တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ)
ဤ တပ်မတော်၏ ရာထူးတာဝန်နေရာ အကြောင်း ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ (စက်တင်ဘာ ၂၀၂၁) |
တပ်မတော် ၏
တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) တပ်မတော် စာရင်းစစ်ချုပ် | |
---|---|
![]() ကာကွယ်ရေးဦစီးချုပ်ရုံး(ကြည်း) အလံ | |
တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ရုံး (ကြည်း/ရေ/လေ) | |
အမျိုးအစား | အရာရှိချုပ် |
လက်ရှိအခြေအနေ | ခန့်အပ်ပြီး |
အဖွဲ့ဝင် | ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) |
အစီရင်ခံရသူ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
စံအိမ် | စစ်ရုံး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ။ |
ရုံးတည်နေရာ | စစ်ရုံး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ။ |
ခန့်အပ်သူ | ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
ယခင် | ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း |
တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) ဆိုသည်မှာ တပ်မတော်တွင် ခန့်အပ်သည့် ရာထူးတာဝန်များထဲမှ တစ်ခုဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရှိသည့် တပ်မတော် အရာရှိကြီးများကိုသာ ခန့်အပ်လေ့ရှိသည်။ လက်ရှိ၌ တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) တာဝန် ထမ်းဆောင်နေသူမှာ “ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး” ဖြစ်သည်။
‘ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်’ သည် ၂၀၁၇ ခုနှစ် မေလတွင် ‘ဒုတိယဗိုလ်ချုပ်ကြီး’ အဆင့်သို့ တိုးမြှင့်ခံရပြီး “တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ)” ရာထူးနေရာသို့ ခန့်အပ်ခြင်းခံရ၍ ယခင်ထမ်းဆောင်သူ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ထံမှ ၎င်းရာထူး တာဝန်အားလွှဲပြောင်းရယူခဲ့သည်။ သူသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ၊ ဗိုလ်သင်တန်းအမှတ်စဉ် (ဗသက-၆၆)၏ စံပြထူးချွန်ဆုရရှိခဲ့သူဖြစ်ပြီး သူသည် ၂၀၁၀ ခုနှစ်တွင် တမခ(၁၀၁) တပ်မမှူး၊ ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အထိ တွဲဖက်စစ်ထောက်ချုပ် ရာထူးများ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်သည် ၂၀၁၆ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် နိုင်ငံတော်သမ္မတ၏ ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်။
![]() | ဤ တပ်မတော်နှင့် သက်ဆိုင်သည့် ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |