တင်ယု (ဒါရိုက်တာ)

ဝီကီပီးဒီးယား မှ
(တင်ယု၊ ဦး(ဒါရိုက်တာ) မှ ပြန်ညွှန်းထားသည်)
နာမည်ကြီးဒါရိုက်တာ ဦးတင်ယု

နာမည်ကြီးဒါရိုက်တာဖြစ်လာမည့် မောင်တင်ယုကို ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့၊ မြန်မာ့ ပထမဆုံးအသံတိတ် ရုပ်ရှင်ဇာတ်ကား 'မေတ္တာနှင့်သူရာ'ကို ရုံတင်ပြီး သုံးရက်အကြာအောက်တိုဘာလ ၁၆ ရက်နေ့မှာ မွေးဖွားခဲ့သည်။ ဒါရိုက်တာဦးတင်ယုသည် မြန်မာ့ရုပ်ရှင် ပေါ်ဦးစခေတ်ကတည်းက ပေါ်ပေါက်ခဲ့သော မြန်မာအဆွေ(အေဝမ်း ရုပ်ရှင်)မိသားစု၏ မျိုးဆက်တစ်ဦးလည်း ဖြစ်သည်။

ဦးတင်ယုသည် ဦးလေးဖြစ်သော မင်းသားကြီး ဦးတင်မောင်၊ ပထမဆုံးမြန်မာ ရုပ်ရှင်မင်းသား ဦးညီပုတို့ထံမှာ ရုပ်ရှင်ပညာသင်ယူခဲ့သည်။ အေဝမ်းတစ်ခြံလုံးက စတူဒီယိုလုပ်ထားသည့်အတွက် အေဝမ်းမိသားစုတစ်စုလုံးက ရုပ်ရှင်လုပ်သားများလို ဖြစ်နေသည်။ လိုအပ်သောအခန်းများမှာ ကလေးပဲလိုလို၊ လူကြီးပဲလိုလို အေဝမ်းမိသားစုက ဝင်ရိုက်ကြသည်။ ထို့ကြောင့် ငယ်ငယ် လေးကတည်းက ရုပ်ရှင်ဝါသနာပါသော ဦးတင်ယုသည် ဦးလေးများနောက် လိုက်ပြီး သူတို့ရိုက်ကူးခဲ့သောရုပ်ရှင်ဇာတ်ကားများတွင် ဇာတ်လမ်းမှတ်တမ်းတင်သူ၊ တည်းဖြတ်သူ အဖြစ်နဲ့ ဝင်ကူရင်း ရုပ်ရှင်လောကတည်းကို ရောက်လာခဲ့သည်။

ဆရာကြီးက ဝင်္ကပါလမ်းထဲက မြန်မာ့ရုပ်ရှင်ပြတိုက်ကြီးကို ပြတိုက်ဖွင့်တဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက် မှာ စနေနေ့တိုင်း ပြတိုက်ကို လာပါတယ်။ ဆရာကြီး က ကိုယ့်စရိတ်နဲ့ကိုယ် မပျက်မကွက်လာပြီး ပြတိုက်ကြီးကို လာစောင့်ရှောက် ပေးလေ့ရှိတယ်။ အသက်ကိုးဆယ် ကျော်သည့်တိုင် တုန်တုန် ချည့်ချည့်နဲ့ အပတ်စဉ် စနေနေ့တိုင်း ပြတိုက်ကို သံယောဇဉ်ကြီးလွန်းလို့ လာနေတာကို တွေ့ရပြီး သူ့အကြောင်းကို မှတ်တမ်းရိုက်ကူးဖို့ စိတ်ကူးရခဲ့တယ်" လို့ ဦးအောင်စိုးဦးက ပြောပါတယ်။

ဟောင်းနွမ်းလှပြီဖြစ်တဲ့ ပြတိုက်ကြီး အပေါ်မှာ ဇရာအိုဒါရိုက်တာကြီးရဲ့ တွယ်ငြိမှုကို စိတ်ဝင်စား သွားပြီး ၂၀၁၂ ခုနှစ်မှာ 'ပြတိုက်အိုနဲ့ရုပ်ရှင်အဘိုးအို'မှတ်တမ်းကားကို ဒါရိုက်တာ ဦးအောင်ကိုလတ် ရဲ့ အကူအညီနဲ့ ရိုက်ကူးခဲ့ပြီး အင်္ဂလိပ်၊ မြန်မာ နောက်ခံစကားပြောနှစ်မျိုးနဲ့ ထုတ်လုပ်ဖြန့်ချိသွား မယ်လို့ ဆိုပါတယ်။

