မာတိကာသို့ ခုန်သွားရန်

တိုနဲမြစ်

ဝီကီပီးဒီးယား မှ
တိုနဲမြစ်
Tone River at Narita and Kawachi (2015)


Map
တိုနဲမြစ် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
တိုနဲမြစ်
CountryJapan
အချက်အလက်များ
မြစ်ဖျားခံရာMount Ōminakami
Minakami, Gunma
၁,၈၃၁ m (၆,၀၀၇ ft)
37°03′16″N 139°06′05″E / 37.05444°N 139.10139°E / 37.05444; 139.10139
စီးဝင်ရာနေရာPacific Ocean
Chōshi, Chiba
 m (၀ ft)
35°44′45″N 140°51′07″E / 35.74583°N 140.85194°E / 35.74583; 140.85194ကိုဩဒိနိတ်: 35°44′45″N 140°51′07″E / 35.74583°N 140.85194°E / 35.74583; 140.85194
အလျား၃၂၂ km (၂၀၀ mi)
စီးဆင်းမှု
  • ပျမ်းမျှ နှုန်း:
    ၂၅၆ m3/s (၉,၀၀၀ cu ft/s)
မြစ်ဝှမ်း အချက်အလက်များ
မြစ်ဝှမ်းအရွယ်၁၆,၈၄၀ km2 (၆,၅၀၀ sq mi)

တိုနဲမြစ် (利根川, Tone-gawa) []သည် ဂျပန်နိုင်ငံ၊ ခန်းတိုးဒေသရှိ အဆင့် (၁) ရှိသည့် မြစ်တစ်စင်း ဖြစ်သည်။ အရှည် ၃၂၂ ကီလိုမီတာ (၂၀၀ မိုင်) ရှိပြီး ဂျပန်နိုင်ငံတွင် ဒုတိယမြောက်အရှည်ဆုံး ဖြစ်သည်။ ရေဝေရေလဲဒေသသည် ၁၆,၈၄၀ စတုရန်းကီလိုမီတာ (၆၅၀၀ မိုင်) ရှိပြီး ဂျပန်နိုင်ငံတွင် အကြီးဆုံး ဖြစ်သည်။ ဤမြစ်ကို ဘန်းတိုးတရိုး (坂東太郎) ဟုလည်း ခေါ်ကြသည်။ ဤမြစ်သည် "ဂျပန်နိုင်ငံ၏ အကြီးကျယ်ဆုံးမြစ်သုံးစင်း" ထဲတွင် ပါဝင်သည်။ ထိုစာရင်းတွင် ပါဝင်သည့် အခြားမြစ်နှစ်စင်းမှာ ဟွန်းရှူးကျွန်းအရှေ့မြောက်ပိုင်းရှိ ရှိနနိုမြစ်နှင့် ဟော့ကိုင်းဒိုးရှိ အိရှိခရိမြစ်တို့ ဖြစ်သည်။[]

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

အဲချိဂေါ့တောင်တန်းတွင် ပါဝင်သည့် အိုးမနခမိတောင်တွင် စတင်ဖြစ်တည်စီးဆင်းလာသည်။ ထိုတောင်တန်းသည် ဂွန်းမခရိုင်နှင့် နီးဂတခရိုင်တို့အကြားနယ်နိမိတ်ပေါ်တွင် တည်ရှိသည်။ တိုနဲမြစ်သည် မြစ်လက်တက်များနှင့် ပေါင်းဆုံးပြီးနောက် ဆက်လက်စီးဆင်းသါားကာ ချိဘခရိုင်၊ ချောရှိမြို့ရှိ အိနုဘိုးအငူနေရာတွင် ပစိဖိတ်သမုဒ္ဒရာအတွင်း စီးဝင်သည်။[][]

မြစ်လက်တက်များ

[ပြင်ဆင်ရန်]

တိုနဲမြစ်၏ အဓိကကျသည့် မြစ်လက်တက်များတွင် အဂဆွတ်မ၊ မတရဆဲ၊ ခိနု၊ အိုမိုအိနှင့် ခိုခိုင်းမြစ်တို့ ပါဝင်သည်။ အဲဒိုမြစ်သည် တိုနဲမြစ်မှ ခွဲထွက်ကာ အဝေးသို့ စီးဆင်းသွားပြီး တိုကျိုပင်လယ်အော်အတွင်း စီးဝင်သွားသည်။

ရုပ်ပုံများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

Wikimedia Commons ရှိ တိုနဲမြစ် နှင့်ပတ်သက်သော မီဒီယာများ

ကိုးကား

[ပြင်ဆင်ရန်]
  1. NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
  2. 1 2 利根川の紹介 (in ja)။ Ministry of Land, Infrastructure, Transport and Tourism, Japan။ 2019-10-16 တွင် ပြန်စစ်ပြီး။
  3. "Tone River"Encyclopædia Britannica။ Chicago, Ill.: Encyclopædia Britannica။ 20122012-12-19 တွင် ပြန်စစ်ပြီး