တနင်္သာရီမြစ်ကြီး

ဝီကီပီးဒီးယား မှ
(တနင်္သာရီမြစ် မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
တနင်္သာရီမြစ်ကြီး
Great Tenasserim River.jpg
Great Tenasserim River
Greattenasserimrivermap.png
နိုင်ငံမြန်မာနိုင်ငံ
အချက်အလက်များ
စီးဝင်ရာနေရာမြိတ်ကပ္ပလီပင်လယ်
အလျား၃၀၀ ကီလိုမီတာ (၁၉၀ မိုင်)
စီးဆင်းမှု
  • ပျမ်းမျှ နှုန်း:
    ၁,၇၇၄ m3/s (၆၂,၆၀၀ cu ft/s)
မြစ်ဝှမ်း အချက်အလက်များ
မြစ်လက်တက်များ

တနင်္သာရီမြစ်ကြီး (အင်္ဂလိပ်: Great Tenasserim River) သို့မဟုတ် တနင်္သာရီမြစ် သည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ အဓိကမြစ်တစ်ခု ဖြစ်သည်။ ဤမြစ်သည် တနင်္သာရီမြို့ကို ဖြတ်သန်းကာ တနင်္သာရီတိုင်းဒေသကြီးကို ဖြတ်သန်းစီးဆင်းကာ မြိတ်မြို့တွင် ပင်လယ်အတွင်းသို့ စီးဝင်သည်။ မြစ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၀၇၄ မီတာ (၆၈၀၄ ပေ) တနင်္သာရီတောင်တန်းများမှ စတင်ကာ ဖြစ်တည်လာပြီး ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ဤမြစ်တည်ရှိရာ နေရာဒေသကို မြန်မာဘာသာစကားဖြင့် တနင်္သာရီဟု ခေါ်ဆိုကြသည်။ ဤမြစ်သည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းဒေသတွင် တည်ရှိသည်။ ထိုနေရာသည် အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်စပ်ဖြစ်ပြီး အနောက်ဘက်တွင် ကပ္ပလီပင်လယ်ပြင် တည်ရှိသည်။[၁]

ဤဒေသတွင် ဒေသမျိုးရင်းစိတ်မဟုတ်သည့် သစ်သီးပင်များနှင့် အခြားများပြားသည့် လူဦးရေတို့သည် ဤမြစ်ကမ်းတွင် မှီတင်းနေထိုင်ကြသည်။[၂] မြစ်ဝှမ်းတစ်လျှောက် နေထိုင်ကြသည့် လူမျိုးစုများတွင် အနောက်ဘက်နှင့် မြောက်ဘက်တွင် ကရင်လူမျိုးများ၊ တောင်ဘက်တွင် ထိုင်းလူမျိုးများနှင့် မြန်မာလူမျိုးများလည်းနေထိုင်ကြသည်။[၁]

ပထဝီသွင်ပြင်[ပြင်ဆင်ရန်]

တနင်္သာရီမြစ်ကြီး၏ အောက်ဘက်ပိုင်း မြေပုံ

တနင်္သာရီမြစ်ကြီးသည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် တည်ရှိသည့် အဓိကမြစ်ကြီးများထဲမှ တစ်ခု ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးကို ဖြတ်သန်းစီးဆင်းနေသည့် အရေးအပါဆုံး မြစ်တစ်ခု ဖြစ်သည်။[၃] ဤမြစ်သည် မေတ္တာမြစ်အနီး ကမောင်းသွယ်မြစ်နှင့် ဘန်းမြစ်တို့ဆုံရာတွင် စတင်ဖြစ်ပေါ်လာသည်။ ကမောင်းသွယ်မြစ်သည် တနင်္သာရီတောင်တန်းများ၏ အမြင့် ၂၀၇၄ မီတာ (၆၈၀၄ ပေ) မှ စတင်ဖြစ်လာသည်။ ဘန်းမြစ်သည် တောင်ဘက်မှ စီးဆင်းလာသည်။ မေတ္တာမြစ်သည် တနင်္သာရီမြစ်၏ မြောက်ဘက်ပိုင်းရှိ အဓိကကျသည့် မြစ်လက်တက်တစ်ခု ဖြစ်သည်။ မေတ္တာမြစ်သည် တနင်္သာရီမြစ်နှင့် မေတ္တာမြို့၏ အနောက်မြောက် လက်ယာဘက်တွင် တွေ့ဆုံသည်။ Tagu, Banlaw, Wunna, Thamihla စသည့် မြို့များစွာကို ဖြတ်သန်းစီးဆင်းပြီးနောက် သရပုံမြို့နှင့် ကဟန်းမြို့တို့၏ လက်ဘက်ဘက်မြစ်ကမ်းတွင် တနင်္သာရီမြစ်နှင့် တွေ့ဆုံသည်။[၄]

