တပင်ရွှေထီးဂမုန်း
ပုံပန်းသွင်ပြင်
တပင်ရွှေထီးဂမုန်းကား အမှန်ပင် ထီးနှင့်တူ၏။ တခွန်တိုင်နှင့် တူသော အရိုးမှ အရွက်ထွက်ခြင်း ဖြစ်သည်။ ပင်စည်ခေါ်ရန်လည်း ခက်၏။ ရွက်ရိုးဟုလည်း ခေါ်ရန် ခက်၏။ တပင်တွင် တရွက်သာ ရှိသည်။
အရိုးကား အနည်းငယ် အမျှောင်းရှိပြီး အမျှောင်းပေါ်တွင် အနီစင်း ရှိသည်။ အရိုးတန်မှာ အညိုရောင်သန်းသန်းမျှ ဖြစ်သည်။ အပင်ခေါင်းမှ ရံဖန်ရံခါ ပွင့်တတ်သည်။ ဥရှိသည့်အမျိုးသာပင် ထီးတစင်း၏ ခရိုင်များကဲ့သို့ အရွက်ကြောကလေးများ ပေါ်တွင် ငွေရောင်လဲ့လဲ့ အကြောကလေးများ ရှိသည်။ အရွက်ပုံမှာ တတ်နိုင်သလောက် ဖော်ပြရလျှင် "ဗ"သာ ဖြစ်၏။
ဤဂမုန်းပင်ကို စိုက်ပါက အပင်၏ အနေအထားကဲ့သို့ တည့်မတ်သော သမာဓိတရား လက်ကိုင်ထားလျှက် မည်သည့်အမှုကိစ္စပင် ဆောင်ရွက်သည် ဖြစ်စေကာမူ တိုးတက်ခြင်း၊ တန်ခိုးကြီးခြင်း၊ ထင်ပေါ်ခြင်း ရှိသည်ဟု ရှေးလူကြီးများသည် တထစ်ချယုံကြည်ထားကြသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဖိုးသာဝ ရေး၊ ဂမုန်းညွှန်းကျမ်း၊ (ပထမတွဲ)စာ-၁၁၆
| ဤ အပင် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |