တတိယအကြိမ် အမျိုးသားလွှတ်တော်
| တတိယအကြိမ် အမျိုးသားလွှတ်တော် | |||||
|---|---|---|---|---|---|
| |||||
| အကျဉ်းချုပ် | |||||
| ကိုယ်စားပြုမှု | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ | ||||
| အစည်းအဝေးနေရာ | အမျိုးသားလွှတ်တော်ခန်းမ၊ လွှတ်တော်အဆောက်အအုံ၊ နေပြည်တော် | ||||
| သက်တမ်း | ၁၈ မတ် ၂၀၂၆ – လက်ရှိ | ||||
| ရွေးကောက်ပွဲ | ၂၀၂၅-၂၀၂၆ | ||||
| အစိုးရ | ဦးမင်းအောင်လှိုင်အစိုးရ | ||||
| အမျိုးသားလွှတ်တော် | |||||
| ကိုယ်စားလှယ်များ | ၂၂၄ ဦး (ဖွဲ့စည်းပုံ) ၂၁၃ ဦး (ရွေးကောက်ပွဲရလဒ်) | ||||
| ဥက္ကဋ္ဌ | အောင်လင်းဒွေး | ||||
| ဒုတိယဥက္ကဋ္ဌ | Jeng Phang နော်တောင် | ||||
| ကိုယ်စားလှယ်အများဆုံးသောပါတီ | USDP (၁၀၈) NUP (၁၆) | ||||
| အစည်းအဝေးများ | |||||
| |||||
တတိယအကြိမ် အမျိုးသားလွှတ်တော်သည် ၂၀၂၅-၂၀၂၆ အထွေထွေ ရွေးကောက်ပွဲ ရလဒ်များအပေါ် အခြေခံ၍ ပေါ်ပေါက်လာသော မြန်မာနိုင်ငံ၏ အထက်လွှတ်တော် ဖြစ်သည်။ အဆိုပါ လွှတ်တော်ကို နေပြည်တော် ရှိ အမျိုးသားလွှတ်တော်ခန်းမ၌ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် စတင်ခေါ်ယူ ကျင်းပခဲ့သည်။[၁]
မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ အမျိုးသားလွှတ်တော်ကို ကိုယ်စားလှယ်စုစုပေါင်း ၂၂၄ ဦးဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ တစ်ခုလျှင် ၁၂ ဦးစီဖြင့် ရွေးကောက်ခံကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦးတို့ ပါဝင်သည်။
ဤ တတိယအကြိမ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) တို့ကို ရောထွေးကျင့်သုံးခဲ့သည်။ ထိုစနစ်အရ နိုင်သူအကုန်ယူစနစ်ဖြင့် ၇၃ ဦး၊ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ၈၄ ဦး၊ စုစုပေါင်း ၁၅၇ ဦး ရွေးကောက်တင်မြှောက်ခဲ့သည်။ တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦး အပါအဝင် တတိယအကြိမ် အမျိုးသားလွှတ်တော်တွင် စုစုပေါင်း အမတ်နေရာ ၂၁၃ နေရာဖြင့် စတင်ခဲ့သည်။
ဤလွှတ်တော်သည် နိုင်ငံတော်၏ ဥပဒေပြုရေးကဏ္ဍတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပြီး ပြည်ထောင်စုလွှတ်တော်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
လွှတ်တော်ထိုင်ခုံအရေအတွက်
[ပြင်ဆင်ရန်]တတိယအကြိမ် အမျိုးသားလွှတ်တော် သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲတွင် စုစုပေါင်း ကိုယ်စားလှယ်နေရာ ၂၂၄ နေရာရှိပြီး ထိုအနက် ၁၆၈ နေရာအား တိုက်ရိုက်ရွေးကောက်တင်မြှောက်ခဲ့ကာ ၅၆ နေရာအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ခန့်အပ်ထားသည်။
ရွေးကောက်ပွဲကျင်းပခဲ့သည့် မဲဆန္ဒနယ် ၁၆၈ နေရာအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀၈ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ ထို့နောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၁၆ နေရာ ရရှိခဲ့ပြီး ပြည်သူ့ပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့က တစ်ပါတီလျှင် ၅ နေရာစီ ရရှိခဲ့ကြသည်။ အခြား တိုင်းရင်းသားပါတီများနှင့် ပါတီအသီးသီးက ကျန်နေရာများကို ရရှိခဲ့ကြပြီး လစ်လပ်နေရာ ၁၁ နေရာ ရှိခဲ့သည်။
အတည်ပြုကြေညာထားသော တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များတွင် ဗိုလ်ချုပ် ၁ ဦး၊ ဗိုလ်မှူးချုပ် ၆ ဦး၊ ဗိုလ်မှူးကြီး ၁၅ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၅ ဦး၊ ဗိုလ်မှူး ၂၀ ဦး နှင့် ဗိုလ်ကြီး ၉ ဦး ပါဝင်ပြီး စုစုပေါင်း ၅၆ ဦးရှိသည်။[၂]
