မာတိကာသို့ ခုန်သွားရန်

ရှင်သုနန္ဒ

ဝီကီပီးဒီးယား မှ
(တလုပ်မြို့ဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်သုနန္ဒ (၁၁၆၁ - ၁၂၀၉) သည် “တလုပ်မြို့ဆရာတော်” ဟု သိကြသည့် ဆရာတော်တစ်ပါး ဖြစ်သည်။[]

ဆရာတော်ကို ၁၁၆၁ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်နေ့တွင် တလုပ်မြို့၊ ချောင်းတောင်ရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ “မောင်ရွှေသီး” ဖြစ်သည်။ ဖခင်ဖြစ်သူ၏ အမည်မှာ မောင်ရွဲ ဖြစ်သည်။

အရွယ်ရောက်သည့်အခါ “ရှင်သုနန္ဒ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ စီးတော်မြင်းဝန် မောင်ရွှေနီသည် အမရပူရမြို့တော် အရှေ့တောင်ယွန်းကျောက်မြောင်းတိုက်ရှိ အနောက်ကျောင်းတိုက်တွင် ကျောင်းသစ်ဆောက်လုပ်ကာ လှူဒါန်းခဲ့သည်။

သာယာဝတီမင်းလက်ထက်တွင် မိဖုရားကြီးက ကိုးကွယ်ခဲ့သည်။

ဆရာတော်သည် “သုဓမ္မာလင်္ကာရာဘိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော်ကို ရခဲ့သည်။[]

ပျံလွန်တော်မူခြင်း

[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၉၀ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၈၈။