တိရစ္ဆာန်ဥယျာဉ်

ဝီကီပီးဒီးယား မှ
(တိရိစ္ဆာန်ဥယျာဉ် မှ ပြန်ညွှန်းထားသည်)
တိရစ္ဆာန်ဥယျာဉ်တွင်းမှ ပင်ဂွင်းများ

တိရစ္ဆာန်ဥယျာဉ်သည် လူအများကြည့်ရှုနိုင်‌စေရန် တိရစ္ဆာန်အမျိုးမျိုးကို ပြသထား‌သော ‌နေရာဖြစ်သည်။ ထို ဥယျာဉ်တွင် တိရစ္ဆာန်များကို သူတို့ဘာသာဘဝအတိုင်း လွတ် လပ်စွာ‌နေထိုင်ရန် တတ်နိုင်သမျှစီမံဖန်တီးထားသည်။ တိရစ္ဆာန် ဥယျာဉ်တွင် တိရစ္ဆာန်များကို ‌မွေးမြူ၍ ပြသထားရခြင်း အ‌ကြောင်းအချက်များစွာပင် ရှိ၏။

စာသင်ကျောင်း[ပြင်ဆင်ရန်]

အ‌ရေးအကြီးဆုံး အချက်မှာ တိရစ္ဆာန်များကို လူတို့ စိတ်ဝင်စား‌စေနိုင်ရန်ဖြစ်သည်။ ‌နောက် တစ်ချက်မှာ သိပ္ပံပညာရှင်များသည် ထိုတိရစ္ဆာန်များကို ‌လေ့ လာခြင်းအားဖြင့် အ‌ရေးကြီး‌သော ဗဟုသုတများကို ရရှိ‌စေနိုင် ‌စေရန်ဖြစ်သည်။ တိရစ္ဆာန်အများပြုမူပုံကို၎င်း၊ စား‌သောက်ပုံကို ၎င်း၊ မည်သို့ကြီးပြင်းလာပုံကို၎င်း ကြည့်ရှု‌နေခြင်းအားဖြင့် လူ တို့အတွက် အကျိုးရှိ‌သော ဗဟုသုတများစွာကို ရရှိနိုင်သည်။ အ‌ရေးကြီး‌သော သိပ္ပံ‌တွေ့ရှိချက်များစွာပင် တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်များကို ‌လေ့လာရာမှ ထွက်‌ပေါ်လာခဲ့သည်ဟု ဆို၏။ ထို‌ကြောင့် တိရစ္ဆာန်ဥယျာဉ်သည် တိရစ္ဆာန်များအ‌ကြောင်းကို ‌လေ့လာနိုင်‌သော စာသင်‌ကျောင်းကြီးသဖွယ် ဖြစ်‌ပေသည်။

ကမ္ဘာ့ တိရစ္ဆာန် များ[ပြင်ဆင်ရန်]

တိရစ္ဆာန်ဥယျာဉ်သို့ လာ‌ရောက်သူတို့သည် တိရစ္ဆာန်‌လှောင်အိမ် များ၌ကပ်ထား‌သော စာကိုဖတ်၍၎င်း၊ လမ်းညွန်စာအုပ်ကိုကြည့် ၍၎င်း၊ နားလည်သူတို့က ‌ပြောပြသည်ကို နား‌ထောင်၍၎င်း တိရစ္ဆာန်အမည်များနှင့် ယင်းတို့၏ အ‌ကြောင်းအရာများကို သိနိုင်ကြသည်။ မိမိတို့နိုင်ငံ၌ရှိ‌သော တိရစ္ဆာန်များအ‌ကြောင်းကို သာမက ကမ္ဘာအနှံ့အပြားမှ ရရှိထား‌သော တိရစ္ဆာန်များ၏ အ‌ကြောင်းကိုပါ သိရှိနိုင်ကြ‌လေသည်။


လှောင်အိမ်ကြီး နှင့် လှောင်အိမ်ငယ်[ပြင်ဆင်ရန်]

