မာတိကာသို့ ခုန်သွားရန်

တင်မောင်ဆွေ

ဝီကီပီးဒီးယား မှ
ဗိုလ်မှူးချုပ် (ငြိမ်း)၊ ဦး

တင်မောင်ဆွေ
၂၃ ဦးမြောက် နိုင်ငံခြားရေးဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်အစိုးရ
သမ္မတမင်းအောင်လှိုင်
ယခင်လူသန်းဆွေ
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၁၁ နိုဝင်ဘာ ၂၀၂၂  ၉ ဇန်နဝါရီ ၂၀၂၆
ယခင်လူမျိုးသန့်ဖေ
ဆက်ခံသူဇော်ဝင်းမြင့်
ကိုယ်ရေး အချက်အလက်များ
လူမျိုး မြန်မာ
မိခင်ကျောင်းစစ်တက္ကသိုလ်
ကျွမ်းကျင်မှုသံတမန်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ တပ်မတော်
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၇ - ၂၀၂၀
ရာထူးဗိုလ်မှူးချုပ်

ဦးတင်မောင်ဆွေ သည် မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး လက်ရှိတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(၂၃ ဦးမြောက်) အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[]

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

၁၉၈၃ ခုနှစ်တွင် ဖွင့်လှစ်သည့် စစ်တက္ကသိုလ် အပတ်စဥ် ၂၈ ဆင်းဖြစ်သည်။USDPပါတီ ဒုတိယဥက္ကဋ္ဌဟောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးမျိုးဇော်သိမ်း နှင့် အပတ်စဥ်တူသည်။[]

ဦးတင်မောင်ဆွေ သည် တပ်မ ၇၇ တပ်မမှူးအဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်ပြီးနောက် ၂၀၁၆ ခုနှစ်နောက်ပိုင်းကာလတွင် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ဤသို့ဖြင့် သံတမန်လောကထဲ စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ []

သံတမန်ဘဝ

[ပြင်ဆင်ရန်]

၎င်းသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[]ထိုတာဝန်ကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။[]

ဦးတင်မောင်ဆွေသည် တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဥ်အတွင်း မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ နှင့် မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ပါ ပူးတွဲခန့်အပ်ခံရသည်။[][][]

နိုင်ငံခြားရေးဝန်ကြီးဘဝ

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အပြောင်းအလဲများတွင် ၎င်းအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြုခဲ့ခြင်း ဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Now၊ Myanmar (2026-04-07)။ စစ်အာဏာရှင်စနစ် အသက်သွင်းပေးခဲ့သူ အာဏာပါးကွက်သားများကို မင်းအောင်လှိုင် သူကောင်းပြု (in en-US)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  2. စစ်ဗိုလ်ချုပ်ဟောင်း၊ ဝန်ကြီးဟောင်းတွေနဲ့ ဦးမင်းအောင်လှိုင်ရဲ့ဇာတ်ညွှန်းဟောင်း (in my) (2026-04-08)။ 2026-04-08 တွင် ပြန်စစ်ပြီး။
  3. ၂၀၂၆ ဇန်နဝါရီ ၆ ရက်သတင်းများ တိုက်ရိုက်တင်ဆက်မှု - “ဘက်တံဆိပ်ပြောင်းလိုက်ပေမဲ့ တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်ဖို့ မရှိဘူး” – BGF အသွင်ပြောင်း KNA တပ်ပြောခွင့်ရ (in my) (2026-01-06)။ 2026-04-08 တွင် ပြန်စစ်ပြီး။
  4. တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ် သံအမတ်ကြီး ဦးတင်မောင်ဆွေအား ခန့်အပ် (in my)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  5. Myanmar Ambassador in Beijing 2026-04-07 တွင် ပြန်စစ်ပြီး။
  6. CGTN (2025-04-04)။ Myanmar's envoy to China talks about bilateral coordination for emergency humanitarian assistance 2026-04-07 တွင် ပြန်စစ်ပြီး။
  7. တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ၎င်း၏ခန့်အပ်လွှာကို တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းထံ ပေးအပ် (in my)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  8. ဦးတင်မောင်ဆွေအား ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် | Ministry Of Information (in en)။ 2026-04-08 တွင် ပြန်စစ်ပြီး။
  9. ၂၀၂၆ ဧပြီ ၇ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု - စစ်ခေါင်းဆောင် သမ္မတတာဝန်ယူအစိုးရမဖွဲ့ခင် တရုတ်ပထမဆုံးတွေ့ (in my) (2026-04-07)။ 2026-04-07 တွင် ပြန်စစ်ပြီး။