တင်ထွန်းဦး (ဒေါက်တာ)

ဝီကီပီးဒီးယား မှ
ဒေါက်တာ တင်ထွန်းဦး
မွေးဖွားတင်ထွန်းဦး
၁၉၅၄
ဟင်္သာတမြို့
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်ထုတ်ဝေသူ
ကျော်ကြားမှုအရင်းခံမြန်မာတိုင်း(မ်)
အိမ်ထောင်ဖက်(များ)ဒေါက်တာခင်မိုးမိုး
မိဘ(များ)ဦးမောင်ခင် + ဒေါ်ဌေးဌေး

ဒေါက်တာ တင်ထွန်းဦးသည် စွယ်စုံမီဒီယာ ကုမ္ပဏီကို ပိုင်ဆိုင်သူ မီဒီယာစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ စွယ်စုံမီဒီယာမှ သုတစွယ်စုံ မဂ္ဂဇင်းအာရောဂျံ မဂ္ဂဇင်းပြည်မြန်မာ ဂျာနယ်Good Health ဂျာနယ် တို့ကို ထုတ်ဝေလျက်ရှိသည်။ ဒေါက်တာ တင်ထွန်းဦးသည် သုတစွယ်စုံစာပေဆုကိုလည်း နှစ်စဉ်ရွေးချယ်ချီးမြှင့်ပေးနေသည်။

ပညာရေး[ပြင်ဆင်ရန်]

ငယ်စဉ်က လေးထပ်ကွမ်း လူရည်ချွန် တစ်ဦး ဖြစ်ခဲ့သည်။ တက္ကသိုလ် ပညာသင်ဆု ရရှိခဲ့၍ ဆေးတက္ကသိုလ် (၂) မှ ၁၉၇၆ ခုနှစ်တွင် ဆရာဝန်ဘွဲ့ကို ဆေးပညာ ဂုဏ်ထူးဖြင့် အောင်မြင် ရရှိခဲ့သည်။ ဆေးပညာ မဟာသိပ္ပံ (ပြည်သူ့ ကျန်းမာရေး) ဘွဲ့ကို ၁၉၈၆ ခုနှစ်တွင် ကျန်းမာရေး စာရင်းအင်း ပညာ ဂုဏ်ထူးဖြင့် ထပ်မံ ရရှိခဲ့သည်။

စာပေရေးရာ[ပြင်ဆင်ရန်]

၁၉၇၂ ခုနှစ်မှ စ၍ စာပေနယ်သို့ စတင် ဝင်ရောက် ခဲ့ပြီး ယနေ့ အထိ စာနယ်ဇင်း မျိုးစုံတွင် ကလောင် အမည် ဒေါက်တာ တင်ထွန်းဦး အပြင် တင်ထွန်းဦး (ဆေး-၂)၊ တင်မင်းထွန်း၊ မိုးဦးထွန်း၊ အာရောဂျံ၊ သုတမောင်၊ နေမျိုးလင်း၊ ထွန်းဝင်းလတ်၊ ဇေထက် စသည့် ကလောင်ခွဲ များဖြင့် ကျန်းမာရေး၊ အားကစားနှင့် သုတ ပညာပေး ဆောင်းပါး (၁၁ဝဝ) ကျော်နှင့် လုံးချင်း စာအုပ် (၂၃) အုပ် ရေးသား ပြုစုခဲ့၏။ လစဉ်ထုတ် သုတစွယ်စုံ မဂ္ဂဇင်း၊ အာရောဂျံ ကျန်းမာရေး မဂ္ဂဇင်း၊ အား/ကာ အားကစား မဂ္ဂဇင်း၊ အပတ်စဉ်ထုတ် ပြည်မြန်မာ သတင်း ဂျာနယ်၊ သတင်းလွှာ ဂျာနယ်နှင့် သုတ စွယ်စုံ စာအုပ်တိုက် တို့၏ စာတည်းချုပ်လည်း ဖြစ်သည်။

ရရှိသောဆုများ[ပြင်ဆင်ရန်]

