပါ။

၈။ တိုဖူးမှုန့်ကို ရေဆန်ချိန်ခွက် ၂ခွက်စာ ထည့်ပြီး အားလုံးပျော်သွားအောင် ဖျော်ပါ။ ဆား၊နနွင်းမှုန် ့၊ သကြားတို့ကိုပါ တခါတည်း ထည့်ပြီး ဖျော်ပါ။ ၁၀မိနစ်ခန့် အနည်ထိုင်အောင် ထားပါ။

၉။ အိုးထဲသို့ ရေဆန်ချိန်ခွက် ၄ခွက်စာ ထည့်ပြီး ဆူအောင် အရင်တည်ပါ။ ဆူလာလျှင် မီးအရှိန်လျှော့ပြီး ဖျော်ထားသော တိုဖူးရည်တွေကို ပြန်မွှေပြီး မီးအေးအေးဖြင့် ကျိုပါ။ မပျစ်မကျဲအနေအထားရအောင် အဆက်မပြတ် မွှေပါ။ ရေခမ်းသွားလျှင် ရေနွေး ထပ်ထည့်ပြီး ကျိုလို့ရပါတယ်။ ပဲအစိမ်းနံ့ပျောက်သည်အထိ ကျိုပါ။ ရပြီဆိုလျှင် မီးနွေးနွေးဖြင့် တည်ပြီး မွှေမွှေပေးပါ။

၁၀။ ဟင်းချိုအတွက် ကြက်ရိုးတွေကို ချင်း၊ကြက်သွန်ဖြူတို့နှင့် ပြုတ်ထားပါ။ မုန့်ပွဲပြင်ပြီးမှ ကြက်ရိုးပြုတ်ရည်ကို ခပ်ထည့်ပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းအနည်းငယ် ထည့်လိုက်လျှင်ရပါပြီ။

၁၁။ ဆန်ခေါက်ဆွဲတွေကို ရေ နှစ်နာရီခန့် ကြိုစိမ်ပါ။

  1. စားသုံးတော့မည်သုံးတော့မည်ဆိုသည့်အခါ..

စားနိုင်သလောက် မုန့်ဖတ်နှင့် ရွှေပဲရွက်တို့ကို တိုဖူးနွေးအိုးထဲ စိမ်လိုက်ပါ။ ပြီးလျှင် စားမည့်ပန်းကန်ထဲ ထည့်ပါ။ အပေါ်မှ တိုဖူးရည်အနည်းငယ် ခပ်ထည့်ပါ။ ကြက်သားဟင်းအနှစ်၊ မြေပဲဆံလှော်မှုန့် ၊ ကြက်သွန်ဖြူဆီချက်၊ စသော အစာပလာ အနည်းငယ်စီထည့်ပြီး ပြင်ပေးပါ။ နှမ်းဆီနှင့် ပဲငံပြာရည်အပျစ်ကို လက်ဖက်ရည်ဇွန်းဖြင့် ပါလေကာ ထည့်ပေးပါ။ ကိုယ်ကြိုက်သလို ချဉ်ငံစပ် ဖြစ်အောင် လိုတာထပ်ထည့်ပါ။

ရှမ်းပြည်ရောက်ရင် တိုဖူးနွေးစားဖြစ်အောင်စားခဲ့ကြဖို့မမေ့နဲ့နော်..။

  • တက္ကသိုလ် ခွန်Rကာ