တိုကျိုရေကြောင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်

ဝီကီပီးဒီးယား မှ

တိုကျိုရေကြောင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ် (အင်္ဂလိပ်ဘာသာ: Tokyo University of Marine Science and Technology) (ဂျပန်ဘာသာ: 東京海洋大学, Tōkyō Kaiyō Daigaku, အတိုအားဖြင့် 海洋大, Kaiyōdai) သည် ဂျပန်နိင်ငံရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။[၁] ပင်မကျောင်းပုရဝဏ်သည် ရှီနာဂါဝါကျောင်းပုရဝဏ်ဖြစ်ပြီး တိုကျိုမြို့ မီနာတိုမြို့နယ်တွင် တည်ရှိပြီး ဒုတိယပုရဝဏ်သည် အက်ချုးဂျီးမားကျောင်းပုရဝဏ်ဖြစ်ပြီး တိုကျိုမြို့ ခိုတိုမြို့နယ်တွင် တည်ရှိပါသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သင်တန်းများ[ပြင်ဆင်ရန်]

တိုကျိုရေကြောင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်လက်အောက်တွင် ဘွဲ့ကြိုသင်တန်းများအတွက် မဟာဌာနကြီး(၃)ခု ရှိပြီး ဘွဲ့လွန်သင်တန်းများအတွက် ဘွဲ့လွန်မဟာဌာနတစ်ခုရှိပြီး မဟာဘွဲ့နှင့် ပါရဂူဘွဲ့များကို ချီးမြှင့်လျက်ရှိသည်။

ဘွဲ့ကြိုသင်တန်းများ[ပြင်ဆင်ရန်]

အဏ္ဏဝါသိပ္ပံမဟာဌာန[၂][ပြင်ဆင်ရန်]

အဏ္ဏဝါသိပ္ပံမဟာဌာနသည် ရှီနာဂါဝါကျောင်းပုရဝဏ်တွင် တည်ရှိပြီး အောက်ဖော်ပြပါ ဘွဲ့ကြိုသင်တန်းများကို ပို့ချလျက်ရှိသည်။

  • အဏ္ဏဝါဇီဝဗေဒ
  • အစားအသောက်သိပ္ပံနှင့်နည်းပညာ
  • အဏ္ဏဝါမူဝါဒရေးရာနှင့်ယဉ်ကျေးမှုပညာ

ရေကြောင်းအရင်းအမြစ်နှင့်ပတ်ဝန်းကျင်သိပ္ပံမဟာဌာန[၃][ပြင်ဆင်ရန်]

ရေကြောင်းအရင်းအမြစ်နှင့်ပတ်ဝန်းကျင်မဟာဌာနသည် ရှီနာဂါဝါကျောင်းပုရဝဏ်တွင် တည်ရှိပြီး အောက်ဖော်ပြပါ ဘွဲ့ကြိုသင်တန်းများကို ပို့ချလျက်ရှိသည်။

  • သမုဒ္ဒရာသိပ္ပံပညာ
  • ရေကြောင်းအရင်းအမြစ်နှင့်စွမ်းအင်ပညာ

ရေကြောင်းနည်းပညာမဟာဌာန[၄][ပြင်ဆင်ရန်]

ရေကြောင်းနည်းပညာမဟာဌာနသည် အက်ချုးဂျီးမားကျောင်းပုရဝဏ်တွင် တည်ရှိပြီး အောက်ဖော်ပြပါ ဘွဲ့ကြိုသင်တန်းများကို ပို့ချလျက်ရှိသည်။

  • ရေကြောင်းသွားလာရေးစနစ်အင်ဂျင်နီယာ
  • ရေကြောင်းအီလက်ထရောနစ်နှင့်စက်မှုအင်ဂျင်နီယာ
  • ထောက်ပံ့ပို့ဆောင်ရေးနှင့်သတင်းအချက်အလက်အင်ဂျင်နီယာ

ဘွဲ့လွန်သင်တန်းများ[၅][ပြင်ဆင်ရန်]

ဘွဲ့လွန်သင်တန်းများကို ရေကြောင်းသိပ္ပံနှင့်နည်းပညာဆိုင်ရာသုတေသနဘွဲ့လွန်မဟာဌာနလက်အောက်တွင် ပို့ချလျက်ရှိပါသည်။ ဘွဲ့လွန်မဟာဌာနသည် ကျောင်းပုရဝဏ်၂ခုလုံးတွင် တည်ရှိပါသည်။ မဟာသိပ္ပံဘွဲ့၊ မဟာအင်ဂျင်နီယာဘွဲ့နှင့် ပါရဂူဘွဲ့များကို အပ်နှင်းလျက်ရှိသည်။

မဟာဘွဲ့သင်တန်းများ[ပြင်ဆင်ရန်]

  • အဏ္ဏဝါဇီဝဗေဒ မဟာဘွဲ့
  • အစားအသောက်သိပ္ပံနှင့်နည်းပညာ မဟာဘွဲ့
  • အဏ္ဏဝါမူဝါဒရေးရာနှင့်စီမံခန့်ခွဲမှုပညာ မဟာဘွဲ့
  • ရေကြောင်းအရင်းအမြစ်နှင့်ပတ်ဝန်းကျင်သိပ္ပံ မဟာဘွဲ့
  • ရေကြောင်းစနစ်အင်ဂျင်နီယာ မဟာဘွဲ့
  • ရေကြောင်းနည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေး မဟာဘွဲ့
  • စားသောက်ကုန်ထောက်ပံ့ရေးကွင်းဆက်တွင်အန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှု မဟာဘွဲ့

ပါရဂူဘွဲ့သင်တန်းများ[ပြင်ဆင်ရန်]

ပါရဂူဘွဲ့သင်တန်းတွင် ဘွဲ့၂မျိုး အပ်နှင်းလျက်ရှိပြီး ဘွဲ့အမည်နာမတစ်ခုချင်းအောက်တွင် အထူးပြု သုတေသနနယ်ပယ်များ ခွဲခြမ်းထားလျက်ရှိပါသည်။ အပ်နှင်းသော ပါရဂူဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အသုံးချအဏ္ဏဝါဇီဝဗေဒ ပါရဂူဘွဲ့
    • အသုံးချဇီဝဗေဒ
    • အဆင့်မြင့်အစားအသောက်သိပ္ပံနှင့်နည်းပညာ
    • မျိုးရိုးဗေဒ
    • ငါးကျန်းမာရေးစီမံခန့်ခွဲမှု
    • ငါးမျိုးပွားမှုနှင့်အပြုအမူဆိုင်ရာဇီဝကမ္မဗေဒ
    • ရေနေသက်ရှိဦးရေဗေဒ
    • ငါးလုပ်ငန်းဂေဟဗေဒ
    • ရေနေသက်ရှိများဇီဝလည်ပတ်မှုဆိုင်ရာပညာ
  • အသုံးချရေကြောင်းပတ်ဝန်းကျင်စနစ် ပါရဂူဘွဲ့
    • အဏ္ဏဝါဂေဟစနစ်ရေးရာ
    • သမုဒ္ဒရာသိပ္ပံနှင့်နည်းပညာအင်ဂျင်နီယာ
    • အသုံးချရေကြောင်းသွားလာရေးစနစ်အင်ဂျင်နီယာ
    • ထောက်ပံ့ပို့ဆောင်ရေးအင်ဂျင်နီယာ
    • ရေကြောင်းစက်မှုနှင့်စနစ်ဆိုင်ရာအင်ဂျင်နီယာ
    • ရေကြောင်းစီးပွားရေး၊ မူဝါဒနှင့် ယဉ်ကျေးမှုရေးရာ
    • ရေကြောင်းအန္တရာယ်ကင်းရှင်းရေးနည်းပညာအင်ဂျင်နီယာ
    • ရေကြောင်းရှာဖွေရေးနှင့်အသုံးချအင်ဂျင်နီယာ

ကိုးကာချက်များ[ပြင်ဆင်ရန်]

  1. https://www.kaiyodai.ac.jp/
  2. http://www.s.kaiyodai.ac.jp/
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 3 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2022 တွင် ပြန်စစ်ပြီး။
  4. http://www.e.kaiyodai.ac.jp/
  5. https://www.g.kaiyodai.ac.jp/english/index.html