တိုင်ဘာသာစကားများ
တိုင် ဘာသာစကားများ (အင်္ဂလိပ်: Tai languages) သို့မဟုတ် ကျွမ့်-တိုင် ဘာသာစကားများ (Zhuang–Tai) သည် ခရာ-ဒိုင် ဘာသာစကားမိသားစု ၏ အဓိကအကျဆုံးနှင့် အပြောဆိုအများဆုံး ဘာသာစကားအုပ်စုခွဲတစ်ခု ဖြစ်သည်။[၁] ဤဘာသာစကားအုပ်စုတွင် အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့၌ ထင်ရှားသော ဘာသာစကားများစွာ ပါဝင်ပြီး၊ အဖွဲ့ဝင်ဘာသာစကား စုစုပေါင်း (၆၀) ကျော် တည်ရှိသည်။[၂]
| တိုင် | |
|---|---|
| ကျွမ့်–တိုင်၊ ဒိုင် | |
| ဒေသအလိုက် ပျံ့နှံ့မှု: | တောင်ပိုင်းတရုတ် (esp.ကွမ်ရှီး,ကွေ့ကျိုး,ယူနန်, ကွမ်တုန်း), အရှေ့တောင်အာရှ, အရှေ့မြောက်အိန္ဒိယ |
| ခွဲခြားမှု: | ခရာ-ဒိုင် |
| ရှေးဦးပထမဖြစ်သော ဘာသာစကား | Proto-Tai |
| အခွဲများ: |
|
| ISO 639-2 / 5: | tai |
| Glottolog: | daic1237[၃] |
Distribution of Tai languages: Northern Tai / Northern Zhuang
Central Tai / Southern Zhuang
Southwestern Tai / Thai | |
တိုင်ဘာသာစကားများကို ပထဝီဝင်အနေအထားနှင့် သမိုင်းကြောင်းအရ အဓိကအားဖြင့် အောက်ပါအတိုင်း အုပ်စုကြီး (၃) ခု ခွဲခြားထားသည်-[၄]
- မြောက်ပိုင်း တိုင်အုပ်စု (Northern Tai)သည် တရုတ်နိုင်ငံ ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြောက်ပိုင်းရှိ ကျွမ့်ဘာသာစကား (Zhuang) အချို့နှင့် ဗူးရီးဘာသာစကား (Bouyei) တို့ ပါဝင်သည်။
- အလယ်ပိုင်း တိုင်အုပ်စု (Central Tai)သည်ကွမ်းရှီ ဒေသတောင်ပိုင်းရှိ ဂျွမ်းဘာသာစကားများနှင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ နန်ဘာသာစကား (Nung) ၊ ထိုဘာသာစကား (Tày) တို့ ပါဝင်သည်။
- အနောက်တောင်ပိုင်း တိုင်အုပ်စု (Southwestern Tai) သည် လူဦးရေအများဆုံး ပြောဆိုသည့် အုပ်စုဖြစ်ပြီး ထိုင်းနိုင်ငံ၏ ရုံးသုံး ထိုင်းဘာသာစကား (Standard Thai)၊ လာအိုနိုင်ငံ၏ လာအိုဘာသာစကား၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ ရှမ်းဘာသာစကား (Shan)၊ တိုင်းနေဘာသာစကား (Tai Nuea) နှင့် တိုင်လူးဘာသာစကား (Tai Lü) တို့ ပါဝင်ကြသည်။[၅]
ထူးခြားသော ဝိသေသလက္ခဏာများ
[ပြင်ဆင်ရန်]တိုင်ဘာသာစကားများသည် အခြေခံအားဖြင့် စကားလုံးတစ်လုံးချင်း အဓိပ္ပာယ်ရှိသော (Monosyllabic) နှင့် စကားလုံးအစီအစဉ်အလိုက် အဓိပ္ပာယ်ပြောင်းလဲသော ခွဲခြမ်းစိတ်ဖြာဘာသာစကား (Analytic language) များ ဖြစ်ကြသည်။[၆] ထို့ပြင် စကားလုံးတစ်လုံးတည်းကို အသံနိမ့်အမြင့် ပြောင်းလဲခြင်းဖြင့် အဓိပ္ပာယ်ကွဲပြားစေသည့် အသံနိမ့်အမြင့်ရှိသော ဘာသာစကား (Tonal Languages) များ ဖြစ်ကြပြီး ယေဘုယျအားဖြင့် သဒ္ဒါတည်ဆောက်ပုံတွင် ကတ္တား-ကရိယာ-ကံ (Subject-Verb-Object / SVO) စနစ်ကို အသုံးပြုကြသည်။[၇]
ကိုးကားချက်များ
[ပြင်ဆင်ရန်]- ↑ Diller၊ Anthony (2008)။ The Tai-Kadai Languages။ Routledge။ ISBN 978-0-7007-1457-5။
- ↑ Kra-Dai Languages။ 2026 တွင် ပြန်စစ်ပြီး။
- ↑ Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Daic"။ Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
- ↑ Li၊ Fang-Kuei (1977)။ A Handbook of Comparative Tai။ University Press of Hawaii။ ISBN 0-8248-0540-2။
- ↑ Chamberlain, James R. (1975). "A New Look at the History and Classification of the Southwestern Tai Languages". Journal of the Siam Society 63 (1): 49–66.
- ↑ Comrie၊ Bernard (1989)။ Language Universals and Linguistic Typology။ University of Chicago Press။
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Diller2008".