ရွေးကောက်ခံ ပါတီများဇယား
[ပြင်ဆင်ရန်]| စဉ် | နိုင်ငံရေးပါတီ / တစ်သီးပုဂ္ဂလ | နေရာရရှိမှု | နေရာ ရာခိုင်နှုန်း |
|---|---|---|---|
| ၁ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | 108 | 48.21% |
| ၂ | တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | 16 | 7.14% |
| ၃ | ပြည်သူ့ပါတီ | 5 | 2.23% |
| ၄ | မွန်ညီညွတ်ရေးပါတီ | 5 | 2.23% |
| ၅ | ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ | 3 | 1.34% |
| ၆ | ရခိုင့်ဦးဆောင်ပါတီ | 3 | 1.34% |
| ၇ | ဇိုမီးအမျိုးသားပါတီ | 3 | 1.34% |
| ၈ | ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် | 2 | 0.89% |
| ၉ | ပြည်သူ့ရှေ့ဆောင်ပါတီ | 1 | 0.45% |
| ၁၀ | ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) | 1 | 0.45% |
| ၁၁ | ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ | 1 | 0.45% |
| ၁၂ | အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ | 1 | 0.45% |
| ၁၃ | ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ | 1 | 0.45% |
| ၁၄ | တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ | 1 | 0.45% |
| ၁၅ | ကချင်ပြည်နယ်ပြည်သူ့ပါတီ | 1 | 0.45% |
| ၁၆ | ရခိုင်တိုင်းရင်းသားများပါတီ | 1 | 0.45% |
| ၁၇ | ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ | 1 | 0.45% |
| ၁၈ | ကယားပြည်နယ်ပြည်သူ့ပါတီ | 1 | 0.45% |
| ၁၉ | နာဂအမျိုးသားပါတီ | 1 | 0.45% |
| ၂၀ | ဝ အမျိုးသားပါတီ | 1 | 0.45% |
| ၂၁ | လစ်လပ် | 11 | 4.91% |
| ၂၂ | တပ်မတော် | 56 | 25.00% |
အဓိကဖြစ်ရပ်များ
[ပြင်ဆင်ရန်]- ၂၀၂၆ မတ်လ ၁၈ - တတိယအကြိမ် အမျိုးသားလွှတ်တော်၏ ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည်။ ဦးအောင်းလင်းဒွေးကို ဥက္ကဋ္ဌ[၃]၊ ဦး Jeng Phang နော်တောင်ကို ဒုတိယဥက္ကဋ္ဌ၊ ပြိုင်ဘက်မရှိ ရွေးချယ်တင်မြှောက်ခဲ့သည်။[၄]
- ၂၀၂၆ ခုနှစ် မတ်လ ၂၄ - တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဆက်လက် ကျင်းပသည်။တတိယအကြိမ် အမျိုးသားလွှတ်တော် ၏ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ ဖွဲ့စည်းတာဝန်ပေးအပ်မည့် ကိစ္စကို ဆွေးနွေးကြသည်။[၅]
- ၂၀၂၆ ခုနှစ် မတ်လ ၂၆ - တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ဆက်လက် ကျင်းပသည်။တတိယအကြိမ် အမျိုးသားလွှတ်တော် ၏ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ နှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး အစရှိသည့် ကော်မတီ(၄)ခု ဖွဲ့စည်းခြင်းနှင့် ကော်မတီများ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်းကြေညာဆုံးဖြတ်သည်။[၆]
- ၂၀၂၆ ခုနှစ် မတ်လ ၃၀ - သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ကို အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၁၅၇ ဦး စလုံး တက်ရောက်ကြသည်။ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်နန်းနီနီအေးကို ပဲခူးတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၂) မှ ဦးလှသိန်းက အဆိုတင်သွင်းပြီး ကယားပြည်နယ် (မဲအများဆုံးရသူအနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဦးရှားရယ်က ထောက်ခံတင်သွင်းသည်။ဆက်လက်၍ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁၂) မှ ဒေါက်တာ မနာမ်တူးဂျာကို တနင်္သာရီတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဦးသန်းအေး (ခ) ဦးတင်ဦးက အဆိုတင်သွင်းပြီး မကွေးတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဦးစောသွင်နှင့် မွန်ပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဦးရဲထွဋ်အောင်တို့က ထောက်ခံတင်သွင်းကြသည်။ဤသို့ဖြင့် ဒေါ်နန်းနီနီအေးနှင့် ဒေါက်တာ မနာမ်တူးဂျာတို့သည် အမျိုးသားလွှတ်တော်အစုအဖွဲ့၏ ဒုတိယသမ္မတလောင်းများ ဖြစ်လာကြသည်။[၇]
