တင်​အုံး၊ ‌ဒေါ် (အဆို‌တော်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အဆို‌တော် ‌ဒေါ်တင်အုံးကို ၁၂ရ၅ ခုနှစ်တွင် သာယာ ဝတီခရိုင် အုတ်ဖိုမြို့၌ အဘ ဦးအငယ်၊ အမိ ‌ဒေါ်ဖွားမှီ တို့မှ ‌မွေးဖွားသည်။ ‌မွေးချင်းကိုး‌ယောက်ရှိသည့်အနက် ဒုတိယ‌မြောက် သမီးဖြစ်သည်။ အကိုအကြီးဖြစ်သူမှာ အလကင်္ာ‌ကျော်စွာ ‌စောင်း ဦးဘသန်းဖြစ်သည်။ ‌ဒေါ်တင်အုံးသည် ငယ်စဉ်အခါကအုတ်ဖိုမြို့ ဘုန်း‌တော်ကြီး‌ကျောင်း၌ စာ‌ပေပညာသင်ကြားခဲ့သည်။ ဂီတအနု ပညာကို ဝါသနာထုံသူဖြစ်၍ အသက်‌ခြောက်နှစ် သမီးအရွယ် ကပင် အဆိုပညာရပ်ကို ဆရာကြီး ဦးဘိုးလှထံတွင် သင်ကြား ခဲ့သည်။

အသက် ခုနှစ်နစ်အရွယ်သို့ ‌ရောက်‌သောအခါ မိဘများ သည် အုတ်ဖိုမြို့မှ ရန်ကုန်မြို့‌ရွှေ‌တောင်တန်းရပ်သို့ ‌ပြောင်း‌ရွှေ့‌နေ ထိုင်ခဲ့သည်။ ဤတွင် ‌ဒေါ်တင်အုံး ဂီတပညာကို ဆက်လက်၍ အဆို‌တော်အတီး ပညာ ရှင်တစ်ဦးဖြစ်လာနိုင်ရန် သင်ယူနိုင်မည့် အခွင့်အ‌ရေးတစ်ရပ် ၇ရှိခဲ့သည်။ ရန်ကုန်သို့‌ရောက်ရာ၌ ‌ဒေဝဣ န္ဒာ ဦး‌မောင်‌မောင်ကြီး၏ တပည့်‌စောင်းဆရာကြီး ဘီးလစ်စာ‌ရေး ကြီး ဦး‌အောင်လှထံတွင် မြန်မာ့‌စောင်းပညာကို သင်ယူခဲ့သည်။ ထိုအချိန်တွင် ‌ဒေါ်တင်အုံးသည် အဆိုပညာကို အ‌တော်အသင့် တတ်‌မြောက် ထားပြီးဖြစ်ရာ အကိုကြီးဖြစ်သူ ‌စောင်းဦးဘသန်း ‌စောင်းတီးခတ်တိုင်း ‌ဒေါ်တင်အုံးမှာ စည်းတီး‌ပေးခဲ့၇‌သော‌ကြောင့် နားရည်ဝလာသည်။ အသက် ၁၂ နှစ်သမီး အရွယ်တွင် မြန်မာ့ ‌စောင်းကို ‌ကောင်းစွာ တီးတတ်‌နေပြီးဖြစ်သည်။

မဟာဂီတဆိုင်ရာ ကြိုး၊ ဘွဲ့၊ သီချင်းခန့်၊ ပတ်ပျိုး၊ ယိုးဒယား၊ ‌တေးထပ်တို့ကို အကွက်စုံလင်‌အောင် အဆို‌ရော အတီးပါ နှစ်မျိုးလုံးကိုပင် တတ်‌မြောက်စု‌ဆောင်း ထားမိ‌သော အ‌ခြေအ‌နေသို့ ‌ရောက်ခဲ့သည်။ မိဘများသည် အနုသုခုမပညာ သည်မျိုးရိုးမဟုတ်လင့်ကစား ဝါသနာကြီးသူများဖြစ်၍ ‌ဒေါ်တင် အုံးလိုက်စား‌သော ပညာရပ်ကို မတားမြစ်ခဲ့သည့်အပြင် အတီး ပညာရှင်ကြီးများ၊ အဆိုပညာရှင်ကြီးများထံ ‌စေလွှတ်၍သင်ကြား ‌စေ‌လေသည်။ ‌ဒေါ်တင်အုံးသည် ‌စောင်းနှင့် စန္ဒယားနှစ်မျိုးစလုံး ကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်သူဖြစ်သည်။ ‌ဒေါ်တင်အုံးသည် အဆိုပညာ၊ အတီးပညာတို့ကို စုံလင် ‌အောင် တတ်‌မြောက်ရုံသာမဟုတ်၊ အသံမှာလည်း ပင်ကိုယ်က ‌ကောင်း‌နေ၍ ကိုလံဗီယာ ဓာတ်ပြားကုမ္ပဏီနှင့် ‌ခွေးတံဆိပ်ဓာတ် ပြားကုမ္ပဏီတို့ကဓာတ် ပြားသီချင်းများ သွင်း‌ပေးပါရန် ဖိတ်‌ခေါ် ခဲ့သည်။ ထို‌ခေတ်က ‌ဒေါ်တင်အုံးသီဆို‌သော ကာလ‌ပေါ်ဓာတ် ပြား သီချင်းများအနက် ထင်‌ပေါ်‌သော‌တေးသီချင်းများမှာမဂင်္လာ ဆု‌တောင်း၊‌ဆေးစွမ်း‌ကောင်း ဂါထာဘုရင်၊ ကုသိန္နာရုံ၊ ဘုရားဖူး လည်မယ် သီချင်းတို့ဖြစ်သည်။ ယင်းသီချင်းများအတွက်စန္ဒယား တီး‌ပေးရသူမှာချန်ပီယံ ‌မောင်‌ကျော် ဖြစ်သည်။ ဒုတိယကမ္ဘာစစ် မဖြစ်မီကပင် ‌ဒေါ်တင်အုံးသည် ညီမ ငယ်များနှင့် အတူ အမျိုးသမီး တူရိယာအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ညီမ မခင်‌စောမှာ တ‌ယောထိုးပြီး ညီမငယ်မစိန်ရီက ‌စောင်းနှင့် ဆိုတီး‌ပေးသည်။

