မာတိကာသို့ ခုန်သွားရန်

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)

ဝီကီပီးဒီးယား မှ
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး)
တည်နေရာ
ဗထူးတပ်မြို့ရှမ်းပြည်နယ်
 မြန်မာ
သတင်းအချက်အလက်
အမျိုးအစားဗိုလ်သင်တန်းကျောင်း
ဆောင်ပုဒ်နောင်တစ်ခေတ်၏ စစ်ခေါင်းဆောင်
တည်ထောင်၁၉၄၈; ၇၈ နှစ် အကြာက (၁၉၄၈)
အာဏာပိုင်ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး
ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ် မင်းသီဟ
ဘာသာစကားမြန်မာဘာသာ
Affiliation တပ်မတော်

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) (အင်္ဂလိပ်: Army Officers Training School, Bahtoo) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ဗထူးတပ်မြို့တွင် တည်ရှိသော တပ်မတော် (ကြည်း)၏ အရာရှိ သင်တန်းကျောင်း ဖြစ်သည်။ လက်ရှိကျောင်းအုပ်ကြီးမှာ ဗိုလ်မှူးချုပ်မင်းသီဟ (ကြည်း - ) (စတသ-) ဖြစ်သည်။ သင်တန်းကျောင်းသည် တပ်မတော်၏ အရာခံဗိုလ်များနှင့် အကြပ်ကြီးများကို လေ့ကျင့်ပေးပြီး၊ စစ်တက္ကသိုလ် (DSA) နှင့်အတူ နိုင်ငံ၏ အဓိက တပ်မတော်အရာရှိ လေ့ကျင့်ရေးဌာနများထဲမှ တစ်ခုဖြစ်သည်။[][] သင်တန်းကျောင်းတွင် သင်တန်းကာလသည် ပုံမှန်အားဖြင့် ကိုးလကြာမြင့်ပြီး၊ သင်တန်းဆင်း ဗိုလ်လောင်းများသည် တပ်မတော် အရာရှိပြန်တမ်းဝင်အဖြစ် ခန့်အပ်ခံရသည်။[] သင်တန်းကျောင်းမှ ဗိုလ်လောင်းများသည် အခြားတက္ကသိုလ်များမှ ဗိုလ်လောင်းများထက် အရပ်ဘက်ဘဝ အတွေ့အကြုံပိုမို ရှိတတ်ကြသည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဗိုလ်သင်တန်းကျောင်း၏ မူလအစကို ၁၉၄၂ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၌ ဂျပန်တော်ဝင်တပ်မတော်မှ စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးကျောင်း ဖြစ်လာခဲ့သည်။[] ဗိုလ်သင်တန်းကျောင်းအား ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ပြင်ဦးလွင်မြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁)မှ(၁၆)ထိ နှင့် အရာရှိငယ်သင်တန်းအမှတ်စဉ်(၁)မှ(၁၁)ထိ ဖွင့်လှစ်ခဲ့သည်။ ၁၉၅၇ ခုနှစ် ဇွန်လ တွင် ဗထူးတပ်မြို့သို့ ပြောင်းရွှေ့ခဲပြီး ဗိုလ်လောင်းသင်တန်း(၁၇)မှ (၂၈)ထိ၊ အရာရှိငယ်သင်တန်းအမှတ်စဉ်(၁၂)မှ (၂၀)ထိ ဖွင့်လှစ်ခဲ့သည်။ ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် မှော်ဘီမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၉)မှ (၈၂)ထိ၊ အရာရှိငယ်သင်တန်းအမှတ်စဉ်(၂၁)မှ (၃၉)ထိ၊ အလုပ်သင်ဗိုလ်လောင်းအမှတ်စဉ် (၁)မှ (၁၉)ထိ ဖွင့်လှစ်သင်ကြားခဲ့သည်။ ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် ဗထူးတပ်မြို့သို့ပြောင်းရွှေ့ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၈၃)မှ (၁၂၄)ထိ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ၂၀၁၄ ခုနှစ် မတ်လ ၁၂ရက်တွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)ဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့သည်။

နိုင်ငံရေးလေ့လာသူများက ဗိုလ်သင်တန်းကျောင်း နှင့် စစ်တက္ကသိုလ် (DSA) အကြား ကာလရှည်ကြာ အာဏာလွန်ဆွဲမှုများ ရှိခဲ့ကြောင်း မှတ်ချက်ပြုကြသည်။[] ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အမျိုးသားဥပဒေပြုလွှတ်တော်၏ အထက်လွှတ်တော်ဖြစ်သော အမျိုးသားလွှတ်တော်တွင် တပ်မတော်မှ ခန့်အပ်သော ကိုယ်စားလှယ်များ၏ ၇% (၄ ဦး) မှာ ဗိုလ်သင်တန်းကျောင်းဘွဲ့ရများဖြစ်ကြပြီး၊ အောက်လွှတ်တော်ဖြစ်သော ပြည်သူ့လွှတ်တော်တွင်မူ ဗိုလ်သင်တန်းကျောင်းဘွဲ့ရ ကိုယ်စားလှယ်များ တစ်ဦးမျှ မပါဝင်ခဲ့သည်ကို တွေ့ရသည်။[]

ထင်ရှားသော ကျောင်းဆင်းများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Unity Is A Basic Need For Enabling An Independent And Sovereign Country To Stand Tall: Vice-Senior General (in en-US)။ Global New Light Of Myanmar (2022-04-05)။ 2023-02-19 တွင် ပြန်စစ်ပြီး။
  2. 1 2 3 4 Seekins၊ Donald M. (2006-08-21)။ Historical Dictionary of Burma (Myanmar) (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Scarecrow Press။ ISBN 978-0-8108-6486-3
  3. 1 2 Maung Aung Myoe (2016-02-04)။ Maung Aung Myoe: A quick guide to Myanmar's military MPs (in en-GB)။ 2023-02-19 တွင် ပြန်စစ်ပြီး။
  4. 1 2 3 Htet၊ Thu (2020-08-20)။ On This Day | The Day Japan Founded a Military Training School in Wartime Myanmar (in en-US)။ 2023-02-19 တွင် ပြန်စစ်ပြီး။
  5. Burma's Last Mission ? 19 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-02-19 တွင် ပြန်စစ်ပြီး။
  6. Members of State Peace and Development Council (SPDC) (2003-11-01)။ 19 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-02-19 တွင် ပြန်စစ်ပြီး။
  7. Who’s Who In the Junta’s Line-up 19 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-02-19 တွင် ပြန်စစ်ပြီး။
  8. KyawThu (2020-11-27)။ Myanmar Defense Minister Tipped to Become VP in New Govt (in en-US)။ 2023-02-19 တွင် ပြန်စစ်ပြီး။
  9. Meet Lt-Gen Ye Win Oo, the Man in Charge of Myanmar Junta’s Torture Chambers (in en-US) (2022-10-10)။ 2023-02-19 တွင် ပြန်စစ်ပြီး။
  10. Junta Watch: Myanmar’s Chief Torturer Rewarded with Cabinet Post; New Curfew Threatens Lives; and More (in en-US) (2023-02-11)။ 2023-02-19 တွင် ပြန်စစ်ပြီး။