မာတိကာသို့ ခုန်သွားရန်

ယောဆရာတော်

ဝီကီပီးဒီးယား မှ

ယောဆရာတော်ဟု ထင်ရှားသော တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ သည် မြန်မာနိုင်ငံသား ထေရဝါဒဗုဒ္ဓဘာသာ သံဃာတော် မဟာထေရ် တစ်ပါးဖြစ်သည်။ မြန်မာနိုင်ငံ၏ ၂၀ ရာစု ပိဋကတ်သုံးပုံဆောင် သံဃာများတွင် ပဉ္စမမြောက် သံဃာတော်လည်းဖြစ်သည်။ []

ယောဆရာတော်အလောင်းအလျာ

[ပြင်ဆင်ရန်]

ယောဆရာတော် အလောင်းအလျာ သတို့သားငယ်ကို ဂျပန်ခေတ်မြန်မာနိုင်ငံ  ကောဇာသက္ကရာဇ် ၁၃၀၄ တပေါင်းလပြည့်ကျော် ၆ (၁၉၄၃ မတ်လ ၂၆) သောကြာနေ့ နံနက် ၄ နာရီခွဲ မကွေးတိုင်းပခုက္ကူခရိုင် (ယခု ဂန့်‌ဂေါခရိုင်)၊ ဂန့်ဂေါမြို့နယ်၊ လက်ပံရွာ/လက်ပန်ရွာ (ဂန့်ဂေါမှ ၁၄ မိုင်) တွင်ဖွားမြင်သည်။ မိဘများမှာ ဦးရဲနိုင် (တောင်သူ)၊ ဒေါ်တုတ်ခိုင် တို့ဖြစ်သည်။ ငယ်မည် မောင်သာမောင် ဖြစ်သည်။ မောင်သာမောင်၊ မောင်သာဒင်၊ မအောင်ကြည်၊ မတင်ရီ (ယခုအခါ ဆရာလေး ဒေါ်ပညာနန္ဒီ)၊ မတင်ကြည်၊ မောင်သာချစ် (ယခုအခါ ရဟန်းတော် အရှင်ဇုတိန္ဓရ) ဟူသော မွေးချင်း ၆ ယောက်တွင် အကြီးဆုံး သားဦးဖြစ်သည်။ ငယ်စဉ်ကပင် အနေအေး၍ ဉာဏ်ကောင်းသည်။ ချစ်ခင်ဖွယ် ဥပဓိရုပ်ရှိသည်။ ရောင့်ရဲလွယ်သည်။ တစ်ဦးတည်းနေလေ့ရှိသည်။ ခိုက်ရန်ဖြစ်ပွားခြင်းမရှိ။ သူတပါးအား ဒုက္ခမပေး။ ကျန်းမာရေး မကောင်းလျင်ပင် ဘာသံမှ မထွက်ပဲ အသာမှိန်းနေတတ်သည်။[]

ကနဦးပညာရေး

[ပြင်ဆင်ရန်]

ငယ်ဘဝမှာ မိခင်ဖြစ်သူ ရက်ကန်းရက်ချိန် သင်ပြပေးသော အခြေခံစာပေများ၊ အဘိုး အဘွားများ ညအိပ်ရာဝင်ပုံပြင်အဖြစ် ပြောပြသော ဗုဒ္ဓဝင်ဇာတ်နိပါတ်များဖြင့် ကြီးပြင်းခဲ့ရသည်။

၁၃၁၄ ခုနှစ် အသက်ဆယ်နှစ်အရွယ်တွင် လက်ပံရွာဦးကျောင်းဆရာတော် အရှင်တိဿထံ ပညာသင်ကြားသည်။ ဆွေမျိုးတော်စပ်သူ ကိုသန်းမောင်ကလည်း သင်ကြားပေးသည်။ မောင်သာမောင်လေးမှာ ဉာဏ်အလွန်ကောင်း၍ စာများကို အခြားကလေးများကဲ့သို့ အော်ဟစ်ကျက်မှတ်ခြင်း မပြုပဲ အနည်းငယ်ဖတ်ရုံဖြင့် စွဲမြဲစွာ မှတ်မိသည်။ ဝီရိယလည်းကောင်းသည်။

၁၃၁၅ ခုနှစ် နတ်တော်လ၊ အသက် ဆယ့်တစ်နှစ်ကျော် တွင် လက်ပန်ရွာ ဦးကြီးတော်စပ်သူ ဦးဘစံ၏ အစိုးရမူလတန်းကျောင်းတွင် ပြောင်းရွှေ့ပညာသင်ကြားသည်။ ဦးဘစံအောက်မှ ကျောင်းဆရာ ဦးချစ်ကျော် နှင့် ဦးပုတို့က ကျောင်းသားသစ်ကို အရည်အချင်းစစ်ဆေးရာ အခြေခံများ တတ်ကျွမ်းပြီးဖြစ်သဖြင့် သူငယ်တန်းတွင် မတတ်ရပဲ ပထမတန်းတွင် စတင် ပညာသင်ရသည်။ စတုတ္ထတန်းအထိ နှစ်စဉ် ပထမရသည်။ အားလပ်ချိန်တွက် ဆော့ကစားခြင်းမပြု၊ အိမ်အလုပ်ကူ၊ ညီငယ် ညီမငယ်များကို ထိန်းကျောင်းပေးပြီး မိဘကို ကူညီသည်။

ပွဲမကြိုက်သော မောင်သာမောင်

[ပြင်ဆင်ရန်]

သိတတ်သောအရွယ်မှစ၍ ဇာတ်ပွဲ၊ ရုပ်ရှင် အပါအဝင် အပျော်အပါးပွဲလမ်းများ မသွား၊ မကြည့်။ လူကြီးက ပွဲခင်းသို့ လွှတ်ပြီး အကြော်ဝယ်ခိုင်းလျင် အကြော်ဝယ်ပြီး ချက်ချင်းပြန်လာသည်။ ပွဲသွားဖို့ခေါ်လျင် မည်သည့်အခါမျှ မလိုက်။

ကန်ရွာတွင် ပညာသင်

[ပြင်ဆင်ရန်]

လွတ်လပ်ပြီးစခေတ် စတုတ္ထတန်းအောင်အပြီးတွင် အလယ်တန်းကျောင်းရှိသော ကန်ရွာတွင် ပြောင်းရွှေ့ပညာသင်သည်။ ကန်ရွာမှာ လက်ပန်ရွာမှ ခြောက်မိုင်ခန့်ဝေးသဖြင့် ကန်ရွာရှိ ဦးရီးတော်စပ်သူ ပန်းထိမ်ဆရာကြီး ဦးပြည့်ထွန်း နှင့် ဇနီးဒေါ်ပေါခင်တို့အိမ်တွင် နေထိုင်ရသည်။ ကန်ရွာ အလယ်တန်းကျောင်းသားဘဝတွင် ကန်ရွာ ကန်‌တောရကျောင်းသို့ မကြာခဏ သွားပြီး ဆရာတော်များ အဆုံးအမ ခံယူတတ်သည်။

၁၃၁၈ ခုနှစ် နှောင်းတန်ခူးလ နွေကျောင်းပိတ်ရက် တွင် လက်ပံကျောင်းဆရာတော်ထံ၌ ရှင်သာမဏေ ဝတ်ခွင့်ရသည်။ ကိုရင်ဘဝတွင် ဘထွေးတော်သူ ဘုန်းကြီး ဦးနန္ဒက ပညာသင်ပေးသည်။ တစ်သက်လုံးဝတ်လိုသော်လည်း မိဘက ခွင့်မပြုသဖြင် တစ်လဝတ်ပြီး ရှင်လိင်ပြန်ခဲ့ရသည်။

၁၃၂၁ ခုနှစ်တွင် အစိုးရစစ် သတ္တမတန်းစာမေးပွဲကို အောင်မြင်အပြီး အတန်းပညာ ဆက်လက်သင်ကြားစေလိုသော မိဘများနှင့် သာသနာ့ဘောင်ဝင်ရောက်ပြီး သာသနာ့ဝန်ထမ်းလိုသူ မောင်သာမောင်တို့ အခြေအတင် ဖြစ်ကြချိန်တွင် ဦးရီးဖြစ်သူဦးပြည့်ထွန်းက မိဘများကို ဖြောင်းဖျပေးမှုကြောင့် သာသနာ့ဘေင် ဝင်ခွင့်ရသည်။

သာသနာ့ဝန်ထမ်းခရီးအစ

[ပြင်ဆင်ရန်]

အသက် (၁၈) နှစ်အရွယ်၊ ၁၃၂၂ ခုနှစ် နယုန်လဆန်း ၈ (၁၉၆၀ ဇွန်လ ၁) ရက် ဗုဒ္ဓဟူးနေ့တွင် ဂန့်ဂေါမြို့နယ် ကန်တောရကျောင်းတိုက် ပထမ ကန်တောရဆရာတော် အရှင်ကေတု ကို ဥပဇ္ဈာယ်ပြုကာ မိဘတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေဘဝသို့ရောက်သည်။ ကန်တောရမှစာချ ဆရာတော် ဦးနန္ဒိမာက ကျက်သရေအဝဝကို အစိုးရကြောင်း နိမိတ်ကောင်းဖြင့် “ရှင်သိရိန္ဒ” ဟု ဘွဲ့ပေးခဲ့သည်။ ပထမ ကန်တောရ ဆရာတော်ကြီးထံတွင် အခြေခံပရိယတ္တိပညာများ စတင်သင်ယူသည်။

ကိုရင်ဘဝ တစ်ဝါအရတွင် ပထမ ကန်တောရ ဆရာတော် ပျံလွန်သည်။ တတိယ ကန်တောရဆရာတော် ဦးဝိသုတ၊ စတုတ္ထ ကန်တောရ ဆရာတော် ဦးကေလာသ၊ စာချဆရာတော် ဦးနန္ဒိမာ၊ ဦးသာကိန္ဒ (သီရိပဝရဓမ္မာစရိယ) တို့ထံ၌ ဆက်လက်ပညာသင်ကြားသည်။

စာသင်သားများ (၅) နှစ်မျှ သင်ကြားကြရသည့် ကစ္စည်းသဒ္ဒါကြီး၊ သင်္ဂဟ၊ ပါတိမောက်၊ ကင်္ခါ၊ ရူပသိဒ္ဓိ၊ ပဒမာလာ၊ ပုဒ်စစ်၊ သုတ်စစ်၊ ဋီကာကျော်၊ မာတိကာ၊ ဓာတုကထာ၊ ပါဠိရေးနည်း၊ ဂါထာစီကုံးနည်း၊ ကဗျာလင်္ကာစီကုံးနည်းတို့ကို အချိန် (၂) နှစ် နှင့် အပြီး သင်ယူသည်။ ရှင်သိရိန္ဒ မှာ အတတ်မြန်သဖြင့် စာဝါအချို့မှလွဲ၍ အခြား စာသင်သားများနှင့် သီးသန့် ခွဲပြီး သင်ပေးရသည်။

ရဟန်းပြုခြင်း

[ပြင်ဆင်ရန်]

၁၃၂၄ ခုနှစ် ကဆုန်လပြည့်ကျော် ၈ (၁၉၆၂ မေလ ၂၆) စနေနေ့၊ ပဋိသန္ဓေနှင့်တကွ အသက်နှစ်ဆယ်ပြည့်ချိန်၊ ကန်တောရကျောင်းတိုက် ခဏ္ဍသိမ်ကြီး၌ တတိယ ကန်တောရဆရာတော် ဦးဝိသုတကို ဥပဇ္ဈာယ်ပြု၍ ကာရက သံဃာများစွာဖြင့် ခမည်းတော်ဦးရဲနိုင်၊ မယ်တော်ဒေါ်တုတ်ခိုင်၊ ဘေးတော် ဒေါခြုံ၊ အဘိုးဦးကျော်ထိုက်၊ အဘွားများဖြစ်သော ဒေါ်စိုးချုပ်၊ ဒေါ်ရွှေဖုံးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းဘဝသို့‌ရောက်ရှိသည်။ ဘွဲ့မည်မှာလည်း အရှင်သိရိန္ဒ ပင်ဖြစ်သည်။

ထူးခြားသောရဟန်းခံပွဲ

[ပြင်ဆင်ရန်]

ရဟန်းခံပွဲအပြီးတွင် ရဟန်းအသစ်ကြပ်ချွတ် အရှင်သိရိန္ဒကိုယ်တိုင် တရားဟောသည်။ တရားဟောကောင်းသူအဖြစ် ချက်ချင်းနာမည်ရသည်။ မိမိရဟန်းခံပွဲအထိန်းအမှတ်အဖြစ် ကိုယ်တိုင်ရေး ဂါထာသုံးပိုဒ်ပါ “ဥပသမ္ပဒရတုပိုဒ်စုံ” ဂါထာများ တွင် ရဟန်းဘဝကို ရောက်ရှိသဖြင့် ပီတိဖြစ်ဝမ်းမြောက်ရပုံကို ဖွဲ့နွဲ့ဖော်ပြခဲ့သည်။ ရဟန်းခံပွဲအထိန်းအမှတ်ပင် ပစ္စယာနုဂ္ဂဟဖြစ်ကြသော မိဘ ဘိုးဘေးများအတွက်လည်း “ဥပသမ္ပဒ ဥဒါနကထာ” ဂါထာကို ရေးသားပေးခဲ့သည်။

မန္တလေးရောက်စာသင်သားအရှင်သိရိန္ဒ

[ပြင်ဆင်ရန်]

ရဟန်းခံအပြီးတွင် မူလဥပဇ္ဈာယ်ဆရာ လက်ပံဆရာတော်အစီအစဉ်ဖြင့် ပထမပြန်စာဖြေဌာနပင်မရှိသော ဂန့်ဂေါမြို့မှ ပညာတတ်အကျော်အမော် စာချဆရာတော်များရှိရာ မန္တလေးမြို့သို့ ပညာသင်သွားရသည်။ ၁၃၂၄ နယုန်လဆန်း ၁၁ တွင် ဂန့်ဂေါမှ မန္တလေး သို့ လေယာဉ်ခရီးဖြင့် သွားရပြီး မန္တလေးတွင် တည်းခိုရာ ဝိဇ္ဇာလင်္ကာရကျောင်းတိုက်မှ ဆရာတော် ဦးခေမာစာရ၊ ဦးကောသလ္လ၊ ဦးပညာဝံသ တို့ သုံးပါး၏ လိုက်လံအပ်နှံပေးမှုဖြင့် မန္တ‌လေး ရွှေကျင်နိကာယဗဟိုဌာနချုပ်ဖြစ်သည့် အနောက်ပြင် မဟာဝိသုဒ္ဓာရုံတိုက်သစ် အောင်မြေသာစည်ကျောင်း တွင် ကန်ရွာ ဦးပဏ္ဍိစ္စအကူအညီဖြင့် စာသင်သားဖြစ်လာသည်။ သာသနာပိုင်မြောင်းမြဆရာတော်၊ သံတော်ဆင့်ဆရာတော် ဥုးတိလောက၊ အောင်မြေသာစည်ဆရာတော် ဥုးဥတ္တရာဇီဝ၊ ဥုးပဏ္ဍဝံသ၊ သူဌေးတန်းကျောင်းဆရာတော် အရှင်ဂရုဓမ္မ စသော စာချအကျော် ဆရာတော်များထံမှ ပညာသင်ယူခဲ့သည်။

မဟာဝိသုဒ္ဓါရုံတိုက်သစ်မှ မစိုးရိမ်တိုက်သို့သွား၍ အရှင်ဝိစိတ္တာဘိဝံသ၊ အရှင်စန္ဒောဘာသာဘိဝံသ၊ အရှင်ဣန္ဒာစာရ၊ အရှင်ဓမ္မာနန္ဒ၊ တောင်ထီးလင်းတိုက်သို့သွား၍ ဆရာတော် ဦးဝဇိရဗုဒ္ဓိ စေသောညဝါအကျော် ဆရာတော်များထံတွင် စာဝါများလိုက်ခဲ့သည်။

မိဘများ စီးပွားရေးမကောင်းသဖြင့် ချို့ငဲ့စွာ စာပေသင်ကြားခဲ့ရသည်။ လိုသော ကျမ်းစာအုပ်များအတွက် အဟောင်းဆိုင် တွင် ရှာဖွေဝယ်ယူခြင်း၊ သီတင်းသုံးဖော် စာဝါလိုက်ဖော် သံဃာများထံမှ ငှားရမ်းဖတ်ရှုခြင်းများ ပြုလုပ်ခဲ့ရသည်။

လပြည့်လကွယ် ဥပုသ်နေ့များ ဥပုသ်ပြုကြရာ စာသင်သားများ ပါတိမောက် အလှည့်ကျ ပါတိမောက်ပြရန် တာဝန်ယူရသည်။ အရှင်သိရိန္ဒ ပါတိမောက်ပြသည့်အလှည့်တွင် သာသနာပိုင် မြောင်းမြဆရာတော်ကြီး၏ ချီးကျူးခြင်းခံရသည်။

ရန်ကုန်

[ပြင်ဆင်ရန်]

၁၃၂၉ နယုန်လ၊ သက်တော် ၂၅ နှစ်အရွယ်တွင် ရန်ကုန် မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ် သို့ ပြောင်းရွှေ့သီတင်းသုံးသည်။

ရန်ကုန် မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ် တည်ထောင်သူ အရှင်ဝါသဝါဘိဝံသ၊ စာချ ဆရာတော် ဦးသီလာစာရာဘိဝံသ၊ အလယ်တောရဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဦးသူရိယာဘိဝံသတို့ ထံတွင် ပရိယတ္တိစာပေများ ဆက်လက်သင်ကြားခဲ့သည်။

ပညာသင်ကြားရင်းပင် တဖက်တွင်လည်း လက်‌ထောက်စာချဘုန်းကြီးတာဝန်ယူက တစ်ရက် နှစ်ကြိမ် စာဝါများ ပို့ချခဲ့သည်။

၁၃၃၉ - တွင် ရန်ကုန် မဟာဝိသုဒ္ဓါရုံတိုက်သစ် ဒုတိယနာယကတာဝန်ထမ်းဆောင်သည်

၁၃၅၉ - သက်တော် ၅၅ နှစ်တွင် ရန်ကုန် မဟာဝိသုဒ္ဓါရုံတိုက်သစ် နာယကတာဝန်ထမ်းဆောင်သည်

အောင်မြင်ခဲ့သော စာမေးပွဲများ၊ ဆပ်ကပ်ခံရသောဘွဲ့များ

[ပြင်ဆင်ရန်]

၁၃၂၄ (၁၉၆၂) ပထမငယ်တန်း

၁၃၂၅ (၁၉၆၃) ပထမလတ်တန်း

၁၃၂၆ (၁၉၆၄) ပထမကြီးတန်း

၁၃၂၇ (၁၉၆၅) ဓမ္မာစရိယ ပါရာဇိကဏ် နှင့် အဋ္ဌသာလိနီ

၁၃၂၈ (၁၉၆၆) ပါစိတျာဒိ ပါဠိဂုဏ်ထူးဆောင်ကျမ်း

၁၃၂၈ (၁၉၆၆) ဝိနယပါဠိပါရဂူ

၁၃၂၈ (၁၉၆၆) စေတိယင်္ဂဏ စာသင်တန်း

၁၃၂၉ (၁၉၆၇) သာသနဓဇဓမ္မာစရိယအဂ္ဂမဟာအကျော်ဘွဲ့၊ ဝိနယပါဠိပါရဂူဘွဲ့

၁၃၃၀ (၁၉၆၈) သကျသီဟ စာသင်တန်း (ပထမ)

၁၃၃၁ (၁၉၆၉) စေတိယင်္ဂဏ စာချတန်း

၁၃၃၂ (၁၉၇၀) သကျသီဟ စာချတန်း

၁၃၃၂ (၁၉၇၀) တိပိဋကဓရ စာမေးပွဲ ဝိနယဓရ ဝိနယကောဝိဒဘွဲ့

၁၃၃၄ (၁၉၇၂) ပဋိသမ္ဘိဒါမဂ္ဂပါဠိပါရဂူတန်း

၁၃၃၅ (၁၉၇၃) ဝါဘင်္ဂဒိမြန်မာဂုဏ်ထူးတန်း

၁၃၃၅ (၁၉၇၃) သထုံ သုဝဏ္ဏဘူမိစာမေးပွဲ တတိယဆင့် အာဘိဓမ္မိကတန်း

၁၃၃၆ (၁၉၇၄) နိကာယုဇ္ဇောတက အတ္ထဝိသာရဒမူလ အာဘိဓမ္မိကဘွဲ့

၁၃၃၈ (၁၉၇၆) တိပိဋကဓရ စာမေးပွဲ အဘိဓမ္မိက အဘိဓမ္မကောဝိဒဘွဲ့

၁၃၄၀ (၁၉၇၈) တိပိဋကဓရ စာမေးပွဲ ဒီဃဘာဏကဘွဲ့

၁၃၄၀ (၁၉၇၈) တိပိဋကဓရဘွဲ့

၁၃၄၆ (၁၉၈၄) တိပိဋကကောဝိဒဘွဲ့

ဘွဲ့စာရင်း

[ပြင်ဆင်ရန်]

သာသနဓဇ ဓမ္မာစရိယ၊ အဂ္ဂမဟာအကျော်

သာသနဓဇ သိရီပဝရ ဓမ္မာစရိယ

ဝိနယ ပါဠိပါရဂူ၊ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိပါရဂူ

သကျသီဟဓမ္မစရိယ

စေတိယင်္ဂဏဓမ္မစရိယ

နိကာယုဇ္ဇောတက အတ္ထဝိသာရဒ မူလအာဘိဓမ္မိက

ဓမ္မဝိသာရဒ မဇ္ဈိမအာဘိဓမ္မိက

အတ္ထဝိသာရဒ  မူလအာဘိဓမ္မိက

ဝိနယဓရ ဝိနယကောဝိဒ

ဒီဃဘာဏက ဒီဃနိကာယကောဝိဒ

အာဘိဓမ္မိက အဘိဓမ္မကောဝိဒ

တိပိဋကဓရ တိပိဋကကောဝိဒ

အဂ္ဂမဟာပဏ္ဍိတဘွဲ့

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက

အဘိဓဇမဟာရဋ္ဌဂုရု

အလကားရသောဘွဲ့ကို မလိုချင်

[ပြင်ဆင်ရန်]

အဂ္ဂမဟာပဏ္ဍိတဘွဲ့ ရစဉ်က ပူဇော်ပွဲလုပ်မည်ကို လက်မခံခဲ့ပေ။ ကိုယ်တိုင် ကျိုးစားကျက်မှတ်ဖြေဆိုပြီးမှ ရသောဘွဲ့ကိုသာ တန်ဖိုးထားသည်ဖြစ်သည်။ ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူ (Ph. D.) ဘွဲ့ ဆက်ကပ်လှူဒါန်းရန် စကားကမ်းလှမ်းခဲ့ရာ လက်မခံဘဲ ငြင်းပယ်ခဲ့သည်။

နိုင်ငံခြားမသွားချင်

[ပြင်ဆင်ရန်]

၁၉၇၇ ခုနှစ် မေလ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ နှင့် ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ လာအိုနိုင်ငံ ခရီးစဉ် နှစ်ခုမှလွဲ၍ နိုင်ငံတကာခရီးများကြွချီရန် ပင့်လျှောက်မှုများကို ငြင်းဆန်ခဲ့သည်။

သက်သက်လွတ်ဆွမ်း

[ပြင်ဆင်ရန်]

၁၃၇၇ (၁၉၇၅) သက်တော် ၃၃ နှစ်အရွယ်မှ စတင်၍ ကျန်းမာရေးအကြောင်းပြကာ သက်သက်လွတ်ဆွမ်းသာ ဘုန်းပေးတော်မူသည်။

ရွှေကျင်နိကာယဥပဥက္ကဋ္ဌ၊ တွဲဘက်သာသနာပိုင်တင်မြှောက်ခံရခြင်း

[ပြင်ဆင်ရန်]

