မာတိကာသို့ ခုန်သွားရန်

တိဗက်လူမျိုး

ဝီကီပီးဒီးယား မှ
တိဗက်လူမျိုးများ (Tibetan people)
བོད་པ་ (Bod pa)
ရိုးရာပွဲတော်တစ်ခုတွင် တွေ့ရသော တိဗက်လူမျိုးများ
လူဦးရေ စုစုပေါင်း
၆.၇ သန်းခန့်
အများစု နေထိုင်သည့် နေရာ
 တရုတ်၆.၃ သန်း (၂၀၁၀ သန်းခေါင်စာရင်း)[]
 အိန္ဒိယ၁၈၂,၆၈၅ (၂၀၁၁ သန်းခေါင်စာရင်း)[]
 နီပေါ၂၀,၀၀၀ - ၄၀,၀၀၀[]
 ဘူတန်၄,၀၀၀ ခန့်[]
 အမေရိကန်၁၀,၀၀၀[]
ဘာသာစကား
တိဗက်ဘာသာစကားတရုတ်ဘာသာစကား
ကိုးကွယ်မှု
တိဗက်ဗုဒ္ဓဘာသာ (အဓိက)၊ ဗွန်ဘာသာ (Bön)
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ယီ လူမျိုးဗမာလူမျိုးရဝမ်လူမျိုးလီဆူလူမျိုးကချင်လူမျိုး နှင့် အခြား တရုတ်-တိဗက်နွယ်ဝင်များ

တိဗက်လူမျိုးများသည် တရုတ်-တိဗက်အုပ်စု ဝင်လူမျိုးများ ဖြစ်ကြပြီး အရှေ့အာရှ၊ တရုတ်ပြည်တောင်ပိုင်းရှိ ဌာနေတိုင်းရင်းသားလူမျိုးများ ဖြစ်သည်။ လူဦးရေမှာ စုစုပေါင်း ၆.၇ သန်းဝန်းကျင်ရှိပြီး အများစုမှာ တရုတ်နိုင်ငံ၊ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်ကြကာ ကန်စု၊ ချင်းဟိုင်နှင့် စီချွမ်းပြည်နယ်တို့တွင်လည်း ဖြန့်ကျက်နေထိုင်ကြသည်။[]

တိဗက်လူမျိုးများသည် ကမ္ဘာ့အမိုးဟု တင်စားခေါ်ဝေါ်သော ဟိမဝန္တာတောင်တန်း ဒေသနှင့် တိဗက်ကုန်းပြင်မြင့်တွင် ရှေးကတည်းကပင် အခြေချနေထိုင်ခဲ့ကြသည်။ သမိုင်းကြောင်းအရ ၎င်းတို့သည် ဟိမဝန္တာတောင်တန်းများကို ဖြတ်ကျော်ကာ တောင်ပိုင်းဒေသများဖြစ်သော တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းအထိ ကျယ်ပြန့်စွာ ပျံ့နှံ့နေထိုင်လာခဲ့ကြသည်။[] ယနေ့ခေတ်တွင် တိဗက်လူမျိုးများကို တရုတ်နိုင်ငံအတွင်း၌သာမက နီပေါနိုင်ငံဘူတန်နိုင်ငံအိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင်လည်း ဌာနေတိုင်းရင်းသားများအဖြစ်သော်လည်းကောင်း၊ ရွှေ့ပြောင်းအခြေချနေထိုင်သူများအဖြစ်သော်လည်းကောင်း တွေ့ရှိရသည်။[][]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

