တတဲတောင်
| တတဲတောင် | |
|---|---|
| Tateyama, 立山 | |
Mount Tate (Mount Fuji-no-Oritate, Mount Oonanji, Mount O) and Mikuri Pond | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၃,၀၁၅ m (၉,၈၉၂ ft)[၁] |
| စာရင်းသွင်းခြင်း | |
| ကိုဩဒိနိတ် | 36°34′33″N 137°37′11″E / 36.57583°N 137.61972°Eကိုဩဒိနိတ်: 36°34′33″N 137°37′11″E / 36.57583°N 137.61972°E[၁] |
| အမည်ပေးခြင်း | |
| ဘာသာပြန် | Standing Mountain |
| ဘာသာစကား | Japanese |
| ပထဝီဝင် | |
Lua error in မော်ဂျူး:Location_map at line 522: တည်နေရာပြမြေပုံ သတ်မှတ်ချက်အား မတွေ့ရှိပါ: "Module:Location map/data/Japan Chubu" သည် မတည်ရှိနေပါ.
| |
| တည်နေရာ | Toyama Prefecture, Japan |
| ပင်မတောင်တန်း | Hida Mountains |
| မြေမျက်နှာသွင်ပြင်ပြ မြေပုံ | Geospatial Information Authority 25000:1 剱岳[၁] 50000:1 立山 |
| တောင်တက်ခြင်း | |
| ပထမဆုံး တက်ရောက်ခြင်း | Saeki no Ariyori c. 8th century AD |
တတဲတောင် (立山, Tate-yama) သည် ဂျပန်နိုင်ငံ၊ တိုယာမစီရင်စု၏ အရှေ့တောင်ဘက်ဒေသတွင် တည်ရှိသည့် တောင်တစ်ခု ဖြစ်သည်။ "တတဲယာမ" ဟုလည်း ခေါ်ကြသည်။ ဟိတဒတောင်တန်းများတွင် အမြင့်ဆုံးသော တောင်များထဲတွင် ဤတောင်လည်း ပါဝင်သည်။ အမြင့် ၃၀၁၅ မီတာ (၉၈၉၂ ပေ) ရှိသည်။ ဖူဂျီတောင်၊ ဟခုတောင်များနှင့်အတူ ဤတောင်ကို "ဂျပန်နိုင်ငံ၏ မြင့်မြတ်သည့်တောင်သုံးခု" (三霊山, Sanreizan) ဟု ခေါ်ကြသည်။[၂] ဤတောင်တွင် တောင်ထိပ်သုံးခုပါဝင်သည်။ ၎င်းတို့မှာ အိုးနန်းဂျိယာမ(大汝山, 3,015 m)၊ အိုယာမ(雄山, 3,003 m)နှင့် ဖုဂျိနိုအိုရိတတဲ (富士ノ折立, 2,999m) တို့ ဖြစ်ကြသည်။[၃] ဤတောင်ထိပ်သုံးခုသည် တောင်ကျောရိုးကို ဖြစ်ေပါ်စေသည်။ တတဲယာမတောင်သည် တတဲယာမတောင်တန်းများ (立山連峰, Tateyama-renpō) တွင် အမြင့်ဆုံးတောင်လည်း ဖြစ်သည်။
အိုယာမတောင်ထိပ်တွင် အိုယာမနတ်ကျောင်း တည်ရှိသည်။[၄]
တတဲတောင်သို့ ပထမဆုံးတက်ရောက်ခဲ့သူမှာ ဆအဲခိနိုအရိုယောရိ ဖြစ်သည်။ သူသည် အဆုခခေတ်တွင် တက်ရောက်ခဲ့သည်။ ၁၉၃၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် တောင်တည်ရှိရာဧရိယာကို ချူးဘု - ဆန်းဂခုအမျိုးသားဥယျာဉ်နယ်မြအတွင်း ပါဝင်သည်ဟု သတ်မှတ်ခဲ့သည်။[၅][၆]
အမည်
[ပြင်ဆင်ရန်]ခန်ဂျိအက္ခရာဖြင့် ဤတောင်၏ အမည်ကို 立山 ဟု ရေးသည်။ အသံထွက်မှာ "တတဲယာမ" ဖြစ်သည်။ 立 သည် "မတ်တပ်ရပ်ခြင်း"၊ 山 သည် "တောင်" ဟု အဓိပ္ပါယ်ရသည်။ တိုယာမစီရင်စုအစိုးရသည် ဤတောင်၏ တရားဝင်အမည်အဖြင့် "တတဲယာမတောင်" ဟူသည့် အသုံးအနှုန်းကို တရားဝင်အသုံးပြုသည်။
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]တည်နေရာ
