မာတိကာသို့ ခုန်သွားရန်

တိုခုရှိမခရိုင်

ဝီကီပီးဒီးယား မှ
တိုခုရှိမခရိုင်
徳島県
Prefecture
Japanese စာသားဖြင့် ဖော်ပြခြင်း
 • Japanese徳島県
 • RōmajiTokushima-ken
တိုခုရှိမခရိုင်၏ အလံတော်
အလံတော်
တိုခုရှိမခရိုင်၏ တရားဝင်လိုဂို
Symbol
အထိမ်းအမှတ်သီချင်း: Tokushima kenmin no uta
Location of တိုခုရှိမခရိုင်
CountryJapan
RegionShikoku
IslandShikoku
CapitalTokushima
SubdivisionsDistricts: 8, Municipalities: 24
အစိုးရ
 • GovernorMasazumi Gotoda
ဧရိယာ
 • စုစုပေါင်း၄၁၄၆.၈၀ စတုရန်းကီလိုမီတာ (၁၆၀၁.၀၉ စတုရန်းမိုင်)
ဧရိယာအဆင့်36th
လူဦးရေ (February 1, 2025)
 • စုစုပေါင်း၆၈၂၄၃၉
 • အဆင့်44th
 • သိပ်သည်းမှု၁၆၅/km၂ (၄၃၀/sq mi)
GDP[၁]
 • TotalJP¥ 3,266 billion
US$ 24.1 billion (2022)
ISO 3166 ကုဒ်JP-36
ဝဘ်ဆိုက်pref.tokushima.jp/english/

တိုခုရှိမခရိုင် (徳島県, တိုခုရှိမခန်း) သည် ဂျပန်နိုင်ငံ၊ ရှိခိုခုကျွန်းတွင်ရှိသည့် ခရိုင်တစ်ခု ဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လူဦးရေ ၆၈၂,၄၃၉ ဦး ရှိသည်။ ဧရိယာ ၄,၁၄၆ စတုရန်းကီလိုမီတာ (၁၆၀၁ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြောက်ဘက်တွင် ခဂဝခရိုင်၊ အနောက်ဘက်တွင် အဲဟိမဲခရိုင်၊ အနောက်တောင်ဘက်တွင် ခိုးချိခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

တိုခုရှိမမြို့သည် ခရိုင်မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ အခြားအဓိကမြို့များမှာ အနန်းမြို့၊ နရုတိုမြို့၊ ယောရှိနိုဂဝမြို့တို့ ဖြစ်သည်။ တိုခုရှိမခရိုင်သည် ခိအိရေလက်ကြားတွင် တည်ရှိသည်။ ခိအိရေလက်ကြားသည် ဆဲတိုကုန်းတွင်းပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ပေးသည့် ရေလက်ကြားတစ်ခု ဖြစ်သည်။ တိုခုရှိမခရိုင်သည် နရုတိုရေလက်ကြားကို ဖြတ်သန်းဖောက်လုပ်ထားသည့် အိုးနရုတိုတံတားဖြင့် အဝဂျိကျွန်းနှင့် ဆက်သွယ်ထားသည်။ ထိုတံတားသည် ခိုးဘဲ - အဝဂျိ - နရုတိုအဝေးပြေးလမ်းမ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ တိုခုရှိမခရိုင်နှင့် ခိုးဘဲမြို့ကို ချိတ်ဆက်ပေးထားသည့်တံတား ဖြစ်သည်။

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]
တိုခုရှိမခရိုင်မြေပုံ
     City      Town      Village

ခရိုင်၏ မြောက်ဘက်ပိုင်းနယ်နိမိတ်တလျောက်တွင် ဆနုခိတောင်တန်း တည်ရှိသည်။

၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အရ ခရိုင်ကုန်းမြေဧရိယာ၏ ၉ ရာခိုင်နှုန်းသည် အမျိုးသားဥယျာဉ်များ ဖြစ်ကြသည်။ ၎င်းတို့မှာ ဆဲတိုနိုင်းခိုင်းအမျိုးသားဥယျာဉ်၊ မုရိုတို - အနန်းခိုင်းဂန်းနှင့် ဆွတ်ရုဂိဆန်အမျိုးသားဥယျာဉ်၊ ချူးဘုဆန်းခဲ၊ ဒိုချူး - ခိုးဆွတ်၊ ဟရှိခုရ၊ ဟိဂရှိဆန်းခဲ၊ အိုခုမိယဂဝ - အုချိဒနိ၊ အိုးအဆယမခရိုင်အမျိုးသားဥယျာဉ်များတို့ ဖြစ်သည်။[၂]

