မာတိကာသို့ ခုန်သွားရန်

တမမြစ်

ဝီကီပီးဒီးယား မှ
တမမြစ်
Map
တမမြစ် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
တမမြစ်
Tama River near the city of Ōme in western Tokyo
Tama River, in a Landsat photo of the Tokyo area
Woodblock printing by Hokusai

တမမြစ် (多摩川, Tama-gawa) သည် ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်းရှိ တိုကျိုမြို့၊ ခနဂဝခရိုင်နှင့် ယမနရှိခရိုင်တို့တွင်ရှိသည့် မြစ်တစ်စင်း ဖြစ်သည်။ အဆင့် (၁) ရှိသည့် မြစ်ဖြစ်သည်ဟု ဂျပန်အစိုးရက သတ်မှတ်ထားသည်။ အရှည် ၁၃၈ ကီလိုမီတာ (၈၆ မိုင်) ရှိသည်။ မြစ်ဝှမ်းဒေသသည် ၁၂၄၀ စတုရန်းကီလိုမီတာ (၄၈၀ စတုရန်းမိုင်) ရှိသည်။[၁]

မြစ်သည် ခနဂဝခရိုင်နှင့် တိုကျိုမြို့အကြားကို ပိုင်းခြားထားပြီး "ကြီးမားသည့်တိုကျိုဒေသ" (Greater Tokyo Area) ကို ဖြတ်သန်းလျက်ရှိသည်။ တိုကျိုမြို့တွင် မြစ်ဖြတ်သန်းရာကမ်းဘေးတွင် ပန်းခြံများ၊ အားကစားကွင်းများနှင့် ပျော်ပွဲစားထွက်ရာထင်ရှားသည့်နေရာများ တည်ရှိသည်။

ရေစီးဆင်းရာလမ်းကြောင်း

[ပြင်ဆင်ရန်]

တမမြစ်သည် ယမနရှိခရိုင်၊ ခိုရှုမြို့ရှိ ခဆတိုရိတောင်မှ စတင်စီးဆင်းဖြစ်ပေါ်လာသည်။ ထိုမှတဆင့် အရှေ့ဘက်သို့စီးဆင်းကာ တိုကျိုမြို့အနောက်ဘက် တောင်ထူထပ်ရာဒေသကို ဖြတ်သန်းသည်။ ထိုတောင်ထူထပ်ရာဒေသတွင် အိုးဂိုချိဆည်ကို တည်ဆောက်ထားပြီး အိုခုတမရေကန်ကို ဖြစ်ပေါ်စေသည်။ ဆည်၏ အောက်ဘက်သို့ ရောက်သည့်အခါတွင် "တမ" ဟူသည့် အမည်ဖြင့် မြစ်တစ်စင်း ဖြစ်လာကာ အိုးမဲမြို့ရှိ "ချိချိဘုတမခိုင်းအမျိုးသားဥယျာဉ်" ကို ဖြတ်သန်းစီးဆင်းသည်။ ထို့နောက်တွင် မြစ်သည် တမတောင်ကုန်းများနှင့် မဆရှိနိုလှေကားထစ်စိုက်ခင်းများအကြားမှ အရှေ့တောင်ဘက်သို့ ဆက်လက်စီးဆင်းလာသည်။ မြစ်သည် တိုကျိုမြို့နှင့် ခနဂဝခရိုင်၊ ခဝဆခိမြို့အကြားနယ်နိမိတ်ကို ဖြစ်ပေါ်စေသည်။ မြစ်ဝနေရာဖြစ်သည့် တိုကျိုပင်လယ်အော်တွင် စက်မှုလုပ်ငန်းများစွာ တည်ရှိသည်။ မြစ်ဝအနီးအနားတွင် ဟနဲဒလေဆိပ်လည်း တည်ရှိသည်။[၂]

ရုပ်ပုံများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

35°31′18″N 139°47′54″E / 35.521784°N 139.798333°E / 35.521784; 139.798333ကိုဩဒိနိတ်: 35°31′18″N 139°47′54″E / 35.521784°N 139.798333°E / 35.521784; 139.798333 (mouth)

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Overview of class 1 rivers (PDF) (in ja)။ Ministry of Land, Infrastructure, Transport and Tourism (2025)။ 2025-12-21 တွင် ပြန်စစ်ပြီး။
  2. ↑ Tracing the History of the Tamagawa Josui Aqueduct။