တိုကျိုဗုံးကြဲမှု

ဝီကီပီးဒီးယား မှ
Bombing of Tokyo
the Bombing of Tokyo and Air raids on Japan during World War II၏ တစ်စိတ်တစ်ပိုင်း
Black and white photo of people walking along a road passing through a large area of destroyed buildings
မတ်လ ၁၀ရက် ၁၉၄၅ခုနှစ်အတွက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် တိုကျိုမြို့တစ်နေရာရှိ လမ်းမပေါ်မှ ဖြတ်သန်းလာပုံ
ရက်စွဲ9/10 March 1945
နေရာTokyo, Japan
ရလဒ် United States victory
စစ်ရင်ဆိုင်သည့် နိုင်ငံများ
 အမေရိကန်  ဂျပန်
တပ်မှူးများနှင့် ခေါင်းဆောင်များ
Curtis LeMay
Thomas S. Power
Shizuichi Tanaka
ပါဝင်သည့် တပ်ဖွဲ့များ
XXI Bomber Command 1st Antiaircraft Division
10th Air Division
စစ်အင်အား
325 bombers
(279 bombers over target)
Approximately 638 antiaircraft guns
90 fighter aircraft
Professional and civilian firefighters
အသေအပျောက်
14 aircraft destroyed
96 aircrew killed or missing
90,000 to 100,000 killed (most common estimates)
Over one million homeless
267,171 buildings destroyed

၁၉၄၅ခုနှစ် မတ်လ ၉-၁၀ ညတစ်ညတွင်ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့အား အမေရိကန်တပ်မတော်လေတပ် ဦးဆောင်သည့် လေတပ်မှ တိုကျိုအားဖွတ်ဖွတ်ညပ်ညပ်ကြေစေသောအောင်မီးလောင်ဗုံးကြဲတိုက်ခိုက်သည့်စစ်ဆင်ရေးကြီးတစ်ခု ပြုလုပ်ခဲ့လေသည်။ ဤတိုက်ခိုက်မှုကြီးကို Operation Meetinghouse ဟု အမေရိကန် လေတပ်မှလျှို့ဝှက်အမည်ပေးခဲ့ပြီး ဂျပန်နိုင်ငံတွင် မဟာတိုကျိုလေကြောင်းစစ်ဆင်ရေးကြီးဟု အများသိကြသည်။ ဘိုးရင်း B-29 Superfortressအမျိုးအစား ဗုံးကြဲလေယာဉ်ပေါင်း ၂၇၉စင်းမှ အကြီးစားမီးလောင်းဗုံးကြီးများ ကြဲချခဲ့ပြီး တိုကျိုအရှေ့ပိုင်း နေရာတော်တော်များများအား မီးလောင်ကြွမ်းစေခဲ့သည်။ ဂျပန်လူမျိုးပေါင်း ၉၀၀၀၀ ကျော်နှင့် ၁၀၀၀၀၀ အားသေစေခဲ့ပြီး အများစုမှာ ပြည်သူများဖြစ်ကာ လူတစ်သန်းခန့် အိုးအိမ်မဲ့ဖြစ်စေခဲ့သည့်အပြင် ဒုတိယကမ္ဘာစစ်၏ လေကြောင်းတိုက်ခိုက်မှုတခုအတွင်းဖျက်ဆီးနိုင်မှုအများဆုံး မှတ်တမ်းတစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ရသည်။ အမေရိကန်ရိကန်တို့ဘက်မှ လေယာဉ် ၁၄ စင်းနှင့် လေသူရဲ ၉၆ ယောက်အား ဆုံးရှုံးစေသော်လည်း ဂျပန်လေကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး၏ ကြီးမားကျယ်ပြန့်သော လိုအပ်ချက်များအား သက်သေပြခဲ့သည်။ ဂျပန်အားလေကြောင်းတိုက်ခိုက်မှုများကို ၁၉၄၄ခုနှစ် ဇွန်လတွင်စတင်ခဲ့ပြီး တိုကျိုတိုက်ခိုက်မှုသည် အပြင်းထန်ဆုံးတစ်ခုဖြစ်သည်။ ဤစစ်ဆင်ရေးမတိုင်မီက USAAF သည်ဂျပန်စက်မှုဇုန်များအားတိကျသောဗုံးဖောက်ခွဲမှုလှုပ်ရှားမှုကိုအာရုံစိုက်ခဲ့သည်။ သို့သော်လည်း ယင်းတိုက်ခိုက်မှုများသည် မအောင်မြင်သောကြောင့် မီးလောင်ဗုံးကြဲခြင်းသို့ ပြောင်းလဲရန်ဆုံးဖြတ်ချက်အား တွန်းအားပေးခဲ့သည်။ မတ်လ ၁၀ရက်၏ အစောပိုင်းအချိန်များအတွင်း စစ်ဆင်းရေးအား ဂျပန်မြို့တော်အား အဓိကမီးလောင်ဗုံးကြဲခြင်းသည် ပထမဖြစ်ပြီး အမေရိကန်လေတပ်သည် တိကျသောစစ်ဆင်မှုများတွင် အသုံးပြုခဲ့သည် ညအချိန်တွင် လေယာဉ်များအား အနိမ့်ပျံသန်းကာ ဗုံးကြဲခြင်းကဲ့သို့သော မတူညီသည့် နည်းဗျူဟာများအသုံးချစေခဲ့သည်။ ဝင်ရောက်စီးနင်းမှုကြောင့်အကြီးအကျယ်ပျက်စီးခြင်း နည်းဗျူဟာများကို စစ်အပြီးအထိ USAAF ၏ B-29 များအတွက်စံဖြစ်လာသည်။ ထို မတ်လ၁၀ရက်နေ့ တိုကျိုဗုံးကြဲခြင်း၏ အကျင့်သိက္ခာအား ငြင်းခုံချက်သည် ကာလကြာရှည်နေပြီးဖြစ်သည်။ စစ်ဆင်မှုသည် မဟာမိတ်တို့၏ မဟာဗျူဟာမြောက် ဗုံးကြဲလှုပ်ရှားမှုများ၏ ဝေဖန်စရာများတွင် အဓိက သောချက်အဖြစ် မကြာခဏတိုက်ရိုက်ကိုကားပြီး မြောက်မြားစွာသော သမိုင်းပညာရှင်များနှင့် သုံးသပ်ချက်ပေးသူများက ငြင်းခုံနေကြသည်မှာ အမေရိကန်လေတပ်၏ ပြည်သူများအပေါ် ပစ်မှတ်ထားမှုသည် လက်ခံနိုင်စရာမရှိကြောင်းနှင့် အခြားသမိုင်းပညာရှင်များက အမေရိကန်တို့အနေဖြင့် တိကျသောဗုံးကြဲမှုသာမအောင်မြင်ခဲ့လျှင် ဧရိယာဗုံးကြဲမှုနည်းဗျူဟာအားအသုံးပြုရမည့်ရွေးချယ်မှုအားပြောင်းလဲရန် ရွေးစရာမရှိသောကြောင့်ဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း ‌ေယဘူယျအားဖြင့် တိုကျိုအားစစ်ဆင်ခဲ့သည် နည်းဗျူဟာနှင့် အခြားဆင်တူ ဗျူဟာများသည် စစ်ရေးအရအောင်မြင်မှုများဖြစ်သည်ဟု အသိအမှတ်ပြုရပေလိမ့်မည်။ ဤတိုက်ခိုက်မှုအား အထင်ကရအထိမ်းအမှတ်နှစ်ခု၊အခြား အထိမ်းအမှတ်အငယ်များနှင့် ပုဂ္ဂလိကပြတိုက်တစ်ခုတွင် အထိမ်းအမှတ်ပွဲများကျင်းပပေးသည်။