- ၂၀၂၆ ခုနှစ် မတ် ၃၁ - သမ္မတရွေးချယ်တင်မြှောက်ရေး ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့ကို ဆက်လက်ကျင်းပသည်။ဒုတိယသမ္မတလောင်း ၂ဦးကို မဲပေးရွေးချယ်ခဲ့ကြသည်။ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ရာတွင် ဒေါက်တာ မနာမ်တူးဂျာသည် (၃၈) မဲ၊ ဒေါ်နန်းနီနီအေးကသည် (၁၁၇) မဲ ရရှိခဲ့ပြီး၊ဒေါ်နန်းနီနီအေးသည် အမျိုးသားလွှတ်တော်အစုအဖွဲ့က တင်သွင်းသည် ဒုတိယသမ္မတ ဖြစ်လာခဲ့သည်။[၈]
- ၈ ဧပြီ ၂၀၂၆ - တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ကျင်းပခဲ့ပြီး၊ ပထမပုံမှန်အစည်းအဝေး ပြီးစီးကြောင်း ကြေညာခဲ့သည်။[၉]
ကော်မတီများ
[ပြင်ဆင်ရန်]| စဉ် | အမည် | မဲဆန္ဒနယ် | တာဝန် | ပါတီ | မှတ်ချက် |
|---|---|---|---|---|---|
| ၁ | ဒေါ်နွယ်နွယ်ဦး | ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) | ဥက္ကဋ္ဌ | USDP | |
| ၂ | ဦးဇင်မင်းထက် | ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) | အတွင်းရေးမှူး | USDP | |
| ၃ | ဦးလှသိန်း | ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) | အဖွဲ့ဝင် | USDP | |
| ၄ | ဦးရှားရယ် | ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) | အဖွဲ့ဝင် | USDP | |
| ၅ | ဦးသန်းထွန်း | ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) | အဖွဲ့ဝင် | USDP | |
| ၆ | ဒေါ်ဇင်ပပဦး | ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) | အဖွဲ့ဝင် | USDP | |
| ၇ | ဦးခိုင်ဝင်းအောင် | ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) | အဖွဲ့ဝင် | USDP | |
| ၈ | ဦးဟိန်းမင်းဦး | မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) | အဖွဲ့ဝင် | USDP | |
| ၉ | ဦးမိုးမြင့် | တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) | အဖွဲ့ဝင် | USDP | |
| ၁၀ | ဦးအေးပိုင် | ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) | အဖွဲ့ဝင် | USDP | |
| ၁၁ | ဒေါ်ကျိန်ငိုက်မန် | ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) | အဖွဲ့ဝင် | ဇိုမီးပါတီ | |
| ၁၂ | ဦးစိုးကြည် | တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) | အဖွဲ့ဝင် | တစည | |
| ၁၃ | ဗိုလ်မှူးချုပ် မြင့်သောင်း | တပ်မတော်သားကိုယ်စားလှယ် | အဖွဲ့ဝင် | တပ်မတော် | |
| ၁၄ | ဗိုလ်မှူးကြီး လှိုင်ဝင်း | တပ်မတော်သားကိုယ်စားလှယ် | အဖွဲ့ဝင် | တပ်မတော် | |
| ၁၅ | ဗိုလ်ကြီး ဒေါ်ဖြိုးဖြိုးဝေ | တပ်မတော်သားကိုယ်စားလှယ် | အဖွဲ့ဝင် | တပ်မတော် |
| စဉ် | အမည် | မဲဆန္ဒနယ် | တာဝန် | ပါတီ | မှတ်ချက် |
|---|---|---|---|---|---|
| ၁ | ဦးချစ်ဆွေ | ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) | ဥက္ကဋ္ဌ | USDP | |
| ၂ | ဦးသန်းအောင် | တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) | အတွင်းရေးမှူး | USDP | |
| ၃ | ဒေါ်သိင်္ဂီဝင်းရွှေ | စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) | အဖွဲ့ဝင် | USDP | |