တိဗက်-ဗမာနွယ်ဝင်များသည် ဟန်တရုတ်များနှင့် လမ်းခွဲပြီးနောက် တောင်ဘက်သို့ ဆက်လက်ရွှေ့ပြောင်းခဲ့ကြရာတွင် အဓိက လမ်းကြောင်းနှစ်ခုကို အသုံးပြုခဲ့ကြသည်၊၊ပထမလမ်းကြောင်း ဟိမဝန္တာတောင်တန်းတလျှောက် အနောက်ဘက်သို့ ရွှေ့ပြောင်းပြီး တိဗက်ကုန်းပြင်မြင့်တွင် အခြေချခြင်း နှင့် ဒုတိယလမ်းကြောင်း တရုတ်ပြည် အနောက်တောင်ပိုင်း (စီချွမ်း၊ ယူနန်) မှတစ်ဆင့် တောင်ဘက်သို့ ဆင်းလာပြီး မြန်မာနိုင်ငံအိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း နှင့် ထိုင်းနိုင်ငံမြောက်ပိုင်း အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်၊၊ ပထမလမ်းကြောင်းမှလူများသည် တိဗက်လူမျိုးများဖြစ်လာသည်။

တိဗက်လူမျိုးတို့၏ သမိုင်းကြောင်းသည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက တိဗက်ကုန်းပြင်မြင့်ပေါ်တွင် အခြေချခဲ့ကြောင်းကို ရှေးဟောင်းသုတေသန အထောက်အထားများအရ ၎င်းတို့၏ ဘိုးဘေးများသည် ကျောက်ခေတ်သစ်ကာလကတည်းကပင် ဟိမဝန္တာတောင်တန်းတလျှောက် အခြေချနေထိုင်ခဲ့ကြကာ တရုတ်-တိဗက်နွယ်ဝင် အနွယ်စုများအဖြစ် သီးခြားဝိသေသဖြင့် တည်ရှိခဲ့ကြသည်၊၊[] တိဗက်တို့၏ သမိုင်းတွင် အထင်ရှားဆုံးသော ကာလမှာ အေဒီ ၇ ရာစုတွင် ဘုရင် စုန်ဆန်ဂမ်ပို (Songtsen Gampo) က တိဗက်အင်ပါယာ (Tibetan Empire) ကို တည်ထောင်ခဲ့သည့် ကာလဖြစ်ပြီး ၎င်းလက်ထက်တွင် တိဗက်စာပေ ထွန်းကားလာခြင်း၊ အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှတစ်ဆင့် ဗုဒ္ဓဘာသာ စတင်ဝင်ရောက်လာခြင်းတို့ကြောင့် တိဗက်ယဉ်ကျေးမှုသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကာ ထိုအင်ပါယာသည် အာရှအလယ်ပိုင်းအထိ အာဏာစက် ဖြန့်ကျက်နိုင်ခဲ့သည်၊၊[] ၉ ရာစုတွင် အင်ပါယာ ပြိုကွဲပြီးနောက်ပိုင်း တိဗက်ဒေသသည် ပြည်နယ်ငယ်များအဖြစ် ကာလရှည်ကြာ ကွဲပြားနေခဲ့သော်လည်း ၁၃ ရာစု မွန်ဂိုအင်ပါယာ ထွန်းကားလာချိန်တွင် မွန်ဂိုခေါင်းဆောင်များနှင့် တိဗက်သာသနာပိုင်များအကြား "ဆရာနှင့် ဒါယကာ" (Priest-Patron) ဆက်ဆံရေး ပေါ်ပေါက်လာခဲ့ရာမှတစ်ဆင့် တိဗက်ပြည်တွင် သာသနာရေးဆိုင်ရာ အုပ်ချုပ်မှုပုံစံ အားကောင်းလာခဲ့သည်၊၊[] ၁၇ ရာစုတွင် ပဉ္စမမြောက် တလိုင်းလားမား (5th Dalai Lama) လက်ထက်၌ တိဗက်တပြည်လုံးကို ဗဟိုချုပ်ကိုင်မှုဖြင့် ပြန်လည်စည်းလုံးနိုင်ခဲ့ပြီး ပိုတာလာနန်းတော်ကြီးကို တည်ဆောက်ကာ ဘာသာရေးနှင့် နိုင်ငံရေး ပူးတွဲအုပ်ချုပ်သည့်စနစ်ကို ခိုင်မာစေခဲ့သည်၊၊ ၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်းတွင် တိဗက်သည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်နည်းသော သီးခြားနိုင်ငံအဖြစ် တည်ရှိခဲ့သော်လည်း ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိခဲ့ရာမှ ၁၉၅၉ ခုနှစ် တိဗက်ပုန်ကန်မှု ဖြစ်ပွားခဲ့ပြီးနောက် ၁၄ ပါးမြောက် တလိုင်းလားမားနှင့် တိဗက်လူမျိုးအမြောက်အမြားသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကာ ယနေ့တိုင် တိဗက်ယဉ်ကျေးမှုနှင့် ဘာသာရေးအမွေအနှစ်များကို ပြည်ပရောက် တိဗက်လူ့အဖွဲ့အစည်းများမှတစ်ဆင့် ကမ္ဘာအနှံ့ ထိန်းသိမ်းပျံ့နှံ့စေလျက် ရှိသည်၊၊[၁၀]