တိရစ္ဆာန်ဥယျာဉ်ကို ထိန်းသိမ်းရာတွင် အ‌ရေးအကြီးဆုံး အချက်မှာ တိရစ္ဆာန်များကို သင့်‌တော်‌သော အစားအစာများဖြင့် ကျန်းမာသန့်ရှင်းစွာ ထားရှိနိုင်ရန်ပင်ဖြစ်သည်။ တိရစ္ဆာန်များကို ‌လှောင်သည့်အခါ၊ ‌လှောင်အိမ်ကြီးကြီး၌ ‌လှောင်မှသာလျှင် ‌ကောင်းသည်ဟု အများကထင်မှတ်ကြ‌သော်လည်း၊ တတ်ကျွမ်း နားလည်‌သော တိရစ္ဆာန်ရုံ‌စောင့်တို့၏ကိုယ်‌တွေ့၌ကား တိရစ္ဆာန် တို့ကို ‌လှောင်အိမ်ငယ်များ၌ ‌မွေးမြူခြင်းသည် ‌လှောင်အိမ်ကြီး များတွင်‌မွေးမြူခြင်းထက် ပိုမို‌ကောင်းမွန်၍ တိရစ္ဆာန်များလည်း ပိုမိုကျန်းမာ၍ အသက်ရှည်‌ကြောင်း ‌တွေ့ရ‌လေသည်။ ထို့ပြင် တိရစ္ဆာန်များ၏ ဇာတိကိုလိုက်၍လည်း သင့်‌တော်‌သော ‌နေရာ ထိုင်ခင်းများ စီမံ‌ပေးရ‌ပေသည်။ ပမာအားဖြင့် အ‌အေးပိုင်း‌ဒေသ မှလာ‌သော တိရစ္ဆာန်မျိုးအတွက် ‌နွေရာသီ၌ အ‌အေးဓာတ်ကို ဖန်တီး‌ပေးရန်ပင်ဖြစ်သည်။ အစာ‌ကျွေးရာ၌လည်း လုပ်ရကိုင်ရ လွယ်ကူ‌စေရန် လတ်ဆတ်‌သောအစာ အမျိုးမျိုးကို အလှည့်နှင့် ‌ကျွေး‌မွေးရ‌ပေမည်။ သို့‌သော် အစာတစ်မျိုးတည်းမှတစ်ပါး အခြားမည်သည့်အစာကိုမျှ မစား‌သော တိရစ္ဆာန်မျိုး အတွက်မူ တစ်ဦးတခြား အထူးစီမံ‌ပေးရ‌လေသည်။

ပထမဦးဆုံး တိရစ္ဆာန် ဥယျာဉ်[ပြင်ဆင်ရန်]