တိပိဋကဓရ၊ တိပိဋကကောဝိဒ ယောဆရာတော်ဘုရားသည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ (၁၃၈၆ခုနှစ်၊ တပို့တွဲလဆန်း ၁၅ ရက်နေ့) တွင် ကျင်းပပြုလုပ်သော ဧကဝီသတိမအကြိမ် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာရွှေကျင်နိကာယသံဃာ့အစည်းအဝေးကြီးမှ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ၊ တွဲဖက်ရွှေကျင်သာသနာပိုင် အဖြစ်တင်မြှောက်ခံရသည်။

စာရေးသား ကျမ်းပြုခြင်း

[ပြင်ဆင်ရန်]

တရားဟောချိန်၊ စာချချိန်မှ လွဲ၍ ကျန်အချိန်များ၌ မိမိသီတင်းသုံးရာကျောင်းသင်္ခန်းလေးတွင် စာပေကျမ်းဂန်များ ‌ရေးသားတော်မူသည်။  အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသကို လွန်စွာကြည်ညိုသူ ဆရာတော်သည် ကျမ်းစာများကို မတ်တပ်ရပ်လျက်သာ ရေးသားပြုစုတော်မူခဲ့သည်။ ဗုဒ္ဓတရားတော်များကို ကြီးငယ်မဟူ လူသာမန်တို့ နားလည်နိုင်သည့် စကားအသုံးအနှုန်းများဖြင့် ပြုစုရေးသားထားသော ဓမ္မလက်ဆောင် စာအုပ်ငယ် တစ်ရာကျော်ရှိသည်။

၁။ ဓမ္မာစရိယစာသင်သားများအတွက် “ဓမ္မာစရိယလမ်းပြကျမ်း” အမှတ် (၁)၊ (၂)၊ (၃)

၂။ တရားလင်္ကာ ပဒေသာ အမှတ် (၁)၊ (၂)

၃။ စိတ်ထိန်းကိရိယာ

၄။ ဘဝလမ်းညွှန်

၅။ သာဓုလေးပါးမြတ်တရား

၆။ အပေါင်းလက္ခဏာ

၇။ အနှစ်ထုတ်ယူစွမ်းတဲ့လူ

၈။ ကံကိုထိန်းချုပ် စက်ခလုတ်

၉။ စိတ်ဓာတ်ကိုမြှင့် လုပ်ပိုင်ခွင့်

၁၀။ ကိုယ့်လမ်းကိုယ်လျှောက် ကောင်းရာရောက်

၁၁။ အချိန်တန်ဖိုး လူ့တန်ခိုး

၁၂။ ဘဝတစ်ကွေ့ ခဏတွေ့

၁၃။ ကိုယ်ပိုင်အလုပ် ခပ်သုတ်သုတ်

၁၄။ တရားအသိ လူ့မျက်စိ

၁၅။ မေတ္တာပန်းခိုင် သုံးပွင့်ဆိုင်

၁၆။ နှလုံးသားဝယ် ဘုရားတည် (၁၉၉၈)

၁၇။ အေးမြရွှင်ပြုံး လူ့နှလုံး

၁၈။ လူ၏စွမ်းအား မြတ်တရား

၁၉။ ကိုယ့်ကိုယ်ကိုယ်ချစ် လူအစစ်

၂၀။ အသိမှန်ကန် ကိုယ့်ဖို့ကျန်

၂၁။ တရားကျေးဇူး စွမ်းရည်ထူး

၂၂။ သူ့ကိုစောင့်ရှောက် ကိုယ့်ဂုဏ်မြောက်

၂၃။ ကျန်းမာရွှင်လန်း မေတ္တာစွမ်း

၂၄။ မေတ္တာလက်တွဲ ရာပြည့်ပွဲ

၂၅။ ကိုယ်ပိုင်အလုပ် ဥစ္စာထုပ်

၂၆။ ဘဝဝေစု မြတ်ကောင်းမှု

၂၇။ တရားဆောင်သူ စိတ်မပူ

၂၈။ အား

၂၉။ ယော

၃၀။ မွေးနေ့မင်္ဂလာ ရတနာ

၃၁။ ၄၅ နှစ် တရားသက်

၃၂။ နှစ်လေးဆယ့်ငါး တရားအချုပ်

၃၃။ လူအလှဆုံး စိတ်တစ်လုံး

၃၄။ မေတ္တာနှလုံး အလှဆုံး (၁၉၉၉)

၃၅။ မေတ္တာလွှမ်းခြုံ ဘေးရန်လုံ

၃၆။ အလှူကျေးဇူး စွမ်းရည်ထူး

၃၇။ နှုတ်ဆက်မင်္ဂလာ

၃၈။ မေတ္တာတရား လူ့စွမ်းအား (၂၀၀၀ ပြည့်နှစ်)

၃၉။ အကုန်အရ လူ့ဘဝ

၄၀။ မီးသတိပြု

၄၁။ မေတ္တာကျေးဇူး စွမ်းရည်ထူး

၄၂။ ၄၅ ဝါ သာသနာ

၄၃။ လူအား

၄၄။ လူ၏စွမ်းအား ပတ္တမြား

၄၅။ စိတ်ကောင်းထားက မိတ်ကောင်းရ

၄၆။ အချစ်ဆုံးဆွေမျိုး

၄၇။ ၄၅ နှစ် ရဟန်းသက်

၄၈။ ဧည့်သည်

၄၉။ စိတ်အေးစရာ သာသနာ (၂၀၀၀ ပြည့်နှစ်)