မျိုးရိုးဗီဇ

[ပြင်ဆင်ရန်]

မျိုးရိုးဗီဇဆိုင်ရာ သုတေသနများအရ တရုတ်-တိဗက်နွယ်ဝင် လူမျိုးများအားလုံးသည် လွန်ခဲ့သော နှစ်ပေါင်း ၅,၀၀၀ မှ ၇,၀၀၀ ခန့်က တရုတ်ပြည်မြောက်ပိုင်း မြစ်ဝါမြစ်ဝှမ်းတွင် အခြေချခဲ့သော ရှေးဦးစိုက်ပျိုးရေးသမား (Neolithic Farmers) များမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားများ တွေ့ရှိရသည်၊၊[၁၁]

တရုတ်-တိဗက်နွယ်ဝင်များ (တိဗက်၊ ဗမာ နှင့် ဟန်တရုတ်) အားလုံးတွင် အဓိကတွေ့ရသော ဖခင်ဘက်မှ မျိုးရိုးဗီဇအမှတ်အသားမှာ Haplogroup O2 (ယခင် O3 - M122) ဖြစ်ပြီး ထိုဘာသာစကားမိသားစုကြီး၏ အဓိကဗီဇသော့ချက်ပင် ဖြစ်သည်၊၊ တိဗက်လူမျိုးများသည် အခြား တရုတ်-တိဗက်နွယ်ဝင်များနှင့် မတူဘဲ Haplogroup D-M174 ဗီဇကိုပါ ပိုင်ဆိုင်ထားကြသည်၊၊ ဤအမှတ်အသားသည် အရှေ့အာရှရှိ အခြားလူမျိုးစုများ တွင် တွေ့ရခဲကာ ဂျပန်နိုင်ငံရှိ အိုင်နူး (Ainu) လူမျိုးများ တွင်ထူးထူးခြားခြားတွေ့ရသည်။[၁၂] ၎င်းမှာ တိဗက်ကုန်းပြင်မြင့်သို့ ရောက်ရှိလာသော ရှေးဦးတရုတ်-တိဗက်နွယ်ဝင်များ (Haplogroup O) နှင့် ထိုဒေသတွင် အခြေချနေထိုင်နှင့်ပြီးသား ရှေးဦးအာရှသား (Paleolithic Asians) များ သွေးနှောမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်၊၊[၁၃]