[ပြင်ဆင်ရန်]တတဲယာမတောင် သည် တိုယာမစီရင်စု၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ တောင်ခြေတွင် တတဲယာမမြို့ ရှိသည်။ ဤမြို့သို့ စီရင်စု၏မြို့တော်ဖြစ်သည့် တိုယာမမြို့မှ ရထားဖြင့် သွားရောက်နိုင်သည်။ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများသည် တောင်တက်သူများနှင့် ခရီးသွားများကို မုရိုဒိုးစခန်းအထိ ပြေးဆွဲဝန်ဆောင်မှုပေးလျက်ရှိသည်။ ဤစခန်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၄၅၀ မီတာ (၈၀၃၈ ပေ) တွင် တည်ရှိသည်။ ထိုနေရာမှတဆင့် တောင်ထိပ်သို့ ခြေကျင်ခရီးတက်ရသည်။ တောင်၏ တည်နေပုံကြောင့် နှင်းများကို စုပုံလာစေကာ ရေခဲမြစ်များ ဖြစ်ပေါ်လာစေသည်။[၇]
အနီးအနားရှိ တောင်များ
[ပြင်ဆင်ရန်]
| Image | Mountain | Elevation | Distance and direction from the Top |
Note |
|---|---|---|---|---|
| Mount Tsurugi 剱岳 |
၂,၉၉၉ m (၉,၈၃၉ ft) | ၅.၃ km (၃.၃ mi) North |
100 Japanese Mountains | |
| Mount Bessan 別山 |
၂,၈၈၀ m (၉,၄၄၉ ft) | ၂.၄ km (၁.၅ mi) North |
||
| Mount Tate 立山 |
၃,၀၁၅ m (၉,၈၉၂ ft) | ၀ km (၀.၀ mi) | 100 Famous Japanese Mountains the tallest mountain in Toyama Prefecture | |
| Mount Ryūō 龍王岳 |
၂,၈၇၂ m (၉,၄၂၃ ft) | ၁.၇ km (၁.၁ mi) Southwest |
||
| Mount Harinoki 針ノ木岳 |
၂,၈၂၀.၆၀ m (၉,၂၅၄ ft) | ၇.၂ km (၄.၅ mi) Southeast |
200 Japanese Mountains | |
| Mount Akaushi 赤牛岳 |
၂,၈၆၄.၂၃ m (၉,၃၉၇ ft) | ၁၂.၈ km (၈.၀ mi) South |
200 Japanese Mountains | |
| Mount Yakushi 薬師岳 |
၂,၉၂၆.၀၁ m (၉,၆၀၀ ft) | ၁၃.၇ km (၈.၅ mi) Southwest |
100 Japanese Mountains |
မြစ်များ
[ပြင်ဆင်ရန်]တတဲတောင်မှ ရေများသည် အောက်ပါမြစ်နှစ်ခုအတွင်းသို့ စီးဝင်သည်။ ထို့နောက် ထိုမြစ်များမှတဆင့် ဂျပန်ပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ထိုမြစ်နှစ်ခုမှာ -[၈]
- Hayatsuki River
- ဟယဆွတ်ခိမြစ်
- ဆွတ်ရုဂိဆဝ (ခုရိုဘဲမြစ်၏ မြစ်လက်တက်)
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 Map inspection service (in ja)။ Geospatial Information Authority of Japan။ January 28, 2011 တွင် ပြန်စစ်ပြီး။
- ↑ Baker၊ Hagino (August 13, 2018)။ Hiking the spiritual Mount Tateyama (in en-GB)။ April 22, 2022 တွင် ပြန်စစ်ပြီး။
- ↑ 地理院地図|国土地理院။
- ↑ Fay၊ Tom; Lang၊ Wes (2019-03-27)။ Hiking and Trekking in the Japan Alps and Mount Fuji: Northern, Central and Southern Alps (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Cicerone Press Limited။ ISBN 978-1-78362-714-1။
- ↑ Chūbu-Sangaku National Park။ Ministry of the Environment (Japan)။ February 27, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 28, 2011 တွင် ပြန်စစ်ပြီး။
- ↑ 日本の主な山岳標高။
- ↑ "3 snow patches in central Japan certified as glaciers"၊ February 7, 2018။ 1 October 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 31 July 2018။
- ↑ Mountain and plateau map of Mount Tsurugi and Tateyama (ဂျပန်ဘာသာစကားဖြင့်)။ Shobunsha Publications။ 2010။ ISBN 978-4-398-75716-6။