တရုမအဲတောင်
| တရုမအဲတောင် | |
|---|---|
| 樽前山 | |
Seen from the SSE | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၁,၀၄၁ m (၃,၄၁၅ ft)[၁] |
| စာရင်းသွင်းခြင်း | List of mountains and hills of Japan by height List of volcanoes in Japan |
| ကိုဩဒိနိတ် | 42°41′24″N 141°22′41″E / 42.69000°N 141.37806°Eကိုဩဒိနိတ်: 42°41′24″N 141°22′41″E / 42.69000°N 141.37806°E[၂] |
| ပထဝီဝင် | |
| ပင်မတောင်တန်း | Nasu Volcanic Zone |
| မြေမျက်နှာသွင်ပြင်ပြ မြေပုံ | Geographical Survey Institute (国土地理院 Kokudochiriin) 50000:1 樽前山, 25000:1 樽前山, 25000:1 風不死岳 |
| ဘူမိဗေဒ | |
| တောင်အမျိုးအစား | Caldera |
| Volcanic arc | Northeastern Japan Arc |
| နောက်ဆုံး ပေါက်ကွဲမှု | 1982[၃] |
| တောင်တက်ခြင်း | |
| အလွယ်ဆုံး တောင်တက်လမ်း | Hike |

တရုမအဲတောင် (樽前山, Tarumae-zan) သည် ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးကျွန်း၊ ရှိခိုဆွတ် - တိုယအမျိုးသားဥယျာဉ်နယ်မြေအတွင်း တည်ရှိသည့် တောင်တစ်ခု ဖြစ်သည်။ ဤတောင်သည် ချိတိုဆဲမြို့နှင့် တိုမခိုမအိမြို့တို့၏ အနီးတွင် တည်ရှိပြီး ၎င်းမြို့နှစ်မြို့မှ ရှင်းလင်းစွာ မြင်ရသည်။ ရှိခိုဆွတ်ရေကန်၏ ကန်ဘောင်ပေါ်တွင် တည်ရှိနေသည့် တောင်လည်း ဖြစ်သည်။ တရုမအဲတောင်သည် အမြင့် ၁၀၄၁ မီတာ ရှိကာ လှုပ်ရှားနေသည့် မီးတောင်တစ်ခု ဖြစ်သည်။
ပေါက်ကွဲမှုများ
[ပြင်ဆင်ရန်]
အနီးဆုံးကာလ ပေါက်ကွဲမှုသည် ၁၉၈၂ ခုနှစ်တွင် ဖြစ်ပါားခဲ့သည်။ ယခင်အဓိကပေါက်ကွဲမှုများသည် ၁၆၆၇၊ ၁၇၃၉ နှင့် ၁၉၀၉ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သည်။[၄] ၁၆၆၇ နှင့် ၁၇၃၉ တို့တွင် ပေါက်ကွဲမှုများသည် ဤတောင်၏ လက်ရှိပုံသဏ္ဌာန်ကို ဖြစ်ပေါ်စေခဲ့သည်။ အခြားသော ပေါက်ကွဲမှုများအနေဖြင့် ၁၉၁၉ - ၂၁, ၁၉၂၃, ၁၉၂၆, ၁၉၃၃, ၁၉၃၆, ၁၉၄၄, ၁၉၅၁, ၁၉၅၃ - ၅၅, ၁၉၇၈ ခုနှစ်တို့တွင် ပေါက်ကွဲခဲ့သည်။ ဤတောင်သည် "A" အဆင့်ရှိ မီးတောင်ဖြစ်ကာ မဝေးသောကာလတွင် ပေါက်ကွဲနိုင်ခြေ ရှိနေသည်။[၅][၄]
ဟော့ကိုင်းဒိုးသဘာဝအထိမ်းအမှတ်နေရာ
[ပြင်ဆင်ရန်]ဟော့ကိုင်းဒိုးသဘာဝအထိမ်းအမှတ်နေရာအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ဤတောင်သည် တောင်တက်သမားများအကြားတွင် လူကြိုက်များပြီး တက်ရလွယ်သည်။ တောင်တက်သူများအနေဖြင့် ခုနစ်ခုမြောက်ဘူတာမှတဆင့် တက်ရောက်ရမည် ဖြစ်သည်။ တောင်ပေါ်မီတောင်ဝသို့ ရောက်ရှိရန် တစ်နာရီကြာမြင့်သည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]- တည်နေရာပြမြေပုံ
- ရှိခိုဆွတ်ရေကန်နှင့်အတူ မြင်ရပုံ (တရုမအဲတောင်သည် အောက်ဘက်တွင် ရှိသည်)
- တရုမအဲတောင်နှင့် ဖွတ်ပုရှိတောင်ကို NNE အရပ်မှ မြင်ရပုံ
- ချော်ရည်တောင်ခုံး
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Tarumaesan - Japan Meteorological Agency (in ဂျပန်)
- Tarumaesan: National catalogue of the active volcanoes in Japan။ - Japan Meteorological Agency
- Tarumae Volcano - Geological Survey of Japan
- Shikotsu။ Smithsonian Institution။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Geographical Survey Institute
- ↑ Mt. Tarumae
- ↑ Tarumae Volcano - Geological Survey of Japan
- 1 2 Volcano Field Trip။ 2011-07-22 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-10-02 တွင် ပြန်စစ်ပြီး။
- ↑ GEOPHYSICAL OBSERVATIONS IN TARUMAI VOLCANO, HOKKAIDO, JAPAN (doc)။ Makoto Tamura Geological Survey of Hokkaido။ 1 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။