‌ဒေါ်တင်အုံးသည်အဆို‌တော်အဖြစ်လည်း‌ကောင်း၊ အတီး ‌ကောင်းသူ ဂီတပညာရှင်အဖြစ် လည်း‌ကောင်း ဂီတ‌လောက၌ နာမည်‌ကျော်ကြား လူကြိုက်များ လာသည်။ အသံတိတ် ရုပ်ရှင် ကုမ္ပဏီများမှ ဖိတ်‌ခေါ်၍ရုပ် ရှင်‌နောက်ခံ တီးလုံးများကို တီး‌ပေး ခဲ့ရသည့်အပြင် သီချင်းအဆိုကိုလည်းဆို‌ပေးခဲ့ရသည်။ မြတ်စိ‌န္တေ ရုပ်ရှင် ဇာတ်ကားတွင် ညီမများဖြစ်‌သော စန္ဒယားနှင့် ‌စောင်း ‌ဒေါ်စိန်ရီ၊ တ‌ယောနှင့်‌စောင်း ‌ဒေါ်ခင်‌စောတို့နှင့် အတူ အတီး အမှုတ် အခန်းမှပါဝင်၍ သရုပ်‌ဆောင်ရိုက်ကူးခဲ့သည်။ ‌ဒေါ်တင် အုံး၏ အဆိုအတီးကို သ‌ဘောကျ‌သော ‌ကြောင့် အပျို့လင် ရုပ်ရှင်ဇာတ်ကားတွင် အဆိုနှင့် အတီး နှစ်ခုစလုံးကို ဇာတ်ဖြည့် ဆိုတီး‌ပေးခဲ့၇‌လေသည်။

ကာလ‌ပေါ် ‌တေးသီချင်းများကို ဆိုတီး၍ ‌ကျော်ကြားမှု ရရုံမဟုတ်၊ မြန်မာ့အသံ သီချင်းကြီး ကဏ္ဍ မှသီချင်းကြီးများကို ပါ အသံလွှင့်ခဲ့သည်။ ‌ဒေါ်တင်အုံး၏ အထူး‌ကျော်ကြားသည့် သီချင်းများမှာ ထူးမခြားနား၊ ‌တေးဘုမ္မာ၊ ဖြူပြာမူယာ သီချင်း တို့မှာ လူကြိုက်အများဆုံးဖြစ်ခဲ့သည်။

၁၉၅၃ ခုနှစ်မှစ၍ ယဉ်‌ကျေးမှုဝန်ကြီးဌာနလက်‌အောက် ရှိ ပန်တျာနှင့် အဆိုအက သင်တန်း‌ကျောင်း၌ ‌စောင်းနည်းပြ ဆရာမကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

‌ဒေါ်တင်အုံးသည် ရန်ကုန် ပန်တျာ‌ကျောင်းမှ ၁၉ရရ ခုနှစ်တွင် အငြိမ်းစားယူ၍ အပြင်ပ၌ အဆို၊ အတီးပညာများကို သင်တန်း‌ပေးခဲ့သည်။ အထူးသဖြင့် ‌ဒေါ်တင်အုံးကို သီချင်းကြီး အဆို‌တော်၊ ‌ခေတ်‌ဟောင်း အဆို‌တော်တစ်ဦးအဖြစ် လူသိများ ခဲ့သည်။ မြန်မာနိုင်ငံ၌ ထိပ်တန်း‌စောင်းပညာရှင် စာရင်းဝင်ခဲ့ ‌သောပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်သည်။ ‌ဒေါ်တင်အုံးသည် မြန်မာ ၁၃၄၁ ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)