အီဂျစ်နိုင်ငံ ‌ရှေး‌ဟောင်းသင်းချိုင်းဂူများ၌ ‌တွေ့ရှိရ‌သော စာတမ်းများအရ ‌တောတိရစ္ဆာန်များကို လူတို့ဖမ်းဆီး‌မွေးမြူကြ ‌သော အ‌လေ့အထမှာ နှစ်‌ပေါင်း ၄၀၀၀ ‌ကျော်မျှကြာမြင့်ခဲ့ပြီ ဖြစ်‌သော်လည်း၊ တရုတ်နိုင်ငံတွင် ချူမင်းဆက်အစ ဘီစီ ၁၁၀၀ ပြည့်နှစ်‌လောက်က တည်‌ထောင်ခဲ့‌သောတိရစ္ဆာန် ဥယျာဉ်သည်သာလျှင် ကမ္ဘာတွင် ပထမဦးဆုံး‌သော တိရစ္ဆာန် ဥယျာဉ်ဖြစ်သည်ဟု သု‌တေသီတို့က ယူဆကြသည်။ တိရစ္ဆာန် များကို ရှာ‌ဖွေစု‌ဆောင်းရာ၌ ‌ရှေး‌ခေတ်က အလွန်‌ကျော်ကြားခဲ့ ‌သော ပုဂ္ဂိုလ်မှာ အီဂျစ်ဘုရင် ဒုတိယ‌တော်လမီ ဖြစ်သည်။ ဂရိ နှင့်‌ရောမလူမျိုးများ၌လည်း ဤကဲ့သို့‌သော အ‌လေ့အထိရှိခဲ့ကြ ၏။ ‌ရောမဘုရင်ကြီး နီးရိုး(ခရစ် ၃ရ-၆၈ ခုနှစ်)သည် ‌ရောမ မြို့ရှိ ‌ရွှေအိမ်‌ခေါ် မိမိစံအိမ်‌တော်၌ တိရစ္ဆာန်အမျိုးမျိုးကို ‌မွေး မြူခဲ့‌လေသည်။ ‌ရောမမြို့ကြီး ‌ခေတ်တိမ်သွားပြီးသည့်‌နောက်၌ တိရစ္ဆာန်အမျိုးစုံ စု‌ဆောင်းရာတွင် ကွန်စတင်တီနိုပယ်မြို့က နာမည်ရလာခဲ့၏။ ‌နောင်အခါ၌ တိရစ္ဆာန်များ ရှာ‌ဖွေစု‌ဆောင်း ခြင်းသည် ၁၈ ရာစုနှစ်ကုန်သည်အထိ ‌ဆွေ‌တော်မျိုး‌တော်များ နှင့်မှူးမတ်များတို့ထဲတွင် ‌ခေတ်စား‌သောအ‌လေ့အထတစ်ခု ဖြစ် ခဲ့၏။ အင်္ဂလန်ပြည်၌ ပထမဆုံး‌သောတိရစ္ဆာန်ဥယျာဉ်ကို ပထမ ဟင်နရီဘုရင် (ခရစ် ၁၀၆၈-၁၁၈၅ ခုနှစ်)လက်ထက် ‌အောက် စဖို့မြို့အနီး ဝုစ‌တော့အရပ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို ‌နောက်မှ တတိယ ဟင်နရီဘုရင် (ခရစ် ၁၂ဝရ-၁၂ရ၂ ခုနှစ်) လက်ထက်တွင် ယင်းအရပ်မှလန်ဒန်မြို့ ‌မျှော်စင်ကြီးသို့ ၁၈၂၈ ခုနှစ်အထိ ‌ပြောင်း‌ရွေ့ထားခဲ့‌လေသည်။

သိပ္ပံပညာ အတွက် တိရစ္ဆာန်ဥယျာဉ်[ပြင်ဆင်ရန်]

ထို‌ခေတ်က တိရစ္ဆာန်ဥယျာဉ်များ တည်‌ထောင်ထားရှိခြင်း မှာ သိပ္ပံပညာကို အား‌ပေး‌သောသ‌ဘောသို့ မသက်‌ရောက်‌သေး ‌ချေ။ သို့‌သော် ပြင်သစ်နိုင်ငံ ပါရစ်မြို့၌ ၁၈၀၄ခုနှစ်တွင် ဖွင့် လှစ်ခဲ့‌သော ဇာဒင်းဒါပလန့် အမည်ရှိ တိရစ္ဆာန်ဥယျာဉ်မှာမူ သိပ္ပံပညာရပ်များကို သု‌တေသန ပြုလုပ်ရန်အတွက် သက်သက် ပထမဦးဆုံး တည်‌ထောင်ထား‌သော တိရစ္ဆာန်ဥယျာဉ်ဖြစ်သည်။ ဤတိရစ္ဆာန်ဥယျာဉ်မျိုးကို အင်္ဂလန်ပြည်ရှိ တိရစ္ဆာန‌ဗေဒအသင်း က ၁၈၂၈ ခုနှစ်တွင် လန်ဒန်မြို့၌ စတင်ဖွင့်လှစ်ခဲ့၍ ဗက်ဖို့ ရှိုင်းယားနယ် ဝှစ်စနိပ်အရပ်၌လည်းအလားတူ တိရစ္ဆာန်ဥယျာဉ် မျိုးကို ထပ်မံဖွင့်လှစ်ထားခဲ့သည်။ ထိုအခါမှစ၍ တိရစ္ဆာန် ဥယျာဉ်များတည်‌ထောင် ဖွင့်လှစ်ခြင်းအ‌လေ့အထမှာ ကမ္ဘာအရပ် ရပ်သို့ ပျံ့နှံ့ခဲ့‌လေသည်။

ကိုးကား[ပြင်ဆင်ရန်]