မြို့များ

[ပြင်ဆင်ရန်]

တိုခုရှိမခရိုင်တွင် မြို့ ၈ ခု တည်ရှိသည်။

အမည် ဧရိယာ (km2) လူဦးရေ မြေပုံ
ရိုမဂျိ ခန်းဂျိ
Anan 阿南市 279.25 70,405
Awa 阿波市 191.11 35,294
Komatsushima 小松島市 45.37 36,817
Mima 美馬市 367.14 28,689
Miyoshi 三好市 721.42 24,368
Naruto 鳴門市 135.66 56,222
Tokushima (capital) 徳島市 191 258,554
Yoshinogawa 吉野川市 144.14 39,405

မြို့ငယ်နှင့် ရွာများ

[ပြင်ဆင်ရန်]

တိုခုရှိမခရိုင်အတွင်းရှိ ဒေသများတွင် အောက်ပါမြို့ငယ်များနှင့် ရွာများလည်း တည်ရှိသည်။

အမည် ဧရိယာ (km2) လူဦးရေ ဒေသ အမျိုးအစား မြေပုံ
ရိုမဂျိ ခန်းဂျိ
Aizumi 藍住町 16.27 35,054 Itano District Town
Higashimiyoshi 東みよし町 122.48 14,025 Miyoshi District Town
Ishii 石井町 28.85 25,062 Myōzai District Town
Itano 板野町 36.22 13,183 Itano District Town
Kaiyō 海陽町 327.65 8,578 Kaifu District Town
Kamiita 上板町 34.58 11,562 Itano District Town
Kamikatsu 上勝町 109.63 1,344 Katsuura District Town
Kamiyama 神山町 173.3 4,724 Myōzai District Town
Katsuura 勝浦町 69.83 5,131 Katsuura District Town
Kitajima 北島町 8.74 22,645 Itano District Town
Matsushige 松茂町 14.24 14,819 Itano District Town
Minami 美波町 140.8 6,433 Kaifu District Town
Mugi 牟岐町 56.62 3,852 Kaifu District Town
Naka 那賀町 694.98 7,549 Naka District Town
Sanagōchi 佐那河内村 42.28 2,106 Myōdō District Village
Tsurugi つるぎ町 194.84 7,877 Mima District Town

ဒေသပေါင်းစပ်မှုများ

[ပြင်ဆင်ရန်]

စီးပွားရေးနှင့် လုပ်ငန်းများ

[ပြင်ဆင်ရန်]

တိုခုရှိမခရိုင်သည် စိုက်ပျိုးရေး၊ သစ်လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းတို့အပေါ်တွင် မှီခိုလျက်ရှိသည်။ စိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းလုပ်သားအရေအတွက်ရာခိုင်နှုန်းသည် ခိုးချိခရိုင်ပြီးပါက ရှိခိုခုကျွန်းတွင် ဒုတိယအများဆုံး ဖြစ်သည်။ ယောရှိနိုမြစ်၏ အောက်ဘက်ပိုင်းဒေသတွင် စပါးစိုက်ခင်းများ ရှိသည်။ ထိုမြစ်၏ ကမ်းခြေတလျောက်တွင် သေးငယ်၍ ကျဉ်းမြောင်းသည့် လွင်ပြင်များစွာ ရှိသည်။ ကျန်ရှိနေသည့် မြေအများစုကို ဟင်းသီးဟင်းရွက်နှင့် ပန်းစိုက်ပျိုးရန် အသုံးပြုကြသည်။ တိုခုရှိမခရိုင်သည် ဂျပန်နိုင်ငံတွင် အကြီးမားဆုံး ပန်းဂေါ်ဖီနှင့် ကြာစွယ် ထုတ်လုပ်သည့် ခရိုင်ဖြစ်သည်။ ထို့အပြင် လေးခုမြောက် မုန်လာဥနီ ထုတ်လုပ်သည့်ခရိုင် ဖြစ်သည်။ ဂျပန် indigo ပန်းကို ဤခရိုင်တွင်သာ စိုက်ပျိုးကြသည်။

