မာတိကာသို့ ခုန်သွားရန်

တတိယအကြိမ် ပြည်သူ့လွှတ်တော်

ဝီကီပီးဒီးယား မှ
တတိယအကြိမ် ပြည်သူ့လွှတ်တော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်
အကျဉ်းချုပ်
ကိုယ်စားပြုမှုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
အစည်းအဝေးနေရာပြည်သူ့လွှတ်တော်ခန်းမ၊ လွှတ်တော်အဆောက်အအုံ၊ နေပြည်တော်
သက်တမ်း၁၆ မတ် ၂၀၂၆ – လက်ရှိ
ရွေးကောက်ပွဲ၂၀၂၅-၂၀၂၆
အစိုးရဦးမင်းအောင်လှိုင်အစိုးရ
ဖွဲ့စည်းပုံ
ကိုယ်စားလှယ်များ၄၄၀ ဦး (ဖွဲ့စည်းပုံ)
၃၇၃ ဦး (ရွေးကောက်ပွဲရလဒ်)
ဥက္ကဋ္ဌခင်ရီ
ဒုတိယဥက္ကဋ္ဌမောင်မောင်အုန်း
ကိုယ်စားလှယ်အများဆုံးသောပါတီ     USDP (၂၃၁)

     တပ်မတော် (၁၁၀)
     SNDP (၇)
     PNO (၅)
     MUP (၅)
     NUP (၄)
     NNP (၄)
     KNDP (၁)
     RNP (၁)
     SSP (၁)
     DNDP (၁)
     INLP (၁)
     KSPP (၁)

     တစ်သီးပုဂ္ဂလ (၁)
အစည်းအဝေးများ
ပထမပုံမှန်အစည်းအဝေး၁၆ မတ် ၂၀၂၆ – ၈ ဧပြီ ၂၀၂၆

တတိယအကြိမ် ပြည်သူ့လွှတ်တော်သည် ၂၀၂၅-၂၀၂၆ အထွေထွေ ရွေးကောက်ပွဲ ရလဒ်များအပေါ် အခြေခံ၍ ပေါ်ပေါက်လာသော မြန်မာနိုင်ငံ၏ အောက်လွှတ်တော် ဖြစ်သည်။ အဆိုပါ လွှတ်တော်၏ ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်တွင် နေပြည်တော်မြို့ရှိ ပြည်သူ့လွှတ်တော်ခန်းမ၌ စတင်ကျင်းပခဲ့သည်။[]

ဖွဲ့စည်းပုံနှင့် အမတ်နေရာများ

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈) အရ တပ်ကိုယ်စားလှယ်အပါအဝင် ပြည်သူ့လွှတ်တော်ကို အမတ်နေရာ ၄၄၀ ဖြင့် သတ်မှတ်ထားသည်။ ရွေးကောက်ခံသည် နေရာ ၃၃၀ ဖြစ်သည်။ ယခု တတိယအကြိမ် သက်တမ်းတွင် ပြည်တွင်းပဋိပက္ခများ၏ နယ်မြေအခြေအနေများကြောင့် ရွေးကောက်ခံနေရာ ၃၃၀ အနက် မဲဆန္ဒနယ် ၂၆၃ ခုတွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။ ထို့ကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ် ၂၆၃ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦး၊ စုစုပေါင်း ၃၇၃ ဦး ဖြင့် လွှတ်တော်ကို စတင်ခဲ့သည်။

ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်ရရှိမှု အနှစ်ချုပ်ဇယား

[ပြင်ဆင်ရန်]
တတိယအကြိမ် ပြည်သူ့လွှတ်တော် နေရာရရှိမှု အခြေအနေ (၂၀၂၆)
စဉ်နိုင်ငံရေးပါတီနေရာရရှိမှုရာခိုင်နှုန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၂၃၁၅၂.၅၀%
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၁.၅၉%
ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်၁.၁၄%
မွန်ညီညွတ်ရေးပါတီ၁.၁၄%
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၀.၉၁%
နာဂအမျိုးသားပါတီ၀.၉၁%
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၀.၂၃%
ရခိုင်တိုင်းရင်းသားများပါတီ၀.၂၃%
ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ၀.၂၃%
၁၀ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၀.၂၃%
၁၁အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၀.၂၃%
၁၂ကချင်ပြည်နယ်ပြည်သူ့ပါတီ၀.၂၃%
၁၃တစ်သီးပုဂ္ဂလ၀.၂၃%
၁၄တပ်မတော်၁၁၀၂၅.၀၀%
-လစ်လပ်၆၇၁၅.၂၃%
စုစုပေါင်း၄၄၀၁၀၀%

