တင်ထွေးမူ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်


ဒေါ်တင်ထွေးမူ



ဒေါ်တင်ထွေးမူကိုအဖသခင်ဗသိန်းတင်၊အမိဒေါမိမိလေးတို့မှ(၂၄.၃.၁၉၄၉)တွင်ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုအခြေပြုသည့် ပဲခူးရိုးမတောတွင်းရှိမင်းကြီးတောင်တွင်မွေးဖွားခဲ့သည် ။မွေးချင်းသုံးဦးရှိသည်အနက်အငယ်ဆုံးသ   မီးဖြစ်သည်။ကျန်မွေးချင်းညီအစ်မနှစ်ဦး၏ အမည်များမှာ ဒေါ်တင်မြမူ နှင့် ဒေါ်တင်စောမူ တို့ဖြစ်ကြသည်။[ပြင်ဆင်ရန်]

ငယ်ဘဝ[ပြင်ဆင်ရန်]

မိခင်ဖြစ်သူဒေါ်မိမိလေးမှာ(၂၄.၈.၁၉၅၂)ခုနှစ်တွင်ပဲခူးရိုးမအတွင်း၌အမျိုးသမီးရောဂါဖြင့်ကွယ်လွန်သွားခဲ့ရာ၊ဗ မာပြည်ကွန်မြူနစ်ပါတီဥက္ကဌသခင်သန်းထွန်း၏စီစဉ်ပို့ဆောင်ပေးခဲ့ခြင်းကြောင့်ထားဝယ်မြို့ရှိမိခင်၏ညီမရင်းဖြစ်သူဝတ်လုံတော်ရရှေ့နေကြီးဒေါ်ခင်သန်းထံသို့ရောက်ရှိခဲ့သည်။မိခင်ဒေါ်မိမိလေး၏မောင်အရင်းဖြစ်သူမှာနဂါးနီစာအုပ်အသင်းကိုစတင်တည်ထောင်ခဲ့သည့်နဂါးနီဦးထွန်းအေးဖြစ်ပြီးဒေါ်တင်ထွေးမူ၏ဦးလေးတော်စပ်လေ သည်။ ဖခင်ဖြစ်သူသခင်ဗသိန်းတင်မှာဗမာပြည်ကွန်မြုနစ်ပါတီဗဟို၏တာဝန်ပေးချက်အရတရုတ်နိုင်ငံသို့ထွက်ခွာသွားခဲ့ပြီးတရုတ်ပြည်ကွန်မြူနစ်ပါတီနှင့်ဗမာပြည်ကွန်မြူနစ်ပါတီတို့အဆက်အသွယ်၊အကူအညီနှင့်ရင်းနှီးချစ်ခင်မှုရရှိစေရန်အဝေးရောက်ပါတီဗဟိုဥက္ကဌအနေဖြင့်ပီကင်းမြို့တွင်ရုံးစိုက်ဆောင်ရွက်ခဲ့ရလေသည်။ဒေါ်တင်ထွေးမူနှင့် သူ၏ဖခင်သခင်ဗသိန်းတင်မှာ၁၉၆၃ခုနှစ်တော်လှန်ရေးအစိုးရလက်ထက်ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပစဉ်  တစ်ကြိမ်သာတွေ့ဆုံခဲ့ကြရပြီးဘဝ၏နောက်ဆုံးချိန်တိုင်အောင်ပြန်လည်ဆုံတွေ့နိုင်ခြင်းမရှိတော့ပေ ။ မွေးစားမိခင်၊အဒေါ်ရင်းဒေါ်ခင်သန်း၏အုပ်ထိမ်းမှုအောက်တွင်ကြီးပြင်းခဲ့ရာ၊၁၉၆၈ခုနှစ်တွင်တက္ကသိုလ်ဝင်တန်း ကိုထားဝယ်မြို့မှဖြေဆိုအောင်မြင်ခဲ့သည်။ရန်ကုန်တက္ကသိုလ်ဥပဒေအထူးပြုဘာသာရပ်သို့တက်ရောက်သင် ကြားခဲ့ပြီး  ၊ ၁၉၇၃ ခုနှစ်တွင်ဥပဒေအထူးပြုဘွဲ့ရရှိခဲ့သည်။၁၉၇၃ ခုနှစ်ကုန်ပိုင်းတွင်ကချင်ပြည်နယ်တရားသူကြီး ချုပ်ရာထူးဖြင့်အငြိမ်းစားယူခဲ့သောဦးထိန်ဝင်းနှင့်လက်ထပ်ခဲ့ပြီးသမီးသုံးဦးထွန်းကားခဲ့သည်။စာရေးဆရာမသက်  ထားဗသိန်းတင်မှာဒေါ်တင်ထွေးမူ၏သမီးအလတ်ဖြစ်သည်။ ၁၉၈၈ခုနှစ်အရေးတော်ပုံကာလအတွင်းထားဝယ်မြို့ရှိလူထုကိုဦးဆောင်ခဲ့သည်။၁၉၈၉တွင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ တနသာင်္ရီတိုင်းစည်းရုံးရေးတာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့လေသည်။၁၉၉၁ခုနှစ်တွင်မတရားအ  သင်းကိုဆေးဝါးနှင့်ငွေကြေးထောက်ပံ့ခဲ့သဖြင့်မော်လမြိုင်စစ်ခုံရုံးမှနှစ်ရှည်ထောင်ဒါဏ်ချမှတ်ခြင်းကိုခံရပြီးတရားလွှတ်တော်ချုပ်ရှေ့နေလိုင်စင်သိမ်းဆည်းခံခဲ့ရပါသည်။ ၁၉၉၇ခုနှစ်တွင်ထားဝယ်မြို့မှ အမှတ်(၃၂)၊ဒေါ်သိန်းတင်လမ်း၊မင်္ဂလာတောင်ညွန့်သို့ပြောင်းရွှေ့နေထိုင်ခဲ့ပြီးလူ မှုရေးလုပ်ငန်းများကိုလုပ်ကိုင်ပံ့ပိုးဆောင်ရွက်ခဲ့လေသည်။နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၏မြန်မာနိုင်ငံ  တော်သမ္မတထံမေတ္တာရပ်ခံပေးစာများကြောင့် ၂၀၁၄ ခုနှစ်တွင်နိုင်ငံတော်ဥပဒေချုပ်ရုံးမှရှေ့နေလိုင်စင်ကိုပြန် လည်ခွင့်ပြုချထားပေးခဲ့သော်လည်း ကျန်းမာရေးအခြေအနေကြောင့်ပြန်လည်ထုတ်ယူခြင်းမပြုခဲ့တော့ပါ။          ရန်ကုန်မြို့တွင်နေထိုင်ရင်း သွေးတိုး၊ဆီးချို၊လေဖြတ်ရောဂါများကြောင့်ရွှေဂုံတိုင်ဆေးရုံတွင်တက်ရောက်ကုသ နေစဉ် ၁၈.၅.၂၀၁၅ ခုနှစ် နံနက် ၉ နာရီအချိန်တွင်ကွယ်လွန်သွားခဲ့ပါသည်။