အခရှိရေလက်ကြားတံတား ပြီးစီးခဲ့မှုနှင့်အတူ တိုခုရှိမခရိုင်မြောက်ပိုင်းသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ ဤတံတားသည် တိုခုရှိမခရိုင်နှင့် ခိုးဘဲမြို့တို့ကို ချိတ်ဆက်ပေးထားသည်။ တိုခုရှိမမြို့နှင့် နရုတိုဒေသများ၏ ပတ်ဝန်းကျင်တွင် စက်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်လာခဲ့သည်။ အထူးသဖြင့် အဇုမိမြို့၊ အိတနိုဒေသနှင့် ခိတဂျိမမြို့တို့သည် လျင်မြန်စွာတိုးတက်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ဂျပန်နိုင်ငံတွင် ပထမဆုံးဖြစ်သည့် နည်းပညာစွန့်ဦးတီထွင်ကျောင်းကို ခမိယမဒေသ၏ တိုခုရှိမမြို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အသက် ၁၅ နှစ်မှ ၂၀ နှစ်ရှိ ကျောင်းသားများသည် အင်ဂျင်နီယာ၊ ပရိုဂရမ်းမင်းနှင့် ဒီဇိုင်း၊ စီးပွားရေးကျွမ်းကျင်မှု၊ ဈေးကွက်ဆိုင်ရာပညာရပ်များကို လေ့လာကြရသည်။ ဤကျောင်းတွင် ကျောင်းသားများသည် စီးပွားရေးစီမံကိန်းများအကြောင်းသင်ကြားကြရသည်။[၃]

စိုက်ပျိုးရေး

[ပြင်ဆင်ရန်]

တိုခုရှိမခရိုင်တွင် အမျိုးမျိုသော ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်သည့် မြေအရင်းအမြစ် များစွာ ရှိသည်။ ယောရှိနိုမြစ်မြောက်ဘက်ပိုင်းရှိ လွင်ပြင်သည် မြေဩဇာကြွယ်ဝသည်။ ထိုနေရာတွင် စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များကို ဂျပန်နိုင်ငံ၏ ပင်မကုန်းမြေဖြစ်သည့် ခိုးဘဲ၊ အိုဆာကာနှင့် ကျိုတိုမြို့များသို့ ပို့ဆောင်ရောင်းချသည်။ တိုခုရှိမခရိုင်မှ ထွက်ကုန်များသည် ခန်းဆိုင်းဒေသဈေးကွက်တွင် အမြဲတမ်း ထိပ်တမ်းဈေးကွက်ဝေစုကို ရယူထားသည်။ အထူးသဖြင့် ထင်ရှားသည့် ထွက်ကုန်သည် နရုတိုကန်စွန်းဥ၊ ဆုဒချိ (Sudachi)၊ ကြာမြစ်နှင့် စတော်ဘယ်ရီသီးများ ဖြစ်သည်။

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]
တိုခုရှိမခရိုင်၏ လူဦးရေပိရမစ်၊ ၂၀၂၀ ခုနှစ်

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]
အိယလွင်ပြင်၊ မိယောရှိမြို့
အိယလွင်ပြင်၊ မိယောရှိမြို့ 
ဆွတ်ရုဂိတောင်မြင်ကွင်း
ဆွတ်ရုဂိတောင်မြင်ကွင်း 
အိုးနရုတိုတံတားနှင့် နရုတိုရေဝဲများ
အိုးနရုတိုတံတားနှင့် နရုတိုရေဝဲများ 

ခရိုင်သင်္ကေတ

[ပြင်ဆင်ရန်]

တိုခုရှိမခရိုင်၏ သင်္ကေတသည် ဟိရဂနအက္ခရာနှစ်ခုဖြစ်သည့် တို(と)နှင့် ခု(く)ကို ပေါင်းစပ်ထားသည်။ ခရိုင်၏ အမည်တွင်ပါဝင်သည့် ပထမအက္ခရာနှစ်ခု ဖြစ်သည်။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 34°2′N 134°26′E / 34.033°N 134.433°E / 34.033; 134.433

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
  2. ↑ General overview of area figures for Natural Parks by prefecture။ Ministry of the Environment။ 26 June 2012 တွင် ပြန်စစ်ပြီး။
  3. ↑ "Can a sleepy Japanese town become Asia's Silicon Valley?" (in en-GB)၊ BBC News၊ 2022-08-21။