ပါတီအလိုက် ကိုယ်စားလှယ်ဦးရေ

[ပြင်ဆင်ရန်]

တတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ကိုယ်စားလှယ် ၂၃၁ ဦးဖြင့် အများစုအဖြစ် ရပ်တည်နေပြီး၊ ဒုတိယအများဆုံးမှာ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦး ဖြစ်သည်။ ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်ပြီး ဗိုလ်မှူးချုပ် ၁၀ ဦး၊ ဗိုလ်မှူးကြီး ၁၈ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄၂ ဦး၊ ဗိုလ်မှူး ၃၉ ဦးနဲ့ ဗိုလ်ကြီးအဆင့် ၁၂ ဦးပါဝင်သည်။[]

အခြားသော တိုင်းရင်းသားပါတီများဖြစ်သည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့လည်း အသီးသီး ပါဝင်ကြသည်။

အမြဲတမ်းကောင်မတီများ

[ပြင်ဆင်ရန်]

၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၁၄ အရ အမြဲတမ်းကော်မတီ (၄) ခု ဖွဲ့စည်းရသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း
အမည် ဥက္ကဋ္ဌ အတွင်းရေးမှူး
ဥပဒေကြမ်း ကော်မတီ ဒေါက်တာနန္ဒကျော်စွာ၊ USDP ဦးသိန်းထွန်းဦး၊ USDP
ပြည်သူ့ငွေစာရင်း ကော်မတီ ဦးတေဇကျော်၊ USDP ဦးတင်အောင်ချစ်၊ USDP
လွှတ်တော်အခွင့်အရေး ကော်မတီ ဦးမောင်မောင်အုန်း ဒေါက်တာ ကျော်ကျော်ဌေး၊ USDP
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဦးသန်းထွန်းဦး၊ USDP ဦးသန်းထွန်း၊ USDP

ဥပဒေကြမ်းကော်မတီ

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီကို ဒဂုံမဲဆဒ္ဒနယ်မှ ဒေါက်တာနန္ဒကျော်စွာအား ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ အမရပူရ မဲဆဒ္ဒနယ်မှ ဦးသိန်းထွန်းဦး အား အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းခဲ့သည်။ ကော်မတီတွင် တပ်မတော်သား ကိုယ်စားလှယ် (၂)ဦးအပါအဝင်၊ ကိုယ်စားလှယ် (၁၅) ဦးဖြင့်ဖွဲ့စည်းခဲ့သည်။[]

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ
စဉ်အမည်မဲဆန္ဒနယ်တာဝန်ပါတီမှတ်ချက်
ဒေါက်တာနန္ဒကျော်စွာဒဂုံဥက္ကဋ္ဌUSDPယခင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ
ဦးသိန်းထွန်းဦးအမရပူရအတွင်းရေးမှူးUSDP
ဒေါ်သန်းသန်းအေးသင်္ဃန်းကျွန်းအဖွဲ့ဝင်USDP
ဦးစိုးတင့်အောင်ရေဦးအဖွဲ့ဝင်USDP
ဦးတင့်လွင်နတ်တလင်းအဖွဲ့ဝင်USDP
ဒေါက်တာထွန်းထွန်းဝင်းဆိပ်ကြီးခနောင်တိုအဖွဲ့ဝင်USDP
ဦးတင်ရွှေရွှေတောင်အဖွဲ့ဝင်USDP
ဦးသန့်ဇော်ကွမ်းခြံကုန်းအဖွဲ့ဝင်USDP
ဦးစိုင်းဝန်းစံမိုင်းခတ်အဖွဲ့ဝင်USDP
၁၀ဦးဇော်မင်းကျုံပျော်အဖွဲ့ဝင်USDP
၁၁ဦးနိုင်မင်းဦးကြံခင်းအဖွဲ့ဝင်တစည
၁၂နန်းကျင်း (ခ) နန်းစိန်တောင်ကြီးအဖွဲ့ဝင်PNO
၁၃ဦးနိုင်နိုင်ကျော်ဟုမ္မလင်းအဖွဲ့ဝင်SSP
၁၄ဗိုလ်မှူးချုပ် ဝင်းမြိုင်တပ်မတော်သားကိုယ်စားလှယ်အဖွဲ့ဝင်တပ်မတော်သား
၁၅ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းတပ်မတော်သားကိုယ်စားလှယ်အဖွဲ့ဝင်တပ်မတော်သား

