မာတိကာသို့ ခုန်သွားရန်

တာ့ခ်လူမျိုးများ

ဝီကီပီးဒီးယား မှ
တာ့ခ် လူမျိုးများ
Türkler / Türk halkları
တာ့ခ်ဘာသာစကားများ ပြန့်နှံ့တည်ရှိပုံပြမြေပုံ
လူဦးရေ စုစုပေါင်း
စုစုပေါင်း ၁၇၅ သန်းမှ သန်း ၂၀၀ ခန့်
အများစု နေထိုင်သည့် နေရာ
အလယ်အာရှအရှေ့ဥရောပဆိုက်ဘေးရီးယားအနောက်အာရှ (အရှေ့အလယ်ပိုင်း)
ဘာသာစကား
တာ့ခ်ဘာသာစကားများ
ကိုးကွယ်မှု
အစ္စလာမ်ခရစ်ယာန်ဘာသာဗုဒ္ဓဘာသာဂျူးဘာသာ (Khazars) နှင့် ရှာမန်ဝါဒ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
မွန်ဂိုမျိုးနွယ်စုများ၊ တန်ဂူစစ် လူမျိုးများ၊ အင်ဒို-အီရန် လူမျိုးများ

တာ့ခ်လူမျိုးများ (သို့မဟုတ်) တာကစ်လူမျိုးနွယ်စုများ (အင်္ဂလိပ်: Turkic peoples) သည် အရှေ့အာရှအနောက်အာရှဗဟိုအာရှ ဒေသများအပြင် မြောက်အာရှနှင့် ဥရောပ၏ အစိတ်အပိုင်းတချို့အထိ ပြန့်နှံ့နေထိုင်လျက်ရှိသော တာကစ်ဘာသာစကားပြော လူမျိုးနွယ်စုများဖြစ်သည်။

Uzbek girl playing dutar

မူလအစနှင့် သမိုင်းကြောင်း

[ပြင်ဆင်ရန်]

သမိုင်းပညာရှင်များနှင့် ဘာသာဗေဒပညာရှင်များ၏ အဆိုအရ Altai-Sayan ဒေသ၊ မွန်ဂိုလီးယား နှင့် Tuva ဒေသများကဲ့သို့ ဗဟိုအာရှနှင့် အရှေ့အာရှ ထိဆက်နေသောနေရာများတွင် တာ့ခ်လူမျိုးများ၏ ရှေ့ပြေးလူမျိုးများ စတင်အခြေချခဲ့သည်ဟု ယူဆရသည်။[] အစဦးတွင် ရှေးပြေးတာကစ်စကားပြောသူများသည် လယ်ယာလုပ်ငန်း လုပ်ကိုင်သူများနှင့် အမဲလိုက်မုဆိုးများ ဖြစ်ကြသော်လည်း နောင်တွင် လှည့်လည်သွားလာသော ခြေသလုံးအိမ်တိုင် (Nomadic) လူမျိုးများ ဖြစ်လာကြသည်။

အစောပိုင်းနှင့် အလယ်ပိုင်းခေတ်ကာလများတွင် အနောက်ယူရေးရှားနှင့် အရှေ့အာရှ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင် နှစ်မျိုးလုံးနှင့် မျိုးရိုးဗီဇများကို တာ့ခ်လူမျိုးများအကြားတွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိရသည်။ နောက်ပိုင်းတွင် အိမ်နီးချင်း အီရန်အုပ်စုဝင်များ၊ မွန်ဂိုအုပ်စုဝင်များ၊ Tocharian၊ Uralic နှင့် Yeniseian လူမျိုးများနှင့် ကြာရှည်သော ဆက်ဆံရေးများ တည်ဆောက်ခဲ့ကြသည်။[]

လူမျိုးစုများ ပြန့်နှံ့မှုနှင့် ဝိသေသလက္ခဏာ

[ပြင်ဆင်ရန်]

သမိုင်းတစ်လျှောက်တွင် တာ့ခ်လူမျိုးများသည် တခြားလူမျိုးအုပ်စုများနှင့် ဘာသာစကားပြောင်းလဲခဲ့ခြင်း၊ လက်ခံကျင့်သုံးခြင်း၊ ပေါင်းသင်းလက်ထပ်ခြင်း၊ အနိုင်ရခြင်းနှင့် ဘာသာကူးပြောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထိုမှတဆင့် အလွန်ကွဲပြားသော လူမျိုးစုများစွာတို့သည် တာ့ခ်လူမျိုး၏ အစိတ်အပိုင်းများအဖြစ် ပါဝင်လာကြသည်။

မည်သို့ပင်ဆိုစေကာမူ တာ့ခ်လူမျိုးများသည် မတူညီသော ရှုထောင့်များတွင် ယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ ဘုံမျိုးရိုးဗီဇနှင့် သမိုင်းဆိုင်ရာ အတွေ့အကြုံများကဲ့သို့ ဘာသာစကားမဟုတ်သော ဝိသေသလက္ခဏာများကို မျှဝေထားကြသည်။ ခေတ်သစ်တာ့ခ်လူမျိုးစုအချို့တွင် အထင်ရှားဆုံး လူမျိုးစုများမှာ-

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  1. "Turkic peoples"Encyclopædia Britannica
  2. Findley၊ Carter Vaughn (2004)။ The Turks in World History။ Oxford University Press။
  3. Golden၊ Peter B. (1992)။ An Introduction to the History of the Turkic Peoples