၅၀။ တစ်ခါလာလည်း ဒါပါပဲ

၅၁။ လူ့ဘဝထဲ စာမေးပွဲ

၅၂။ ခန္ဓာကိုယ်ထဲ ဘောလုံးပွဲ

၅၃။ ဘဝတစ်ခေါက် ခြောက်ဆယ့်ခြောက်

၅၄။ ယနေ့အလုပ် ယနေ့လုပ်

၅၅။ အဘိဓမ္မာ သိစရာ

၅၆။ ဝိသုဒ္ဓါရုံ ခွင့်ခါကြုံကြိုက် စာသင်တိုက်

၅၇။ ဓာတ်

၅၈။ ဘဝကိုဆောင် အလင်းရောင်

၅၉။ လူသားမေတ္တာ ဤကမ္ဘာ

၆၀။ ဆရာ့ကျေးဇူး စွမ်းရည်ထူး

၆၁။ သတိကိုင်စွဲ နှုတ်ဆက်ပွဲ

၆၂။ ဦးကောသလ္လ တစ်ဘဝ ပေါ်ရ တောင်ဖီလာ

၆၃။ သတိမေတ္တာ သူငါစုပေါင်း အကုန်ကောင်း

၆၄။ ယခုအလုပ် ယခုလုပ်

၆၅။ ဒီအတိုင်းပါပဲ

၆၆။ သုံးဖြာမြတ်စွာ ရတနာ

၆၇။ ချစ်ခင်ညီညာ ပေါင်းတာမှန်မှ ငြိမ်းချမ်းရ

၆၈။ ဒီတစ်ခါလည်း ဒီအတိုင်း

၆၉။ ပေါင်းတာမှန်မှ ကောင်းတာရ

၇၀။ ခဏငှားထား ၄ ဘီးကား

၇၁။ ကိုယ့်ဟာနဲ့သာ ကိုယ်နေပါ

၇၂။ ကိုယ့်ဟာကိုယ်သာ ရွေးယူပါ

၇၃။ နေကောင်းရဲ့လား

၇၄။ အသိဆန်းကြယ် အနှစ်ကြွယ်

၇၅။ မေတ္တာအစွမ်း စိတ်အေးချမ်း

၇၆။ အများအကြိုက် လူမိုက်တစ်ယောက် ပန်းတိုင်ရောက်

၇၇။ မိခင်စိတ်ထား မေတ္တာအား

၇၈။ သူဦးကိုယ်ဦး သုံးမွှာပူး

၇၉။ ကိုယ့်ဟာကိုယ်ယူ စွမ်းတဲ့လူ

၈၀။ ပစ္စည်းတန်ဖိုး လူ့တန်ခိုး

၈၁။ ကိုယ့်ဂုဏ်ကိုယ်ပြု ကောင်းတာစု

၈၂။ ဆွေမျိုးကိုရှာ ကိုယ့်ဆီမှာတွေ့

၈၃။ အသီးတစ်ရာ အညှာတစ်ခု

၈၄။ ကိုယ့်ကိုယ်ကိုကယ် မီသေးတယ်

၈၅။ အသိမှန်ကန် အဖိုးတန်

၈၆။ ဆရာဒကာ သာသနာ

၈၇။ အသက်ကြီးရင် အဖော်လိုတယ်

၈၈။ နှစ်ကူးမင်္ဂလာ ဖိတ်ကြားလွှာ

၈၉။ ဘဝထဲမှာ ကောင်းတာရှာ

၉၀။ ပစ္စည်းအလှ ဘဝတန်ဆာ ရတနာ

၉၁။ မေတ္တာပညာ ပဒေသာ

၉၂။ ကိုယ့်ကိုယ်ကိုဖြည့် သူ့ကိုကြည့်

၉၃။ ငွေနှင့်ပုလဲ ကုသိုလ်ပွဲ

၉၄။ အချိန်ရှိခိုက် လုံ့လစိုက်

၉၅။ ရက်လည်လလည် နှစ်ပတ်လည်

၉၆။ နေ့စဉ်ဆင်နွှဲ လူ့အောင်ပွဲ

၉၇။ မ‌ကောင်းမှုရှင်း ကောင်းမှုသွင်း စိတ်ရင်းဖြူစင်စေ

၉၈။ ပစ္စည်းအလှ ကိုးဌာန

၉၉။ ကိုယ့်ဟာကိုယ်စု အမြန်လု

၁၀၀။ လူစ်ယောက်တည်း ကား ၆ စီး

၁၀၁။ မြန်မာစိတ်ထား စုပေါင်းအား

၁၀၂။ ကုသိုလ်စုပေါင်း လက်ဆယ်ချောင်း

၁၀၃။ မေတ္တာစု‌ပေါင်း လက်ငါးခု၊ ကောင်းမှုရေစက်ချ

၁၀၄။ မေတ္တာကိုသွင်း တံတားခင်း

၁၀၅။ လူကြီးလုပ်ငန်း ကမ္မဋ္ဌာန်း

၁၀၆။ ဆင်းရဲ၏နောက် ချမ်းသာရောက် (၁၉၉၉)

