တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်
| တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် | |||||
|---|---|---|---|---|---|
| |||||
နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ မြင်ကွင်း (၂၀၂၆ ခုနှစ်) | |||||
| အကျဉ်းချုပ် | |||||
| ကိုယ်စားပြုမှု | ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် | ||||
| အစည်းအဝေးနေရာ | ပြည်ထောင်စုလွှတ်တော်ခန်းမ၊ နေပြည်တော် | ||||
| သက်တမ်း | ၂၀ မတ် ၂၀၂၆ – လက်ရှိ | ||||
| ရွေးကောက်ပွဲ | အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၅- ၂၀၂၆ | ||||
| အစိုးရ | ဦးမင်းအောင်လှိုင်အစိုးရ | ||||
| ဝဘ်ဆိုဒ် | pyidaungsu.hluttaw.mm | ||||
| ပြည်ထောင်စုလွှတ်တော် | |||||
| ကိုယ်စားလှယ်များ |
| ||||
| နာယက | အောင်လင်းဒွေး | ||||
| ဒုတိယနာယက | Jeng Phang နော်တောင် | ||||
| အမျိုးသားလွှတ်တော် | |||||
| ကိုယ်စားလှယ်များ |
| ||||
| ဥက္ကဋ္ဌ | အောင်လင်းဒွေး | ||||
| ဒုတိယဥက္ကဋ္ဌ | Jeng Phang နော်တောင် | ||||
| ကိုယ်စားလှယ်အများဆုံးသောပါတီ | USDP | ||||
| ပြည်သူ့လွှတ်တော် | |||||
| Members |
| ||||
| ဥက္ကဋ္ဌ | ခင်ရီ | ||||
| ဒုတိယဥက္ကဋ္ဌ | မောင်မောင်အုန်း | ||||
| Party control | USDP | ||||
| အစည်းအဝေးများ | |||||
| |||||
(အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နှင့် ၂ရပ်ပေါင်းလွှတ်တော်)
- တတိယအကြိမ် အမျိုးသားလွှတ်တော် (အပေါ် ဘယ်ဘက်) သည် ရွေးကောက်ပွဲရလဒ် ဖွဲ့စည်းပုံ (စုစုပေါင်း ၂၁၃ ခုံ)ဖြစ်ပြီး၊တပ်ကိုယ်စားလှယ် ၅၆ ခုံ ပါဝင်သည်။
- တတိယအကြိမ် ပြည်သူ့လွှတ်တော် (အပေါ် ညာဘက်)သည် ရွေးကောက်ပွဲရလဒ် ဖွဲ့စည်းပုံ (စုစုပေါင်း ၃၇၃ ခုံ)ဖြစ်ပြီး၊တပ်ကိုယ်စားလှယ် ၁၁၀ ခုံ ပါဝင်သည်။
- တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (အောက်ဘက်) သည် ရွေးကောက်ပွဲရလဒ် ဖွဲ့စည်းပုံ (စုစုပေါင်း ၅၈၆ ခုံ)ဖြစ်ပြီး၊တပ်ကိုယ်စားလှယ် ၁၆၆ ခုံ ပါဝင်သည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သည် ၂၀၂၅–၂၀၂၆ အထွေထွေရွေးကောက်ပွဲအပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တတိယအကြိမ် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ၏ လွှတ်တော်နှစ်ရပ်ပေါင်း လွှတ်တော် (ခေါ်) ပြည်ထောင်စုလွှတ်တော် ဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ပထမပုံမှန်အစည်းအဝေးကို စတင်ကျင်းပသည်။[၁] ဤအကြိမ်သည် မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းအုပ်ချုပ်ရေးမှ အရပ်သားအမည်ခံအစိုးရသို့ အသွင်ကူးပြောင်းမှုဆိုင်ရာ အရေးပါသော လက္ခဏာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
နောက်ခံ