ကိုးကား[ပြင်ဆင်ရန်]

1. minbyuneng.prizma.co.kr › ...

An Open Letter to the Chief Justice of Myanmar (Burma) | MINBYUN

2. https://www.lrwc.org › re-restore-pr...

Burma: Restore professional licenses of thirty-two lawyers ...

3. https://www.modernghana.com › ...

MYANMAR: Appeal to review cases of lawyers disbarred for political ...

4. www.humanrights.asia › article2 › a...

An appeal for Burmese lawyers struggling for justice in a highly ...

5. https://m.youtube.com › watch

Daw Tin Htwe Mu Speech(Daughter Of Thakin Ba Thein Tin) - YouTube

6. https://spcommreports.ohchr.org › S...

The communication report is intended to be a single source of the ...

7. https://www.scoop.co.nz › stories

Myanmar: Appeal To Review Cases Of 32 Lawyers Disbarred - Scoop

8. https://my.wikipedia.org/w/index.php?title=%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%A1%E1%80%B1%E1%80%B8%E1%81%8A_%E1%80%A6%E1%80%B8_(%E1%80%94%E1%80%82%E1%80%AB%E1%80%B8%E1%80%94%E1%80%AE)&oldid=386915

9. https://aappb.org › 2019/06PDF

ှ ဿ ၀ ၁ ၂ ၃ ၄ ၅ ၆ှဿှဝှ၁ှ၂ှ၃ှ၎ှ၅ ...

10. futureroadvisions.blogspot.com › bl...

ကျနော်ဖြတ်သန်း ... - အနာဂါတ်လမ်း

11. brasilhnetyoe.blogspot.com › 2012/10

ABSDF -ကျောင်းသား ... - ဘရာဇီး ငှက်ရိုး