| ၄ | ဒေါ်မီမီကျော်ထွန်း | ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) | အဖွဲ့ဝင် | USDP | |
| ၅ | ဦးချစ်ဝေ | ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) | အဖွဲ့ဝင် | USDP | |
| ၆ | ဦးဗိုလ်သိန်းနိုင် | မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) | အဖွဲ့ဝင် | USDP | |
| ၇ | ဒေါ်အေးချမ်းမုံ | မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) | အဖွဲ့ဝင် | USDP | |
| ၈ | ဦးကျော်ကျော်လင်း (ခ) ဦးထိန်လင်း | မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) | အဖွဲ့ဝင် | USDP | |
| ၉ | ဒေါ်ထားထားနု | ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) | အဖွဲ့ဝင် | USDP | |
| ၁၀ | ဦးအောင်ကျော်မင်း | ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) | အဖွဲ့ဝင် | USDP | |
| ၁၁ | ဦးဇော်ဇော်မြင့် | ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) | အဖွဲ့ဝင် | USDP | |
| ၁၂ | ဒေါ်စိုးစိုးမြင့် | မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) | အဖွဲ့ဝင် | အမျိုးသားအကျိုးစီးပွား | |
| ၁၃ | ခွန်ဝင်းဦး | ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) | အဖွဲ့ဝင် | ပအိုဝ်းညီညွတ်ရေး | |
| ၁၄ | ဗိုလ်မှူးချုပ် ဝင်းကိုကို | တပ်မတော်သားကိုယ်စားလှယ် | အဖွဲ့ဝင် | တပ်မတော် | |
| ၁၅ | ဗိုလ်မှူးကြီး ဖြိုးမင်းဝင်း | တပ်မတော်သားကိုယ်စားလှယ် | အဖွဲ့ဝင် | တပ်မတော် |
| စဉ် | အမည် | မဲဆန္ဒနယ် | တာဝန် | ပါတီ | မှတ်ချက် |
|---|---|---|---|---|---|
| ၁ | Jeng Phang နော်တောင် | ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) | ဥက္ကဋ္ဌ | USDP | |
| ၂ | ဦးအောင်တင်မြင့် | ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) | အတွင်းရေးမှူး | USDP | |
| ၃ | ဒေါက်တာကျော်ထွန်း | ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) | အဖွဲ့ဝင် | USDP | ယခင်-စကစအဖွဲ့ဝင် |
| ၄ | ဦးရဲမြင့်ထွန်း | ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) | အဖွဲ့ဝင် | USDP | |
| ၅ | ဦးတင့်ဇော် | ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) | အဖွဲ့ဝင် | USDP | |
| ၆ | ဦးခင်ဇော်ထွန်း | ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) | အဖွဲ့ဝင် | USDP | |
| ၇ | ဒေါ်နီနီမာ | ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) | အဖွဲ့ဝင် | USDP | |
| ၈ | ဦးကျော်တင် | မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) | အဖွဲ့ဝင် | USDP | |
| ၉ | ဦးသိန်းဇော် | ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) | အဖွဲ့ဝင် | USDP | |
| ၁၀ | ဦးအောင်မင်းနိုင် | ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) | အဖွဲ့ဝင် | USDP | |
| ၁၁ | ဦးခင်မောင်ဌေး | မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) | အဖွဲ့ဝင် | USDP | |
| ၁၂ | ဒေါ်မြမြသက် | ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) | အဖွဲ့ဝင် | ရခိုင့်ဦးဆောင် | |
| ၁၃ | စိုင်းဝင်းခိုင် | ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) | အဖွဲ့ဝင် | ကျားဖြူ | |
| ၁၄ | ဗိုလ်ချုပ် ကျော်သူရအေး | တပ်မတော်သားကိုယ်စားလှယ် | အဖွဲ့ဝင် | တပ်မတော် | |
| ၁၅ | ဗိုလ်မှူးကြီး စိုးရွှေ | တပ်မတော်သားကိုယ်စားလှယ် | အဖွဲ့ဝင် | တပ်မတော် |