၁၉၇၆ ခုနှစ်တွင် စာပေဗိမာန်စာမူဆုကို ပတ်ဝန်းကျင်နှင့် သင့်ကျန်းမာရေး စာမူဖြင့် ပထမဆု ရရှိခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် မူးယစ် ဆေးဝါးနှင့် အေအိုင်ဒီအက်စ် စာအုပ်ဖြင့် လည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် အားလုံး ကျန်းမာ ပြည်သာယာ စာအုပ်ဖြင့် လည်းကောင်း၊ အမျိုးသား စာပေဆု နှစ်ကြိမ် ရရှိခဲ့သည်။

ကိန်းဘရစ်ချ် တက္ကသိုလ်မှ ပေးအပ်သော Man of the Year () ကိုလည်း ရရှိခဲ့သည်။

၁၉၈၁ ခုနှစ်မှ စတင်၍ ကျန်းမာရေး ဝန်ကြီးဌာနတွင် နိုင်ငံ့တာဝန် အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေး ပညာဌာနတွင် ၁၉၉၅ ခုနှစ် အထိ လက်ထောက် ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်၏ ခွင့်ပြုစေလွှတ်ချက်များအရ အမေရိကန်၊ ဂျပန်၊ တရုတ်၊ ယိုးဒယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဟောင်ကောင် ဒေသများသို့ ကျန်းမာရေး၊ အားကစား၊ စာပေ ထုတ်ဝေရေး၊ စာပေ ချစ်ကြည်ရေး၊ စီမံခန့်ခွဲရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆိုင်ရာ ညီလာခံ၊ ဆွေးနွေးပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၊ သင်တန်းနှင့် လေ့လာရေးခရီးများ သွားရောက်ခဲ့သည်။

ဟောပြောမှုများ[ပြင်ဆင်ရန်]

ကျောင်း၊ ကောလိပ်၊ သိပ္ပံ၊ တက္ကသိုလ်များ၊ လုပ်ငန်းဌာနများနှင့် သင်တန်းများတွင် အကြိမ်ပေါင်းများစွာ ကျန်းမာရေး ပညာပေး ဟောပြော ပို့ချခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၄ ခုနှစ် အထိ မြန်မာ့အသံ မှတ်ဖွယ်မှတ်ရာ သုတအဖြာဖြာ အစီအစဉ်မှ အပတ်စဉ် အသံလွှင့် ဟောပြောခဲ့သည်။ ၁၉၉၃ ခုနှစ်နှင့် ၁၉၉၄ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုများ အတွက် ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

တာဝန်ယူထားမှုများ[ပြင်ဆင်ရန်]

ယခုအခါ မြန်မာနိုင်ငံ အားကစား ကလောင်ရှင်များ အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့တွင် တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်တွင် ဗဟိုအလုပ်အမှုဆောင်နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းတွင် ဗဟိုကော်မတီဝင် အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

အငြင်းပွားဖွယ်ရာများ[ပြင်ဆင်ရန်]

ဒေါက်တာတင်ထွန်းဦးသည် စာပေသမားအမည်ခံ စီးပွားရေးသမားအဖြစ်လည်းကောင်း၊ အစိုးရလူကြီးပိုင်းကို သဘောကျအောင် ပေါင်းသင်းနိုင်ခြင်း များကြောင့် အငြင်းပွားဖွယ် လူတစ်ယောက်လည်း ဖြစ်သည်။ အတိုက်အခံများ ဝေဖန်နေသည့်ကာလမှာပင် ပြုပြင်ပြောင်းလဲရေးလုပ်လိုက်သော မြန်မာတိုင်း(မ်)ဂျာနယ်၏ ထုတ်ဝေသူဖြစ်လာခဲ့သည်။ သို့သော် လုပ်ပိုင်ခွင့်မရှိဘဲ ပြန်ကြားရေးဌာန၏ ဟန်ပြထုတ်ဝေသူအဖြစ် သိထားကြသည်။

သူ၏ ဂျာနယ်တိုက်သည် လူသစ်များအမြဲမွေးလေ့ရှိပြီး လူတော်များ ထိန်းမထားနိုင်ပေ။ လတ်တလော စာနယ်ဇင်းလောကတွင် နာမည်တက်လာသော လူငယ် စာနယ်ဇင်းသမားအများအပြားမှာ သုတစွယ်စုံ စာအုပ်တိုက်ထွက်များ ဖြစ်ကြသည်။

မိသားစု[ပြင်ဆင်ရန်]