[ပြင်ဆင်ရန်]ပထမနှင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့ပြီးနောက် တတိယအကြိမ်အတွက် ပြည်ထောင်စုလွှတ်တော်တွင် မဲဆန္ဒနယ်များနှင့် ပါဝင်သူများသည် ယခင်အကြိမ်များကထက် ကြီးမားသည့် ပြောင်းလဲမှုဖြစ်ပေါ်ခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော ပြည်တွင်းပဋိပက္ခ အခြေအနေများအောက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲသည် မြို့နယ် ၂၆၃မြို့နယ်တွင်သာ ပြုလုပ်နိုင်ခဲ့သည့်အပြင် လူထုထောက်ခံမှုအားကြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်စသည်တို့သည်လည်း ပါတီဖျက်သိမ်းခံခဲ့ရသဖြင့် ပါဝင်ယှဥ်ပြိုင်မှု မလုပ်နိုင်ခဲ့ကြပေ။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတည်ငြိမ်မှုနှင့် အစိုးရအဖွဲ့များပေါ် အကျိုးသက်ရောက်မှုများ အတွက် အရေးကြီးသော အခြေခံအဆင့်အဖြစ် အဓိကနေရာတွင် တည်ရှိလျှက်ရှိသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်[၂] နှင့် တတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးများပြီးနောက် [၃]တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ခေါ်ယူကျင်းပပြီး ၂၀၂၆ ခုနှစ်၊ဧပြီလ ၃ရက်နေ့တွင် သမ္မတနှင့် ဒုတိယသမ္မတများအား ရွေးကောက်တင်မြှာက်ပေးခဲ့ကြသည်။
အဓိကဖြစ်ရပ်များ
[ပြင်ဆင်ရန်]- ၂၀ မတ် ၂၀၂၆ - တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို စတင်ကျင်းပသည်။ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများကို မတ်လ ၂၃ ရက်တွင် ကျင်းပမည် ဖြစ်ပြီး၊ ဒုသမ္မတသုံးဦးကို မတ်လ ၂၅ ရက်တွင် စိစစ်ကာ မတ်လ ၃၀ ရက်နေ့တွင် ရွေးချယ်တင်မြှောက်မှုပြုလုပ်မည်ဟု ကြေညာခဲ့သည်။[၄][၅]
- ၂ ဧပြီ ၂၀၂၆ - တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဆက်လက်ကျင်းပပြီး အစည်းအဝေးတွင် ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီများ ဖွဲ့စည်းရေးဆောင်ရွက်သည်။ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သုံးဖွဲ့က နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်တင်ပြထားသည့် ဒုတိယသမ္မတသုံးဦးဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်နန်း နီနီအေးနှင့် ကိုကိုးကျွန်းမဲဆန္ဒနယ်မှ ဦးညိုစောတို့သည် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံကြောင်း စိစစ်ရေးအဖွဲ့၏ ထောက်ခံတင်ပြမှုကို ဖတ်ကြားတင်ပြသည်။[၆]
- ၃ ဧပြီ ၂၀၂၆ - တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပသည်။ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၆၃ ဦး၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅၇ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၅၈၆ ဦးရှိရာတွင် ခွင့်ပန်ကြားသူနှစ်ဦးရှိခဲ့သည်။ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ၅၈၄ ဦး တက်ရောက်မဲပေးရွေးချယ်ခဲ့ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မဲရလဒ် ၄၂၉မဲ နှင့် နိုင်ငံတော်သမ္မတအဖြစ်လည်းကောင်း၊ ဦးညိုစော သည် မဲရလဒ် ၁၂၆ မဲဖြင့် ဒုတိယသမ္မတ (၁) အဖြစ်လည်းကောင်း၊ ဒေါ်နန်းနီနီအေး သည် မဲရလဒ် ၂၉ မဲဖြင့် ဒုတိယသမ္မတ (၂) အဖြစ်လည်းကောင်း အသီးသီး ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
- ၆ ဧပြီ ၂၀၂၆ - ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများအရ ခန့်အပ်မည့် ပြည်ထောင်စုအဆင့်ရာထူးများအတွက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြချက်များကို ဖတ်ကြားခြင်း ပြုလုပ်ခဲ့သည်။[၇]
