တိဘက်လွတ်လပ်ရေး ဂီတပွဲတော်

ဝီကီပီးဒီးယား မှ

တိဘက်လွပ်လပ်ရေးအတွက် ဒလိုင်းလားမားနှင့်အတူ ကမ္ဘာ့ပြည်သူတွေ ကူညီခဲ့ကြလေသည်။ တိဘက်လွတ်လပ်ရေး ဂီတပွဲတော်များတွင် ကမ္ဘာကျော် ဂီတပညာရှင် အချို့လည်း ပါဝင်ခဲ့လေသည်။ ပထမဦးဆုံး တိဘက်လွတ်လပ်ရေးဂီတပွဲတော်ကို ၁၉၉၆-ခုနှစ် ဆန်ဖရန်စစ္စကို၊ ဂိုးဒင်းဂိတ်ပန်းခြံတွင် ကျင်းပခဲ့ရာ လူထောင်ပေါင်းများစွာ လာရောက်အားပေးကြသည်။ ဘတ်တီဘွိုင်းနှင့် ရက်ဒ်ဟော့ချီလီပက်ပါး ဂီတအဖွဲ့တွေက ဖျော်ဖြေခဲ့ကြပီ့း အဝေးရောက် တိဘက်လူမျိုး အချို့နှင့် ကျွမ်းကျင်ပညာရှင်များက တိဘက်နိုင်ငံ လွတ်မြောက်ရေးနှင့် ပတ်သက်ပြီး ဟောပြောခဲ့ကြသည်။


ထိုအချိန်မှ စတင်ကာ ကမ္ဘာ့မြို့ကြီးများမှာ တိဘက်လွတ်မြောက်ရေးဂီတပွဲတော်များကို ကျင်းပလာခဲ့ကြသည်။ ဂီတပွဲတော်မှ ရရှိသော ဒေါ်လာသန်းပေါင်းများစွာကို အဝေးရောက် တိဘက်လူမျိုးများကို ထောက်ပံ့ပေးခဲ့သည်။ ဂီတပွဲတော်မှ တစ်ဆင့် လူငယ်တွေကိုလည်း လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြဖို့ တွန်းအားများ ပေးခဲ့လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. the key collection 2018, စာကြည့်တိုက် စာစဉ်(၁၂၄) ဒလိုင်းလားမား