၁၀၇။ ကုသိုလ်လည်းရ ဝမ်းလည်းဝ (၁၉၉၉)

၁၀၈။ စိတ်စွမ်းရည် (၂၀၀၀ ပြည့်နှစ်)

၁၀၉။ ပညာလမ်းပြလူ့အလှ (၂၀၀၀ ပြည့်နှစ်)

၁၁၀။ ပတ္တောတသုတ္တန်

၁၁၁။ ဘဝဇာတ်ခုံ ပုံစံစုံ (၁၉၉၉၊ ၂၀၀၀ ပြည့်နှစ် ဒုတိယအကြိမ်)

၁၁၂။ သမုဒ္ဒရာ ဝမ်းတစ်ထွာ (၂၀၀၀ ပြည့်နှစ်)

၁၁၃။ အဆင်းအတက် လမ်းနှစ်ဖက် (၁၉၉၉)

၁၁၄။ အပေါင်းလက္ခဏာ (၂၀၀၀ ပြည့်နှစ်)

၁၁၅။ အသိမှန်ကန် အဖိုးတန် (၁၉၉၉)

၁၁၆။ အိမ်တွင်းမဂ္ဂင် လူ့ကျင့်စဉ် (၂၀၀၀ ပြည့်နှစ်)

ထမ်းဆောင်သောတာဝန်များ

[ပြင်ဆင်ရန်]

ဝိနည်းဓိုရ်တာဝန် - ပထမငါးနှစ် နှင့် ဒုတိယငါးနှစ်သက်တမ်း

၁၃၄၆ ရွှေကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင် နှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ၁၀ နှစ်

တိပိဋကဓရ ‌ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ

နိကာယ်သာသနာတော်ထွန်းကားရေးအသင်း ဩဝါဒါစရိယ

ဓမ္ဓသာကစ္ဆာအဖွဲ့ ဩဝါဒါစရိယ

တက္ကသိုလ်များဗုဒ္ဓဘာသာအသင်း ဩဝါဒါစရိယ

ရွှေတိဂုံ၊ ဗိုလ်တထောင်၊ ဆူးလေစေတီတော်တို့၌ ဂေါပကအဖွဲ့ ဩဝါဒါစရိယ

အဘိဓမ္မာပြန့်ပွားရေးအသင်း ဩဝါဒါစရိယ

ဓမ္မဗျူဟာ သာသနာ့မာမကအဖွဲ့၏ ဩဝါဒါစရိယ

အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ် ဩဝါဒါစရိယ

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်၏ ဩဝါဒါစရိယ

ရန်ကုန်မြို့နယ်လုံးဆိုင်ရာပရိယတ္တိသာသနာနုဂ္ဂဟဆန်လှူအသင်းကြီး၏ ဩဝါဒါစရိယ

မြတ်မင်္ဂလာ နှင့် ဇမ္ဗူရတနာစာစောင်တို့၏ နာယက

ရန်ကုန် – မန္တလေး ယောနယ်အသင်း၏ ဩဝါဒါစရိယ

မိုးကုတ်မြို့ နိကာယ်သာသနာတော် ကြီးပွားရေးအသင်း၏ ဩဝါဒါစရိယ

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၏ တာဝန်ပေးချက်အရ မိုးကုတ်ဝိပဿနာဝိနိစ္ဆယတာဝန်

ယခုအခါ ဘိက္ခုနီမများ ရှိသင့်၊ မရှိသင့် အဆုံးအဖြတ်ပေးရသည့် ဘိက္ခူနီဝိနိစ္ဆယတာဝန်တို့ကို နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖြစ်တာဝန်

သိမ်ရောယှက်မှုအဆုံးအဖြတ်၊ သီမာသင်္ကရ ဝိနိစ္ဆယစာတမ်းနှင့် ဝိပတ္တိသီမာဒိဝိနိစ္ဆယစာတမ်း တို့ကိုလည်း ကျေပွန်ဆောင်ဆုံးဖြတ်ရေးသားပေးခဲ့ခြင်း

ရည်ညွှန်းကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 “ဆရာတော်ကြီးများ၏ထေရုပ္ပတ္တိစာစဉ် - တိပိဋကယောဆရာတော်ဘုရားကြီး”၊ ၂၀၁၇ ဇန္နဝါရီ (ပထမအကြိမ်)၊ ဆုပြည့်စုံထွန်းအယ်ဒီတာအဖွဲ့၊ ဆုပြည့်စုံထွန်းစာပေ၊ ဖြိုးဝေလျှံပုံနှိပ်တိုက် 13 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 February 2025 တွင် ပြန်စစ်ပြီး။