"ရုပ်ရှင်ပြတိုက်ကို ပြုပြင်တာပဲ ဖြစ်ဖြစ်၊ အကုန်လုံး ဖြိုဖျက်ပြီး အသစ်ပြန် ဆောက်တာပဲဖြစ်ဖြစ် မကြာခင်လုပ် တော့မယ်။ အဲဒီအခါကျရင် ဒီမှတ်တမ်းမှတ်ရာတွေ ကျန်ရစ်တော့မှာ မဟုတ်ဘူး။ ဒီအငွေ့အသက်တွေလည်း ကျန်မှာ မဟုတ်တော့ဘူး။ လက်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်ပြတိုက်ကိုလည်း မှတ်တမ်းတင်ချင်တယ်။ ပြတိုက်နဲ့တွဲပြီး ဒါရိုက်တာ အိုကြီးရဲ့ တွယ်ငြိတဲ့သံယောဇဉ်ကိုလည်း မှတ်တမ်းတင်ချင်တယ်ကြောင့် မှတ်တမ်းကား ရိုက်ကူးဖြစ်ခဲ့တာ"လို့ သူ့ရည်ရွယ်ချက်ကို ပြောပြပါ တယ်။

ခုတော့ ဇာတ်ကားမထွက်ခင်မှာပဲ ဒါရိုက်တာကြီး ဦးတင်ယု မျက်စိမှိတ်သွားခဲ့ပါပြီ။ အေဝမ်းမျိုး ဆက်ဖြစ်တဲ့ ဦးတင်ယုဟာ ဦးလေးဖြစ်သူ ဦးတင်မောင် ရိုက်ကူးတဲ့ 'မြားနတ်မောင်' ရုပ်ရှင်ဇာတ် ကား မှာ မှတ်တမ်းတင်သူအဖြစ် စတင်တာဝန်ယူခဲ့ချိန်မှာ အသက် ၁၈ နှစ်အရွယ် ပဲရှိပါသေးတယ်။

နောက်သုံးနှစ်အကြာမှာပဲ 'ရွှေဒေါင်းတောင်'ဇာတ်ကားကို ဒါရိုက်တာအဖြစ်နဲ့ ကိုယ်တိုင်ရိုက်ကူးခဲ့ပြီး အဲဒီခေတ်အခါမှာ အသက်အငယ် ဆုံးဒါရိုက်တာတစ်ဦး၊ဖြစ်လာခဲ့ပါတယ်။

"ရုပ်ရှင်စရိုက်တော့မယ်ဆို 'ကတ်' လို့ အော်တယ်။ မင်းသားမင်းသမီးတွေ အိုက်တင်စလုပ်ဖို့ သတိ ပေးတဲ့ 'ကတ်' လို့ အော်တာကို သူက စထွင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီခေတ်က ရာဇဝင်၊ သိုက်၊ သမိုင်းကားတွေ ရိုက်ကူးကြတယ်။ အဲဒီ မှာ အထူးပြုလုပ်ချက်တွေကို ဆရာ ဦးတင်ယုက ကြိုးစား ပြီး ပြုလုပ်ခဲ့တယ်။

ဓားခုတ်တဲ့အခန်းတွေရိုက်ရင် သစ်သားပြားကို ငွေမင်သုတ်ပြီး မရိုက်ဘူး။ တကယ့်သံပြားကို ဓား လုပ်ပြီး တူအောင်ရိုက်တယ်"လို့ ဦးအောင်စိုးဦးက ပြော ပြပါတယ်။

ဒါရိုက်တာ ဦးတင်ယုဟာ ဂျပန် ဒါရိုက်တာ Kon Ichikawa ရိုက်ကူးတဲ့ မြန်မာ့စောင်း (The Burmese Harp-1956) မှာလည်း မြန်မာဘက်က ရိုက်ကူးမှုအပိုင်းကို ကူညီပေးခဲ့တဲ့အပြင် မကြာသေးခင်က လွှတ်တော်မှာ ပြသသွားတဲ့ ဂျပန်ဒါရိုက်တာ Koji Chino ရိုက်ကူးတဲ့ 'သွေး' ဇာတ်ကားရိုက်ကူးစဉ်တုန်းကလည်း အကြံပေးအဖြစ် ကူညီခဲ့ပါသေးတယ်။

"သူရိုက်ကူးတဲ့ ဇာတ်ကားတော်တော်များများက ဝင်ငွေကောင်းပြီး အကယ်ဒမီတွေလည်း ရကြ တယ်။ ခေတ်မီပြီးဆန်းသစ်တဲ့ ဇာတ်ကားတော်တော်များများကို ဆရာကြီးက ရိုက်ကူးခဲ့ပါတယ်" လို့လည်း ပြောပါတယ်။

ဆရာကြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကား ပေါင်း ၆၀ ကျော်ထဲမှာ 'အကျော် အမော်'(၁၉၅၄)၊ 'ပိတောက် ရိပ်ဝယ်' (၁၉၆၃)၊ ဒုတိယကမ္ဘာစစ်အတွင်းမှာ နယ်ချဲ့တိုင်းတစ်ပါးအောက်မှ လွတ် မြောက်ပြီး လွတ်လပ်ရေး အရယူစိတ် ဖြစ်ပေါ်လာအောင် လှုံ့ဆော်ခဲ့တဲ့ 'နန်းတွင်းအရေးတော်ပုံ' ရုပ်ရှင်ကား တွေဟာ အထူးထင်ရှားပါတယ်။

"ဆရာက လူသာအိုပေမယ့် ပညာမအိုပါဘူး။ အမြဲတမ်းနုပျိုပြီး ကွယ်လွန်ချိန်ထိ ရုပ်ရှင်အပေါ်မှာ သံယောဇဉ်ရှိဆဲပါ။ မှတ်တမ်းကားမှာ သူကိုယ်တိုင်ပြောတဲ့ စကားလေးတွေပါမယ့်အပြင် ဆရာ့ရဲ့ ငယ်ဘ၀ ဓာတ်ပုံလေးတွေပါ မြင်တွေ့ရ မှာ ဖြစ်ပါတယ်။ မှတ်တမ်းကားကိုလည်း ဆရာကြီးရဲ့ နေအိမ်နဲ့ ပြတိုက်မှာ ရိုက်ကူးထားပါတယ်" လို့ ဒါရိုက်တာ ဦးအောင်စိုးဦးက ပြောပါတယ်။

ဒါရိုက်တာ ဦးကြည်စိုးထွန်းကလည်း "ဆရာကြီးဦးတင်ယုက သူ့ထက်အသက်ငယ်တဲ့သူတွေကို တလေးတစားပေါင်းတတ်တာ သူ့ရဲ့ထူးခြားချက်တစ်ခုပါ။ နောက်ပြီး ပညာကိုလည်း တန်ဖိုးထား တယ်"လို့ ဦးတင်ယုအကြောင်းကို ပြော ပြပါတယ်။

MRTV-4 ရုပ်သံလိုင်းမှာ အပတ်စဉ် သောကြာနေ့ ည ၁၀ နာရီတိုင်း လွှင့်တဲ့ Movie Talk အစီ အစဉ်မှာ ဆရာကြီး ဦးတင်ယုရဲ့ အနုပညာဖြတ်သန်းမှု အကြောင်းကို ဒါရိုက်တာဦးကြည်စိုးထွန်းက ပြန်ပြောပြတာကို ထုတ်လွှင့်ပေးသွားမို့ စောင့်မျှော်ကြည့်ရှုနိုင်ကြပါတယ်။

ဒါရိုက်တာ ဦးတင်ယုက မြန်မာ့ရုပ်ရှင် ဓာတ်ပုံထူးချွန်ဆုကို ၁၉၆၀ ပြည့်နှစ်မှာ 'မေတ္တာရွှေရည်' ဇာတ်ကားနဲ့ ရရှိခဲ့ပြီး (၉၁)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ဖြစ်တဲ့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် နေ့မှာ တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းခံရပါတယ်။

မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက် အိုကြီးကို အပတ်စဉ် စနေနေ့တိုင်း သွားရောက်စောင့်ရှောက်လေ့ရှိတဲ့ ရုပ်ရှင် အဘိုးအိုကြီး ဒါရိုက်တာ ဦးတင်ယု ၂၀၁၃-ခု၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ အသက် ၉၂ နှစ်အရွယ် မှာ ကွယ်လွန်ပါသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာတိုင်း(မ်)Thursday, 14 February 2013