ဇနီးမှာ ဒေါက်တာခင်မိုးမိုးဖြစ်ပြီး သုတစွယ်စုံစာအုပ်တိုက်၏ အုပ်ချုပ်ရေးမှူးလည်းဖြစ်သည်။ သမီးလေးယောက်ရှိသည်။ ပထမဇနီးနှင့်ရသော သမီးအကြီးနှစ်ယောက်မှာ ဆေးတက္ကသိုလ်သို့ တက်ရောက်သင်ကြားခဲ့ကြသည်။

ရေးသား ထုတ်ဝေခဲ့သည့် စာအုပ်များ[ပြင်ဆင်ရန်]

  1. ကောင်းကျိုးမပေး မူးယစ်ဆေး - ၁၉၇၉ ခုနှစ်
  2. ကိုယ်စိတ်ကျန်းမာ သင့်ခန္ဓာ - ၂ဝဝဝ ပြည့်နှစ်
  3. ကျန်းမာရေး ပြဿနာ အဖြေလွှာ - ၁၉၈၂ ခုနှစ်
  4. ခုခံအား ကျဆင်းမှု ကူးစက် ရောဂါ (အေအိုင်ဒီအက်စ်) - ၁၉၈၉ ခုနှစ်
  5. စာအုပ် စာနယ်ဇင်း စာကြည့်တိုက်နှင့် မြန်မာစာပေ - ၁၉၉၉ ခုနှစ်
  6. စိတ်နှင့် သင့်ကျန်းမာရေး - ၁၉၈၁ ခုနှစ်
  7. ဆရာဝန်နှင့် သူ့လူနာများ (လက်ရွေးစင် ဆေးပညာပေး ဝတ္ထုတိုများ ) - ၁၉၈ဝ ပြည့်နှစ်
  8. ဆဝါဒီမြို့တော် (ခရီးသွား ဆောင်းပါးရှည်) - ၁၉၉ဝ ပြည့်နှစ်
  9. ဉာဏ်စမ်း သုတအမှတ် (၁) - ၁၉၈၉ ခုနှစ်
  10. ဉာဏ်စမ်း သုတအမှတ် (၂) - ၁၉၉၃ ခုနှစ်
  11. ဉာဏ်စမ်း သုတအမှတ် (၃) - ၁၉၉၅ ခုနှစ်
  12. ပတ်ဝန်းကျင်နှင့် သင့်ကျန်းမာရေး - ၁၉၇၈ ခုနှစ်
  13. မူးယစ် ဆေးဝါးနှင့် အေအိုင်ဒီအက်စ် - ၁၉၉၁ ခုနှစ်
  14. မြန်မာပြည် တောင်ဘက်စွန်းနှင့် ရွှေကျွန်းသို့ (ခရီးသွား ဆောင်းပါးရှည်) - ၁၉၈၁ ခုနှစ်
  15. မှုခင်းဆိုင်ရာ ဆေးပညာ - ၁၉၈၂ ခုနှစ်
  16. မှတ်ဖွယ်မှတ်ရာ ဆေးပညာ - ၁၉၈၉ ခုနှစ်
  17. လူကောင်းလူတော် တို့ရည်မျှော် - ၁၉၈၇ ခုနှစ်
  18. လူတိုင်းအတွက် စိတ်ဝင်စားစရာ ဆေးပညာ - ၁၉၈၈ ခုနှစ်
  19. သုတအံ့ဖွယ် အသွယ်သွယ် - ၁၉၈၃ ခုနှစ်
  20. သက်ရှည်ကျန်းမာ ဆေးပညာ - ၁၉၈၈ ခုနှစ်
  21. အသက်ရှည်ရာ အနာမဲ့ကြောင်း - ၁၉၈ဝ ခုနှစ်
  22. အားလုံးကျန်းမာ ပြည်မြန်မာ - ၁၉၈၆ ခုနှစ်
  23. အားလုံးကျန်းမာ ပြည်သာယာ - ၁၉၈၇ ခုနှစ်

ကိုးကား[ပြင်ဆင်ရန်]

ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်)၊ စာတည်း အဖွဲ့ (ဧပြီ ၂ဝဝ၃)။ နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း။ ပညာရွှေတောင် စာအုပ်တိုက်။ |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)