- ၇ ဧပြီ ၂၀၂၆ - တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ် ဦးသာဌေးအပါအဝင် တရားသူကြီး ၉ ဦးပါ ဖွဲ့စည်းမှုကို အတည်ပြုသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးအပါအဝင် အဖွဲ့ဝင် ၁၅ ဦးကို အတည်ပြုသည်။ ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက် (၃၁ ခု)နှင့် အမည်သတ်မှတ်ချက်ကို အတည်ပြုသည်။ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး အား ဥက္ကဋ္ဌအဖြစ် ခန့်အပ်ရန် သဘောတူသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းအပါအဝင် အဖွဲ့ဝင် ၉ ဦးကို အတည်ပြုသည်။[၈]
- ၁၀ ဧပြီ ၂၀၂၆ - တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးဆဋ္ဌမနေ့တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများ ကတိသစ္စာပြုခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူထားသည့်ပုဂ္ဂိုလ်များ ကတိသစ္စာပြုခြင်းနှင့် နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားခြင်းတို့ကို ဆောင်ရွက်ကြပြီး တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာခဲ့သည်။ [၉]
ပူးပေါင်းကော်မတီများ
[ပြင်ဆင်ရန်]၂၀၂၆ ဧပြီလ (၂) ရက်နေ့တွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီတို့ကို ဖွဲ့စည်းအတည်ပြုခဲ့သည်။ [၁၀]
ဥပဒေကြမ်းပူးပေါင်းကော်မတီ
[ပြင်ဆင်ရန်]| အမည် | တိုင်းဒေသကြီး/ပြည်နယ် | မဲဆန္ဒနယ် | တာဝန် |
|---|---|---|---|
| Jeng Phang နော်တောင် | — | — | ဥက္ကဋ္ဌ |
| ဒေါ်နွယ်နွယ်ဦး | ဧရာဝတီတိုင်းဒေသကြီး (မဲအများဆုံးရသူ အနိုင်ယူစနစ်) | မဲဆန္ဒနယ်အမှတ် (၂) | ဒုတိယဥက္ကဋ္ဌ (၁) |
| ဒေါက်တာ နန္ဒကျော်စွာ | ရန်ကုန်တိုင်းဒေသကြီး | ဒဂုံမဲဆန္ဒနယ် | ဒုတိယဥက္ကဋ္ဌ (၂) |
| ဦးဇင်မင်းထက် | ပဲခူးတိုင်းဒေသကြီး (အချိုးကျ ကိုယ်စားပြုစနစ်) | မဲဆန္ဒနယ်အမှတ် (၁) | အတွင်းရေးမှူး |
| ဦးသိန်းထွန်းဦး | မန္တလေးတိုင်းဒေသကြီး | အမရပူရမဲဆန္ဒနယ် | တွဲဖက်အတွင်းရေးမှူး |
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ
[ပြင်ဆင်ရန်]| အမည် | တိုင်းဒေသကြီး/ပြည်နယ် | မဲဆန္ဒနယ် | တာဝန် |
|---|---|---|---|
| Jeng Phang နော်တောင် | — | — | ဥက္ကဋ္ဌ |
| ဦးချစ်ဆွေ | ဧရာဝတီတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) | မဲဆန္ဒနယ်အမှတ် (၂) | ဒုတိယဥက္ကဋ္ဌ (၁) |
| ဦးတေဇကျော် | မန္တလေးတိုင်းဒေသကြီး | အောင်မြေသာစံမဲဆန္ဒနယ် | ဒုတိယဥက္ကဋ္ဌ (၂) |
| ဦးသန်းအောင် | တနင်္သာရီတိုင်းဒေသကြီး (မဲအများဆုံးရသူ အနိုင်ယူစနစ်) | မဲဆန္ဒနယ်အမှတ် (၂) | အတွင်းရေးမှူး |
| ဦးတင်အောင်ချစ် | မကွေးတိုင်းဒေသကြီး | အောင်လံမဲဆန္ဒနယ် | တွဲဖက်အတွင်းရေးမှူး |
လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီ
[ပြင်ဆင်ရန်]| အမည် | တိုင်းဒေသကြီး/ပြည်နယ် | မဲဆန္ဒနယ် | တာဝန် | |
|---|---|---|---|---|
| ၁။ | ဒေါက်တာကျော်ကျော်ဌေး | တနင်္သာရီတိုင်းဒေသကြီး | ထားဝယ်မဲဆန္ဒနယ် | ဥက္ကဋ္ဌ |
| ၂။ | ဦးလှဆွေ | မန္တလေးတိုင်းဒေသကြီး | ပုဗ္ဗသီရိမဲဆန္ဒနယ် | အဖွဲ့ဝင် |