ပြည်သူ့ငွေစာရင်းကော်မတီ

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပြည်သူ့ငွေစရင်းကော်မတီကို ကော်မတီဥက္ကဋ္ဌအဖြစ် အောင်မြေသာဇံ မဲဆဒ္ဒနယ်မှ ကိုယ်စားလှယ် ဦးတေဇကျော်၊ အတွင်းရေးမှူးအဖြစ် အောင်လံ မဲဆဒ္ဒနယ်မှ ကိုယ်စားလှယ် ဦးတင်အောင်ချစ် တို့ဖြင့် ဖွဲ့စည်းခဲ့သည်။ ကော်မတီတွင် တပ်မတော်သား ကိုယ်စားလှယ် (၂)ဦး အပါအဝင် ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။[]

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ
စဉ်အမည်မဲဆန္ဒနယ်တာဝန်ပါတီမှတ်ချက်
ဦးတေဇကျော်အောင်မြေသာစံ မဲဆန္ဒနယ်ဥက္ကဋ္ဌUSDPဒုဗိုလ်ချုပ်ကြီးဟောင်း
ဦးတင်အောင်ချစ်အောင်လံ မဲဆန္ဒနယ်အတွင်းရေးမှူးUSDP
ဦးထွန်းထွန်းအောင်မိုးကောင်း မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဦးမြတ်ကျော်ကန့်ဘလူ မဲဆန္ဒနယ်အဖွဲ့ဝင်USDPယခင် စစ်ကိုင်းဝန်ကြီးချုပ်
ဦးတင့်ဆွေဆင်ပေါင်ဝဲ မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဦးကိုကိုသင်းကမာရွတ် မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဒေါ်ခင်စောမူကန်ကြီးထောင့် မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဦးညွန့်ဆောင်ရမည်းသင်း မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဦးခင်မောင်ဝင်းမော်လမြိုင်ကျွန်း မဲဆန္ဒနယ်အဖွဲ့ဝင်USDP
၁၀ဒေါက်တာ ပွင့်ဆန်းရပ်စောက် မဲဆန္ဒနယ်အဖွဲ့ဝင်USDPဝန်ကြီးဟောင်း
၁၁ဦးမြင့်စိုးလေးမျက်နှာ မဲဆန္ဒနယ်အဖွဲ့ဝင်USDP
၁၂ဦးသန်းရွှေသံဖြူဇရပ် မဲဆန္ဒနယ်အဖွဲ့ဝင်မွန်ညီညွတ်ရေးပါတီ
၁၃ခွန်လှသိန်းဆီဆိုင် မဲဆန္ဒနယ်အဖွဲ့ဝင်ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်
၁၄ဗိုလ်မှူးချုပ် စိုးညွန့်တပ်မတော်သားကိုယ်စားလှယ်အဖွဲ့ဝင်တပ်မတော်
၁၅ဗိုလ်ကြီး ဒေါ်ယမင်းအောင်တပ်မတော်သားကိုယ်စားလှယ်အဖွဲ့ဝင် တပ်မတော်

လွှတ်တော်အခွင့်အရေးကော်မတီ

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ လွှတ်တော်အခွင့်အရေးကော်မတီကို ကော်မတီ ဥက္ကဋ္ဌ အဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်း၊ အတွင်းရေးမှူးအဖြစ် ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ကျော်ဌေး တို့အား တာဝန်ပေးအပ် ဖွဲ့စည်းခဲ့သည်။

ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ
စဉ်အမည်မဲဆန္ဒနယ်တာဝန်ပါတီမှတ်ချက်
ဦးမောင်မောင်အုန်းတပ်ကုန်း မဲဆန္ဒနယ်ဥက္ကဋ္ဌUSDPပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ-ပူးတွဲ
ဒေါက်တာ ကျော်ကျော်ဌေးထားဝယ် မဲဆန္ဒနယ်အတွင်းရေးမှူးUSDP
ဒေါက်တာ ကျော်ဦးတောင်ငူ မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဦးလှဆွေပုဗ္ဗသီရိ မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဦးအောင်ဇော်မိုး (ခ) ဦးအောင်ဇော်မိုးထွန်းမူဆယ် မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဦးအောင်မျိုးသန်းကော့မှူး မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဒေါ်သိင်္ဂီမြင့်ရည်ဒိုက်ဦး မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဒေါ်စိုးစိုးရီဖျာပုံ မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဦးစိုးနိုင်မင်းတုန်း မဲဆန္ဒနယ်အဖွဲ့ဝင်USDP
၁၀ဦးစောဝင်းထိန်ဖာပွန် မဲဆန္ဒနယ်အဖွဲ့ဝင်USDP
၁၁ဦးသန်းနိုင်ဝါးခယ်မ မဲဆန္ဒနယ်အဖွဲ့ဝင်USDP
၁၂ဦးစိုးဝင်းမြို့သစ် မဲဆန္ဒနယ်အဖွဲ့ဝင်USDP
၁၃ဦးဂုဏ်ဝမ်းခန္တီး မဲဆန္ဒနယ်အဖွဲ့ဝင်နာဂပါတီ
၁၄ဗိုလ်ချုပ် ရဲကျော်သူတပ်မတော်သားကိုယ်စားလှယ်အဖွဲ့ဝင်တပ်မတော်
၁၅ဒုတိယဗိုလ်မှူးကြီး တင်သောင်းလင်းတပ်မတော်သားကိုယ်စားလှယ်အဖွဲ့ဝင်တပ်မတော်

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို ကော်မတီဥက္ကဋ္ဌအဖြစ် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးသန်းထွန်းဦး၊ အတွင်းရေးမှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်မှ ဦးသန်းထွန်းတို့အား တာဝန်ပေးအပ်ဖွဲ့စည်းခဲ့သည်။ []


ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ
စဉ်အမည်မဲဆန္ဒနယ်တာဝန်ပါတီမှတ်ချက်
ဦးသန်းထွန်းဦးကျိုင်းတုံ မဲဆန္ဒနယ်ဥက္ကဋ္ဌUSDPဒုဗိုလ်ချုပ်ကြီးဟောင်း
ဦးသန်းထွန်းပုသိမ် မဲဆန္ဒနယ်အတွင်းရေးမှူးUSDP
ဦးမင်းခန့်ကျော်ပဲခူး မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဦးခင်မောင်ထွန်းဖောင်းပြင် မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဦးအောင်လင်းလှိုင်ဘုတ်ပြင်း မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဦးအောင်ကျော်နှင်းကျွန်းစု မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဒေါက်တာ နန္ဒာလှမြင့်ကလော မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဦးအောင်ကိုလတ်တမူး မဲဆန္ဒနယ်အဖွဲ့ဝင်USDP
ဦးတိုးဝင်းတောင်သာ မဲဆန္ဒနယ်အဖွဲ့ဝင်USDP
၁၀ဒေါ်ဆွေဆွေသင်းပေါင်းတည် မဲဆန္ဒနယ်အဖွဲ့ဝင်USDP
၁၁ဦးဉာဏ်ဝင်းထိုက်ဗိုလ်တထောင် မဲဆန္ဒနယ်အဖွဲ့ဝင်USDP
၁၂ဒေါ်စမ်းစမ်းဌေးဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်အဖွဲ့ဝင်USDP
၁၃ဒေါက်တာ ထိန်ဝင်းကျောင်းကုန်း မဲဆန္ဒနယ်အဖွဲ့ဝင်USDP
၁၄ဗိုလ်မှူးချုပ် အောင်စိုးတပ်မတော်သားကိုယ်စားလှယ်အဖွဲ့ဝင်တပ်မတော်
၁၅ဒုတိယဗိုလ်မှူးကြီး လှနိုင်တပ်မတော်သားကိုယ်စားလှယ်အဖွဲ့ဝင်တပ်မတော်
တတိယအကြိမ် ပြည်သူ့လွှတ်တော် မှတ်တမ်း
(၁၆ မတ် ၂၀၂၆)
ပထမပုံမှန်အစည်းအဝေး ကျင်းပနေသည့် မြင်ကွင်း
ပထမပုံမှန်အစည်းအဝေး၌ သဘာပတိ ဦးဆောင်နေစဉ်
ပြည်သူ့လွှတ်တော် အကြီးအကဲများ ကျမ်းသစ္စာဆိုကြစဉ်
သဘာပတိမှ ဥက္ကဋ္ဌအား တာဝန်အပ်နှင်းစဉ်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန် စတင်ထမ်းဆောင်စဉ်

အဓိကဖြစ်ရပ်များ

[ပြင်ဆင်ရန်]

ခေါင်းဆောင်ပိုင်း ရွေးချယ်ခြင်း

[ပြင်ဆင်ရန်]

လွှတ်တော်စတင်သည့်နေ့တွင်ပင် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော်နာယကအဖြစ် ဒေါက်တာ နန္ဒကျော်စွာက ဆောင်ရွက်ခဲ့သည်။ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဇေယျာသီရိမြို့နယ် ကိုယ်စားလှယ် ဦးခင်ရီ အားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ် တပ်ကုန်းမြို့နယ် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းအား လည်းကောင်း အသီးသီးတင်မြှောက်ခဲ့ကြသည်။[]

  • ၁၆ မတ် - တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပသည်။ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၇၃) ဦးရှိသည့်အနက် ကိုယ်စားလှယ်အားလုံး တက်ရောက်ကြသည်။[]
  • ၂၃ မတ် - တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပသည်။ တက်ရောက်သူ ၃၇၁ ဦး (99.46%) ရှိ။[] ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီတို့ကို စတင်ဖွဲ့စည်းသည်။[][၁၀]
  • ၂၄ မတ် - တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပသည်။ လွှတ်တော်အခွင့်အရေးကော်မတီနှင့် ပြည့်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စီစစ်ရေးကော်မတီတို့အား ဖွဲ့စည်းခဲ့သည်။[၁၁]
  • ၂၆ မတ် - တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီးနှင့် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဒုတိယဥက္ကဋ္ဌတို့က ပေးပို့လာသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်သည်။လွှတ်တော်အခွင့်အရေး ကော်မတီနှင့် အစိုးရ၏ အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ နှစ်ရပ်ဖွဲ့စည်းမှုကို လွှတ်တော်၏အတည်ပြုချက် ရယူအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။[၁၂]
  • ၃၀ မတ် - သမ္မတရွေးချယ်တင်မြှောက်ရေး ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ ကျင်းပခဲ့သည်။သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကို စာရင်းရှိ ၂၆၃ ဦးအနက်၊၂၆၁ ဦးတက်ရောက်ခဲ့သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုတိယသမ္မတလောင်းအဖြစ် ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေးက အဆိုတင်သွင်းရာ၊ ပင်လောင်းမဲဆန္ဒနယ်မှ နန်းရီရီဝင်းက ထောက်ခံကြောင်း လွှတ်တော်သို့ တင်ပြသည်။ အလားတူ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေကို ဒုတိယသမ္မတလောင်းအဖြစ် ကြံခင်းမဲဆန္ဒနယ်မှ ဦးနိုင်မင်းဦးက အဆိုတင်သွင်းရာ၊ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးမိုးတင်က ထောက်ခံကြောင်း လွှတ်တော်သို့ တင်ပြသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ဒုတိယသမ္မတလောင်းများအမည်စာရင်းတွင် (၁) တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေနှင့် (၂) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။[၁၃]
  • ၃၁ မတ် - သမ္မတရွေးချယ်တင်မြှောက်ရေး ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့ကို ကျင်းပခဲ့သည်။ဒုတိယသမ္မတလောင်း (၂)ဦးကို မဲခွဲရွေးချယ်ခဲ့ကြသည်။မဲပေးကြသူ ၂၆၀ဦးအနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မဲရလဒ် ၂၄၇မဲ ဖြင့် ပြည်သူ့လွှတ်တော်အစုအဖွဲ့က တင်မြှောက်သည့် ဒုတိယသမ္မတ ဖြစ်လာခဲ့သည်။
  • ၈ ဧပြီ - တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ကျင်းပခဲ့ပြီး၊ ပထမပုံမှန်အစည်းအဝေး ပြီးစီးကြောင်း ကြေညာခဲ့သည်။[၁၄]