တနင်္သာရီမြို့သည် တနင်္သာရီမြစ်ကြီး၏ တောင်ဘက်ကမ်းခြေတွင် တည်ရှိသည်။[၅] တနင်္သာရီမြို့တွင် တနင်္သာရီမြစ်ငယ်သည် တနင်္သာရီမြစ်ကြီးနှင့် တွေ့ဆုံကြသည်။ ထိုနေရာမှ ၃၃ မိုင် (၅၃ ကီလိုမီတာ) စီးဆင်းပြီးနောက် ကပ္ပလီပင်လယ်ပြင်သို့ မရောက်ရှိမီ မြိတ်မြို့ကို ဖြတ်သန်းသွားသည်။ [၆]မြိတ်မြို့သည် မြစ်၏ မြစ်ခွဲနှစ်ခုမှ ဖြစ်ပေါ်လာသည့် ကျွန်းငယ်တစ်ခု ဖြစ်သည်။ [၇]ဤမြစ်ခွဲများသည် တနင်္သာရီမြစ်၏ မြစ်ဝများစွာမှ ကြီးမားသည့် အကြီးဆုံးနှစ်ခုဖြင့် ဖွဲ့စည်းထားသည်။ မြိတ်မြို့သည် ကျွန်းဆွယ်ပေါ်တွင် တည်ရှိသည်။ ဤမြစ်သည် Tavoy မှ တောင်ဘက် ၁၅၀ မိုင် (၂၄၀ ကီလိုမီတာ) နှင့် လေညာမြစ်၏ မြောက်ဘက် ၄၅ မိုင် (၇၂ ကီလိုမီတာ) အကွာတွင် ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သည်။ [၅][၈]မြစ်ဝကျွန်းပေါ်ဒေသ၏ ကမ်းရိုးတန်းသည် ၂၀ မိုင် (၃၂ ကီလိုမီတာ) ရှိည်လျားသည်။ ရေထွက်ပေါက်မြစ်ဝသည် မြိတ်မြို့၌ ၃ မိုင် (၄.၈ ကီလိုမီတာ) အကျယ်ရှိသည်။

မြစ်ကမ်းများသည် အချို့နေရာများတွင် ထောင့်မှန်ကျလုနီးပါး တည်ရှိနေသည်။ အောက်ပိုင်းမြေနိမ့်ဒေသများတွင် ကျွန်းငယ်လေးများ ဖြစ်ပေါ်နေသည်။ မြစ်၏ ကျဉ်းမြောင်းသည့်နေရာများတွင် ရေစီးသန်သည်။ ဒီရေသည် တနင်္သာရီမြို့အထက် ၁၀ မိုင် (၁၈ ကီလိုမီတာ) အထိ တက်ရောက်သည်။ [၉]တနင်္သာရီမြစ်ကြီး၏ လက်ဘာဘက်ကမ်းခြေတွင် Hti-phan-ko ချောင်း၊ Thuggoo မြစ်နှင့် Tonbyaw ချောင်းတို့ တည်ရှိသည်။[၁၀][၁၁] မြစ်ကမ်းပါးရေတိုက်စားမှုသည် ဒေသ၏ အထက်ပိုင်းများတွင် ဖြစ်ပေါ်လျက်ရှိသည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

၁၈ ရာစုနှောင်းပိုင်းတွင် မြန်မာနှင့် ထိုင်းအကြား၌ စစ်ပွဲများဖြစ်ပွားခဲ့ရာ တနင်္သာရီမြစ်ကြီး တည်ရှိရာဒေသသည် မြန်မာတို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။ ပထမ အင်္ဂလိပ်- မြန်မာစစ်ပွဲ (၁၈၂၄ - ၂၆) တွင် ဗြိတိသျှတို့သည် ထိုဒေကို ထိန်းချုပ်ခဲ့ပြန်သည်။ မြိတ်မြို့ကို ဗြိတိသျှတို့က သိမ်းပိုက်လိုက်သည့်အခါတွင် ၁၈၂၆ ခုနှစ်တွင် ဗြိတိသျှအိန္ဒိယတို့ ထိန်းချုပ်ပိုင်ဆိုင်ရာ ပထမဆုံးမြို့ ဖြစ်ခဲ့သည်။ ထို့နောက် ၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်တို့သည် တနင်္သာရီဒေကို သိမ်းပိုက်ခဲ့ကာ ဤဒေသသည်လည်း မြန်မာတို့လက်သို့ ၁၉၄၁ မှ ၁၉၄၅ အထိ ရောက်ရှိခဲ့သည်။ စစ်ပြီးနောက် ၁၉၄၈ ခုနှစ်ရောက်ရှိပြီးနောက်တွင် ဤဒေသည် ဗြိတိသျှတို့၏ လက်အောက်မှ လွတ်မြောက်ကာ လွတ်လပ်ရေးရရှိခဲ့သည်။[၁][၇]

စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေး[ပြင်ဆင်ရန်]

တနင်္သာရီမြစ်ဝှမ်းတွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ စပါးစိုက်ခင်းများသည် ထားဝယ်တွင် အများဆုံး တည်ရှိသည်။[၁] ထို့အပြင် ဟင်းသီးဟင်းရွက်များ၊ အုန်းပင်၊ ရာဘာပင်နှင့် ကျွန်းပင်များလည်း စိုက်ပျိုးကြသည်။ ဆားထုတ်လုပ်မှုလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။ ထားဝယ်တွင် သစ်သားနှင့် ဝါးထုတ်လုပ်မှုကို အဓိကလုပ်ကိုင်ကြသည်။ မြိတ်မြို့သည် ထိုဒေသတွင် ငါးဖမ်းခြင်းကို အဓိက လုပ်ကိုင်သည်။ ထိုရရှိလာသည့် ငါးများကို မြို့ရှိ ဈေးကွက်သို့ တင်ပို့ ရောင်းချသည်။ ရလဒ်အနေဖြင့် ၁၉၉၀ ခုနှစ်များတွင် မြို့သည် အဆောက်အဦ အသစ်များစွာဖြင့် ဖြစ်လာခဲ့သည်။[၇] ကြီးမားသည့် လှေကြီးများသည် မြစ်အတွင်း သွားလာနိုင်ကြသည်။ [၉]

ရင်းမြစ်များ[ပြင်ဆင်ရန်]

မြစ်တွင် မက်ဂနိစ်များ ကြွယ်ဝစွာ တည်ရှိသည်ဟု ဆိုကြသည်။[၃] တနင်္သာရီတိုင်းဒေသကြီး၏ တောင်ဘက်ပိုင်းတွင် သံဖြူလည်း တွေ့ရသည်။ ထုတ်ယူပြီးသည့် သံဖြူများကို Heinda တွင် တည်ရှိသည့် စက်ရုံတွင် သန့်စင်သည်။ ထားဝယ်နှင့် မြိတ်အနီးတွင်လည်း Tungsten နှင့် သံသတ္ထုမိုင်းများကို တွေ့ရသည်။ [၅]မက်ဂနိစ်ကို မြစ်၏ ချိုင့်ဝှမ်းဒေသတွင်လည်း တွေ့ရသည်။ သံဖြူကို တွင်းထွက်သတ္ထုတစ်ခုအနေဖြင့် မြိတ်နှင့် ထားဝယ်ခရိုင်များ၏ ချိုင့်ဝှမ်းဒေသများတွင် တွေ့ရသည်။ ၎င်းတို့ကို မြစ်တွင်ရှိနေသည့် ကျောက်စရစ်ခဲများမှ ထုတ်ယူခြင်း ဖြစ်သည်။ ကျောက်စရစ်ခဲများကို ရယူစုဆောင်းပြီး ဆေးကြောသည်။ ထို့နောက် ဆေးကြောသည့် လုပ်ငန်းစဉ်သည် ပထမအကြိမ်၌ သံဖြူ ၇၀ ရာခိုင်နှုန်း ထွက်ရှိပြီး ဒုတိယအကြိမ် ဆေးကြောသည့်အခါတွင် ၇၅ ရာခိုင်နှုန်း ထွက်ရှိသည်။ ထိုကဲ့သို့ ထုတ်လုပ်သည့် သတ္ထုများသည် များပြားစွာ တည်ရှိပြီး ထုတ်လုပ်လိုက်သည်များမှာလည်း အလွန်ကောင်းမွန်သည့်အရည်အသွေး ရှိကြသည်။ ထို့အပြင် တောင်ငူချိုင့်ဝှမ်းဒေသတွင် ခဲများကို တွေ့ရသည်။ ထိုဒေသတွင် ယခုအခါ ခဲများကို ထုတ်ယူလျက်ရှိသည်။[၁၂]

ရေအားလျှပ်စစ်[ပြင်ဆင်ရန်]

၂၀၀၉ ခုနှစ်တွင် မြန်မာအာဏာပိုင်တို့က မြစ်တစ်လျှောက်တွင် ရေအားလျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းအတွက် ကွင်းဆင်းလေ့လာမှုစတင်မည်ဟု ထုတ်ပြန်ခဲ့သည်။ ထိုစီမံကိန်းမှ ရရှိမည့် လျှပ်စစ်အားများကို ထိုင်းနှင့် စင်္ကာပူသို့ တင်ပို့မည် ဖြစ်သည်။ ပထမဆုံးသော ကွင်းဆင်းလေ့လာမှုကို ၂၀၀၇ ခုနှစ်တွင် KNU က စတင်ပြုလုပ်ခဲ့သည်။ နိုင်ငံတော်ပိုင် မြန်မာ့အလင်းသတင်းစာက တနင်္သာရီရေအားလျှပ်စစ်စီမံကိန်းအတွက် လက်မှတ်ထိုးသည့်အခမ်းအနားကို ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် အမှတ် (၁) မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ၏ အီတလီ - ထိုင်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်၊ စင်္ကာပူနိုင်ငံ၏ Wind Fall Energy Services Ltd. တို့က လက်မှတ်ရေးထိုးကြသည်။ မြန်မာစစ်တပ်နှင့် ထိုင်းတာဝန်ရှိသူများသည် ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ရေ၏အဆင့်ကို တိုင်းတာခဲ့ကြသည်။ ထိုင်းကျွမ်းကျင်သူတစ်ဦးကို ငှားရမ်းခဲ့ပြီး မတူညီသည့်ရာသီဥတုနှင့် မတူညီသည့် နေရာများတွင် ဆည်တစ်ခုတည်ဆောက်ရန်အတွက် အကောင်းဆုံးနေရာတစ်ခုကို ရှာဖွေစေခဲ့သည်။ လျှပ်စစ် မီဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် ဆည်တစ်ခုဆောက်လုပ်နိုင်မည့် ဖြစ်နိုင်ခြေရှိသည့် နေရာနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ပထမနေရာသည် မြစ်၏ အထက်ပိုင်း Ler Pa Doh ရွာတွင် ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ မြစ်၏ အောက်ပိုင်း Muro ရွာတွင် ဖြစ်သည်။ ထိုနေရာနှစ်ခုတို့သည် လှေဖြင့်မြစ်ကြောင်းအတိုင်းသွားမည်ဆိုပါက သုံးနာရီကြာမြင့်သည်။[၁၃]

ငါးမျိုးစိတ်[ပြင်ဆင်ရန်]

The Emperor loach (Botia udomritthiruji), known as Botia sp Tanasserim before its official description

၁၉၉၃ ခုနှစ်တွင် တနင်္သာရီမြစ်ကြီးတွင် true loaches မိသားစုဝင် ငါးမျိုးစိတ်များကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြသည်။ ၎င်းတို့ကို တွေ့ရှိခဲ့သည့်သူ၏ အမည်ကိုစွဲကာ "Kamphol Udomritthiruj" ဟု အမည်ပေးခဲ့သည်။ သိပ္ပံအမည်မှာ "Botia udomritthiruji" ဖြစ်သည်။[၁၄][၁၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ "Tenasserim (in Tenasserim (region, Myanmar))"Encyclopædia Britannica2010-11-14 တွင် ပြန်စစ်ပြီး
  2. Royal Asiatic Society of Bengal (1841)။ Journal10။ The Society။ p. 851။
  3. ၃.၀ ၃.၁ "Tenasserim"။ Chambers's Encyclopaedia: Sound-VitaceæChambers's Encyclopaedia: A Dictionary of Universal Knowledge for the People, Volume 9။ W. and R. Chambers။ 1867။ p. 358။
  4. Geological Survey of India, p. 189, 194
  5. ၅.၀ ၅.၁ ၅.၂ Great Britain. Parliament. House of Commons (1848)။ House of Commons papers32။ HMSO။ p. 2။
  6. Hunter၊ Sir William Wilson (1881)။ The imperial gazetteer of India9။ Trübner & co.။ p. 26။
  7. ၇.၀ ၇.၁ ၇.၂ Grosberg၊ Robert Michael (2005)။ Myanmar (Burma)။ Lonely Planet။ pp. 164–165။ ISBN 978-1-74059-695-42010-11-15 တွင် ပြန်စစ်ပြီး
  8. Scottish geographical magazine, Volume 23Royal Scottish Geographical Society။ 1907။
  9. ၉.၀ ၉.၁ Hunter, p. 26
  10. Geological Survey of India (1889)။ Records of the Geological Survey of India22။ The Survey။ p. 192။
  11. "Great Tenasserim River"။ Great Tenasserim River | river, MyanmarEncyclopædia Britannica2010-11-15 တွင် ပြန်စစ်ပြီး
  12. "British Burma (British Burmah)"1902encyclopedia.com2010-11-15 တွင် ပြန်စစ်ပြီး
  13. Tenasserim hydropower project under survey။ Mizzima။ 17 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-11-15 တွင် ပြန်စစ်ပြီး။
  14. FishBase
  15. Martin Thoene။ Emperor Botia (Botia udomritthiruji)။ Loaches>com။ 2010-11-15 တွင် ပြန်စစ်ပြီး။