တိဗက်လူမျိုးတို့၏ မျိုးရိုးဗီဇသည် ကမ္ဘာပေါ်ရှိ အခြားသော လူမျိုးစုများနှင့်မတူဘဲ အလွန်ထူးခြားသည့် ဝိသေသများရှိရာ အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်မားသော ဒေသများတွင် အောက်ဆီဂျင်နည်းပါးသည့်ဒဏ်ကို ခံနိုင်ရည်ရှိစေသည့် EPAS1 ဟုခေါ်သော "အမြင့်ဒေသလိုက်လျောညီထွေဖြစ်မှု ဗီဇ" (High-altitude adaptation gene) ကို ပိုင်ဆိုင်ထားကြသည်၊၊[၁၄] မျိုးရိုးဗီဇဆိုင်ရာ သုတေသနများအရ ထို EPAS1 ဗီဇသည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက မျိုးသုဉ်းသွားခဲ့ပြီဖြစ်သော ရှေးဦးလူသားမျိုးစိတ် “ဒတ်နီဆိုဗန်” (Denisovans) များထံမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း တွေ့ရှိရပြီး ၎င်းဗီဇကြောင့် တိဗက်လူမျိုးများသည် အောက်ဆီဂျင်နည်းပါးသော ပတ်ဝန်းကျင်တွင် သွေးပျစ်ခြင်း သို့မဟုတ် နှလုံးရောဂါဖြစ်ပွားခြင်းမရှိဘဲ ပုံမှန်အတိုင်း ရှင်သန်နိုင်ကြခြင်းဖြစ်သည်၊၊[၁၅] ထို့အပြင် တစ်ကိုယ်လုံးဆိုင်ရာ ဗီဇ (Autosomal DNA) လေ့လာမှုများအရ တိဗက်လူမျိုးများသည် လွန်ခဲ့သော နှစ်ပေါင်း ၃,၀၀၀ ခန့်က တရုတ်ပြည်မြောက်ပိုင်းမှ ဆင်းသက်လာသူများနှင့် ဟိမဝန္တာဒေသခံ ရှေးဦးလူမျိုးများ သွေးနှောမှုမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းတို့တွင် ရှေးဦးအရှေ့အာရှသား ဗီဇ ၈၀ ရာခိုင်နှုန်းကျော် ပါဝင်နေကြောင်း သိပ္ပံနည်းကျ အထောက်အထားများက ဖော်ပြနေသည်၊၊[၁၁]

ဘာသာစကား

[ပြင်ဆင်ရန်]

တိဗက်လူမျိုးသည် တိဗက်ဘာသာစကားကို စကားပြောကြသည်။ တိဗက်ဘာသာသည် တိဗက်-ဗမာ(Tibeto-Burman)ဘာသာစကားစုအတွင်း ပါဝင်ပြီး တိဗက်အက္ခရာသည် ဗြာဟ္မီလက်ရေးမှ ဆင်းသက်လာသည်။ ကတ္တား-ကံ-ကြိယာ စဉ်အတိုင်း ဝါကျတည်ဆောက်သောဘာသာစကားတစ်ခုဖြစ်ပြီး၊ မြန်မာဘာသာနဲ့တူညီတဲ့အချက်များစွာရှိသည်။

ဥပမာ ၁ — ရိုးရှင်းသောဝါကျ

ང་ ཤ་ཟ་བ་ཡིན། (nga sha za-ba yin) → “ငါအသားစားခဲ့တယ်”

• ང་ (nga) = ငါ

• ཤ་ (sha) = အသား

• ཟ་བ་ (za-ba) = စား (past participle)

• ཡིན། (yin) = ခဲ့တယ်။

ဥပမာ ၂ — ངས དགེ་རྒན་ལ་ དེབ་ བསྩལ་པ་ཡིན། (nga-s geken-la deb tse-pa yin) → “ငါဆရာမကိုစာအုပ်ပေးခဲ့တယ်။”

• ངས (nga-s) = ငါ (subject, ergative particle)

• དགེ་རྒན་ལ་ (geken-la) = ဆရာမကို (dative particle)

• དེབ་ (deb) = စာအုပ်

• བསྩལ་པ་ (tse-pa) = ပေး (past participle of give)

• ཡིན། (yin) = ခဲ့တယ်။

မျိုးရိုးအားဖြင့် တိဗက်လူမျိုးသည် တိဗက်-ဗမာအုပ်စု (Tibeto-Burman)အတွင်းပါဝင်ပြီး၊ ဤအဖွဲ့တွင် ဗမာ၊ချင်း၊နာဂ၊ကချင် စသော မြန်မာ့တိုင်းရင်းသားလူမျိုးစုများနှင့်လည်း မျိုးရိုးဗီဇအားဖြင့်ချိတ်ဆက်ထားသည်။ မြန်မာနိုင်ငံသည် အဓိကအားဖြင့်တိဗက်-ဗမာနွယ် လူမျိုးများ အဓိကနေထိုင်ပြီး တရားဝင်ရုံးသုံးမြန်မာဘာသာစကားသည်လည်း တိဗက်-ဗမာအုပ်စုဝင်ဘာသာစကားဖြစ်သဖြင့် သမိုင်းတစ်လျှောက်အတွင်း တောင်ဘက်သို့ ပြောင်းရွှေ့လာကြသည် ဟုယူဆရသည်။

ယဉ်ကျေးမှုနှင့် လူနေမှုဓလေ့

[ပြင်ဆင်ရန်]

တိဗက်ယဉ်ကျေးမှုသည် တိဗက်ဗုဒ္ဓဘာသာ (Tibetan Buddhism) အပေါ်တွင် အလုံးစုံအခြေခံထားပြီး ၎င်းသည် တိဗက်လူမျိုးတို့၏ နေ့စဉ်ဘဝ၊ အနုပညာ၊ ဂီတနှင့် ပညာရေးတို့အထိ လွှမ်းမိုးထားသည်၊၊

ဘာသာရေးနှင့် ယုံကြည်မှု

[ပြင်ဆင်ရန်]

တိဗက်လူမျိုးအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ၎င်းတို့၏ ကိုးကွယ်မှုတွင် မန္တန်ရွတ်ဆိုခြင်း၊ ပုတီးစိပ်ခြင်းနှင့် ပဌာန်းစက် (Prayer Wheel) များ လှည့်ခြင်းတို့မှာ အလွန်အရေးပါသော ဝတ်ပြုမှုများဖြစ်သည်၊၊ ထို့အပြင် "ဗွန်" (Bön) ဟုခေါ်သော ရှေးဦးရိုးရာနတ်ကိုးကွယ်မှုဓလေ့အချို့သည်လည်း ဗုဒ္ဓဘာသာနှင့် ရောယှက်ကာ တည်ရှိနေဆဲဖြစ်သည်၊၊ တိဗက်လူမျိုးတို့သည် ဘုရားဖူးခရီးကို အလွန်တန်ဖိုးထားကြပြီး လာဆာမြို့ရှိ ပိုတာလာနန်းတော်နှင့် ဂျိုခမ်းကျောင်းတော် (Jokhang Temple) တို့သို့ နှစ်စဉ်လာရောက် ဝတ်ပြုကြသည်၊၊[၁၆]

ဝတ်စားဆင်ယင်မှု

[ပြင်ဆင်ရန်]

တိဗက်ရိုးရာဝတ်စုံကို ချူဘာ (Chuba) ဟုခေါ်သည်၊၊ ၎င်းသည် အင်္ကျီလက်ရှည် အပွကြီးဖြစ်ပြီး ခါးတွင် ရောင်စုံခါးစည်းဖြင့် ပတ်ရသလို၊ ပူအိုက်သောအခါတွင် လက်တစ်ဖက်ကို ချွတ်၍ ခါးတွင် ပတ်ထားလေ့ရှိသည်၊၊ အမျိုးသားများသည် များသောအားဖြင့် သိုးမွှေးဖြင့် ပြုလုပ်ထားသော ဝတ်စုံများကို ဝတ်ဆင်ကြပြီး အမျိုးသမီးများသည် အရောင်အသွေးစုံလင်သော ရှေ့ဖုံးစပရိန် (Pangden) နှင့် ကျောက်စိမ်း၊ သန္တာကျောက် စသည့် ရတနာများကို အလှဆင်ကြသည်၊၊[၁၇]

အစားအစာ

[ပြင်ဆင်ရန်]

တိဗက်တို့၏ အဓိကအစားအစာမှာ ဆမ်ပါ (Tsampa) ဖြစ်ပြီး ၎င်းမှာ မုယောစပါး (Barley) ကို လှော်၍ အမှုန့်ကြိတ်ထားခြင်းဖြစ်သည်၊၊ ၎င်းကို ယာ့ခ် (Yak) ဟုခေါ်သော တောင်ပေါ်နွားမှ ရရှိသော ထောပတ်နှင့် လက်ဖက်ရည် (Butter Tea) တို့ဖြင့် ရောနယ်၍ စားသုံးကြသည်၊၊ ဤအစားအစာသည် အမြင့်ပိုင်းဒေသ၏ အေးမြသောဒဏ်ကို ခံနိုင်ရည်ရှိစေရန် အားအင်ပြည့်ဝစေသည်၊၊[၁၈]