| စဉ် | အမည် | မဲဆန္ဒနယ် | တာဝန် | ပါတီ | မှတ်ချက် |
|---|---|---|---|---|---|
| ၁ | ဦးလှသိန်း | ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) | ဥက္ကဋ္ဌ | USDP | |
| ၂ | ဦးရန်နိုင်ဦး | ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) | အတွင်းရေးမှူး | USDP | |
| ၃ | ဒေါ်ခင်ရွှေမြင့် (ခ) ဒေါ်နှောင်းထွေး | ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) | အဖွဲ့ဝင် | USDP | |
| ၄ | ဦးအောင်စိုး | ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) | အဖွဲ့ဝင် | USDP | |
| ၅ | ဒေါ်ကျော့ယဉ်ဝင်း | စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) | အဖွဲ့ဝင် | USDP | |
| ၆ | ဦးကျော်စိန်လှ | ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) | အဖွဲ့ဝင် | USDP | |
| ၇ | ဒေါ်ယဉ်မင်းထိုက် | မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) | အဖွဲ့ဝင် | USDP | |
| ၈ | ဦးဖြိုးဝေလင်း | ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) | အဖွဲ့ဝင် | USDP | |
| ၉ | ဦးခင်မောင်တင့် | ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) | အဖွဲ့ဝင် | USDP | |
| ၁၀ | ဦးအောင်သီဟ | ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) | အဖွဲ့ဝင် | USDP | |
| ၁၁ | ဦးခင်မောင်သန်း | မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) | အဖွဲ့ဝင် | USDP | |
| ၁၂ | ဦးဇော်မင်းထူး | ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) | အဖွဲ့ဝင် | PPP | |
| ၁၃ | စောမြတ်ထွဋ်ဝင်း (ခ) ကိုဆွိ | ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) | အဖွဲ့ဝင် | ကရင်ဒီမိုကရက် | |
| ၁၄ | ဗိုလ်မှူးချုပ် အောင်အောင် | တပ်မတော်သားကိုယ်စားလှယ် | အဖွဲ့ဝင် | တပ်မတော် | |
| ၁၅ | ဒုတိယဗိုလ်မှူးကြီး ဝင်းမြင့်ထွန်း | တပ်မတော်သားကိုယ်စားလှယ် | အဖွဲ့ဝင် | တပ်မတော် |
ကိုးကား
[ပြင်ဆင်ရန်]- ↑ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် အမျိုးသားလွှတ်တော်ထုတ်ပြန်။ Moi Myanmar (၂၃ ဖေဖော်ဝါရီ ၂၀၂၆)။ ၁၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ဗိုလ်ချုပ်ကျော်သူရအေး ဦးဆောင်သည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို UEC အတည်ပြုကြေညာ။ 2026-03-19 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် အောင်လင်းဒွေး ရွေးချယ်ခံရ - New Day Myanmar (in en-US) (2026-03-18)။ 2026-03-19 တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) မှ Jeng Phang နော်တောင်တို့အား ရွေးကောက်တင်မြှောက် | Ministry Of Information (in en)။ 2026-03-19 တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ။ MOI Myanmar (၂၄ မတ် ၂၀၂၆)။ ၂၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ။ MOI Myanmar (၂၆ မတ် ၂၀၂၆)။ ၂၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ကျင်းပ | Ministry Of Information (in en)။ 2026-03-31 တွင် ပြန်စစ်ပြီး။
- ↑ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် ပြည်သူ့လွှတ်တော် မဲပေးရွေးချယ် -၂၀၂၆ မတ်လ ၃၁ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု (in my) (2026-03-31)။ 2026-03-31 တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး | Ministry Of Information (in en)။ 2026-04-09 တွင် ပြန်စစ်ပြီး။