ကိုးကား

[ပြင်ဆင်ရန်]
  1. တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်းတို့အား ရွေးကောက်တင်မြှောက် | Ministry Of Information (in en)။ 2026-04-01 တွင် ပြန်စစ်ပြီး။
  2. Burmese၊ R. F. A. (2026-02-10)။ လွှတ်တော်သစ်တက်ဖို့ တပ်ကိုယ်စားလှယ် ၁၆၆ ဦးအမည်စာရင်း ကြေညာ (in my)။ 2026-03-17 တွင် ပြန်စစ်ပြီး။
  3. ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ဒေါက်တာနန္ဒကျော်စွာနှင့် အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦးတို့အား တာဝန်ပေးအပ် (in my)။ 2026-03-23 တွင် ပြန်စစ်ပြီး။
  4. Lin၊ Editor Htein (2026-03-23)။ ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် တို့ကို ရွေးချယ်တင်မြှောက် (in en-US)။ 2026-03-23 တွင် ပြန်စစ်ပြီး။
  5. ပြည့်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ဂတိများနှင့် တာဝန်ခံချက်များ စီစစ်ရေးကော်မတီတို့ ဖွဲ့စည်း – Positive Angle News 2026-03-24 တွင် ပြန်စစ်ပြီး။
  6. တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်းတို့အား ရွေးကောက်တင်မြှောက် MOI Myanmar (၁၇ မတ် ၂၀၂၆)။ ၁၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  7. တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်းတို့အား ရွေးကောက်တင်မြှောက် | Ministry Of Information (in en)။ 2026-03-23 တွင် ပြန်စစ်ပြီး။
  8. တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ် | Ministry Of Information (in en)။ 2026-03-24 တွင် ပြန်စစ်ပြီး။
  9. Journal၊ Popular (2026-03-23)။ ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး၌ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီ ဖွဲ့စည်း (in en-US)။ 2026-03-23 တွင် ပြန်စစ်ပြီး။
  10. ပြည့်သူ့လွှတ်တော် ဉပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစရင်း ကော်မတီတို့ ဖွဲ့စည်း – Positive Angle News 2026-03-23 တွင် ပြန်စစ်ပြီး။
  11. ပြည့်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ဂတိများနှင့် တာဝန်ခံချက်များ စီစစ်ရေးကော်မတီတို့ ဖွဲ့စည်း – Positive Angle News 2026-03-24 တွင် ပြန်စစ်ပြီး။
  12. တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ MOI Myanmar (၂၆ မတ် ၂၀၂၆)။ ၂၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  13. သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ကျင်းပ | Ministry Of Information (in en)။ 2026-03-31 တွင် ပြန်စစ်ပြီး။
  14. တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး | Ministry Of Information (in en)။ 2026-04-09 တွင် ပြန်စစ်ပြီး။