ပွဲတော်များ

[ပြင်ဆင်ရန်]
  • လိုဆာ (Losar): တိဗက်နှစ်သစ်ကူးပွဲတော်ဖြစ်ပြီး အစည်ကားဆုံးသော ပွဲတော်ဖြစ်သည်၊၊
  • မွန်လမ် (Monlam): ဘာသာရေးဆိုင်ရာ ဆုတောင်းပွဲတော်ကြီးဖြစ်သည်၊၊
  • ရှိုတွန် (Shoton): နို့ခဲပွဲတော်ဟု လူသိများပြီး ရိုးရာဇာတ်သဘင်များနှင့် ကခုန်မှုများ ပါဝင်သည်၊၊

ဓလေ့ထူးခြားချက်

[ပြင်ဆင်ရန်]

တိဗက်တို့၏ ထူးခြားသောဓလေ့တစ်ခုမှာ ကောင်းကင်မြေမြှုပ်ခြင်း (Sky Burial) ဖြစ်သည်၊၊ ဤဓလေ့သည် ဗုဒ္ဓဘာသာ၏ "ခန္ဓာကိုယ်သည် အမြဲမတည်" ဆိုသော အဆုံးအမကို လက်တွေ့ပြသခြင်းဖြစ်ပြီး ကွယ်လွန်သူ၏ ရုပ်အလောင်းကို လင်းတများ စားသုံးစေခြင်းဖြင့် သဘာဝတရားသို့ ပြန်လည်ပေးအပ်ခြင်း ဖြစ်သည်၊၊[၁၉]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Tabulation on the 2010 Population Census of the People's Republic of China 6 May 2019 တွင် ပြန်စစ်ပြီး။
  2. 1 2 Language (India, States and Union Territories) Census of India 2011 (2018)။
  3. 1 2 Refworld – Nepal: Information on Tibetans in Nepal UNHCR။ 15 August 2013 တွင် ပြန်စစ်ပြီး။
  4. Tibetan – Becoming Minnesotan 20 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2013 တွင် ပြန်စစ်ပြီး။
  5. Tibetan Immigrants in the United States 4 January 2019 တွင် ပြန်စစ်ပြီး။
  6. Global Nomads: The Emergence of the Tibetan Diaspora (Part I) (2 September 2008)။
  7. Beall, C. M. (2010). "Two routes to functional adaptation: Tibetan and Andean high-altitude natives". Proceedings of the National Academy of Sciences.
  8. Beckwith, C. I. (1987). The Tibetan Empire in Central Asia. Princeton University Press.
  9. Stein, R. A. (1972). Tibetan Civilization. Stanford University Press.
  10. Goldstein, M. C. (1991). A History of Modern Tibet, 1913-1951: The Demise of the Lamaist State. University of California Press.
  11. 1 2 Wang, C. C., et al. (2021). "The Genomic Formation of Human Populations in East Asia". Nature.
  12. Shi, H., et al. (2008). "Y chromosome evidence of earliest modern human settlement in East Asia and Andaman Islands". BMC Biology.
  13. Su, B., et al. (2000). "Y chromosome haplotypes reveal prehistorical migrations to the Himalayas". Human Genetics.
  14. Yi, X., et al. (2010). "Sequencing of 50 Human Exomes Reveals Adaptation to High Altitude". Science.
  15. Huerta-Sánchez, E., et al. (2014). "Altitude adaptation in Tibetans caused by introgression from Denisovan-like hominins". Nature.
  16. Stein, R. A. (1972). Tibetan Civilization. Stanford University Press.
  17. Phuntsog, T. (2005). Dress and Ornaments of Tibetans. Tibet People's Publishing House.
  18. Tamang, J. P. (2010). Himalayan Fermented Foods. CRC Press.
  19. Finstad, G. D., et al. (2012). "Tibetan Sky Burial: An Ethnographic Inquiry". Journal of Asian Studies.