| ၃။ | ဦးအောင်မျိုးသန်း | ရန်ကုန်တိုင်းဒေသကြီး | ကော့မှူးမဲဆန္ဒနယ် | အဖွဲ့ဝင် |
| ၄။ | ဒေါ်စိုးစိုးရီ | ဧရာဝတီတိုင်းဒေသကြီး | ဖျာပုံမဲဆန္ဒနယ် | အဖွဲ့ဝင် |
| ၅။ | ဦးစောဝင်းထိန် | ကရင်ပြည်နယ် | ဖာပွန်မဲဆန္ဒနယ် | အဖွဲ့ဝင် |
| ၆။ | ဦးစိုးဝင်း | မကွေးတိုင်းဒေသကြီး | မြို့သစ်မဲဆန္ဒနယ် | အဖွဲ့ဝင် |
| ၇။ | ဦးဂုဏ်ဝမ်း | စစ်ကိုင်းတိုင်းဒေသကြီး | ခန္တီးမဲဆန္ဒနယ် | အဖွဲ့ဝင် |
| ၈။ | ဒေါက်တာကျော်ထွန်း | ရှမ်းပြည်နယ် (မဲအများဆုံးရသူအနိုင်ယူစနစ်) | မဲဆန္ဒနယ်အမှတ်(၆) | အဖွဲ့ဝင် |
| ၉။ | ဦးတင့်ဇော် | ရန်ကုန်တိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) | မဲဆန္ဒနယ်အမှတ်(၃) | အဖွဲ့ဝင် |
| ၁၀။ | ဒေါ်နီနီမာ | ပဲခူးတိုင်းဒေသကြီး (မဲအများဆုံးရသူအနိုင်ယူစနစ်) | မဲဆန္ဒနယ်အမှတ်(၂) | အဖွဲ့ဝင် |
| ၁၁။ | ဦးအောင်မင်းနိုင် | ချင်းပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) | မဲဆန္ဒနယ်အမှတ်(၁) | အဖွဲ့ဝင် |
| ၁၂။ | ဒေါ်မြမြသက် | ရခိုင်ပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) | မဲဆန္ဒနယ်အမှတ်(၁) | အဖွဲ့ဝင် |
| ၁၃။ | စိုင်းဝင်းခိုင် | ရှမ်းပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) | မဲဆန္ဒနယ်အမှတ်(၂) | အဖွဲ့ဝင် |
| ၁၄။ | ဒုတိယဗိုလ်မှူးကြီးတင်သောင်းလင်း | တပ်မတော်သား | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | အဖွဲ့ဝင် |
| ၁၅။ | ဦးအောင်တင်မြင့် | ဧရာဝတီတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) | မဲဆန္ဒနယ်အမှတ်(၁) | အတွင်းရေးမှူး |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်- မတ် ၃၀ မှာ သမ္မတ တင်မြှောက်ဖို့လျာထား (in my) (2026-03-20)။ 2026-03-20 တွင် ပြန်စစ်ပြီး။
- ↑ စစ်တပ်လွှမ်းမိုးတဲ့လွှတ်တော် ကျင်းပ၊ ဦးခင်ရီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ။ RFA (၁၆ မတ် ၂၀၂၆)။ ၁၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက်စကား။ Moi Myanmar (၁၇ မတ် ၂၀၂၆)။ ၁၇ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်- မတ် ၃၀ မှာ သမ္မတ တင်မြှောက်ဖို့လျာထား (in my) (2026-03-20)။ 2026-03-20 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယသမ္မတလောင်းများအမည်စာရင်း မတ် ၃၀ ရက် တင်သွင်းမည် (in en)။ 2026-03-20 တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ | Ministry Of Information (in en)။ 2026-04-03 တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ | Ministry Of Information (in en)။ 2026-04-07 တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ | Ministry Of Information (in en)။ 2026-04-08 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့ ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြု | Ministry Of Information (in en)။ 2026-04-11 တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ | Ministry Of Information (in en)။ 2026-04-08 တွင် ပြန်စစ်ပြီး။