တင်စိန် (ပထဝီဝင်)

ဝီကီပီးဒီးယား မှ
(တင်စိန်၊ (ပထဝီဝင်) မှ ပြန်ညွှန်းထားသည်)
တင်စိန် (ပထဝီဝင်)
မွေးဖွား (၁၉၄၆-၁၁-၀၂) နိုဝင်ဘာ ၂၊ ၁၉၄၆ (အသက် ၇၇)
ရန်ကုန်တိုင်းဒလမြို့နယ်
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်စာရေးဆရာ
မိဘ(များ)ဦးဘဲလူ + ဒေါ်စောရှင်

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

ဆရာ ဦးတင်စိန်ကို အဘ ဦးဘဲလူနှင့် အမိ ဒေါ်စောရှင်တို့မှ ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးဇာတိမှာ ရန်ကုန်တိုင်း၊ ဒလမြို့နယ် ဖြစ်သည်။ ဒလမြို့နယ်၊ ညောင်ကုန်း မြူနီစပါယ်ကျောင်း၊ ဒလမြို့ အစိုးရတန်းမြင့်ကျောင်း၊ ဗဟို စံပြ အစိုးရ အထက်တန်းကျောင်းတို့တွင် ပညာ သင်ကြားခဲ့သည်။


၁၉၆၄ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပစ္စည်း ဝယ်ယူမှု ညွှန်ကြားရေး ဝန်ရုံးတွင် အောက်တန်းစာရေး အဖြစ် အမှုထမ်း ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် သိမ်ဖြူ သစ္စာ ကောလိပ် အလွတ်ပညာကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ၁၉၆၉-၇၀ တွင် လုပ်သားများ ကောလိပ်မှ ပထဝီဝင် အဓိက ဘာသာဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။


၁၉၇၂ ခုနှစ်တွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဌာနချုပ်၊ စာပြုသင်တန်း ၁/၇၂ သို့ တက်ရောက်ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာ၌ ဆောင်းပါးများ စတင် ရေးသား၍ စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ ကြေးမုံဗိုလ်တထောင်မြန်မာ့အလင်း သတင်းစာများတွင် ၁၉၈၈ ခုနှစ် အထိ ဆောင်းပါးပုဒ်ရေ ၃၀၀ ကျော် ရေးသားခဲ့သည်။


၁၉၇၂ ခုနှစ်တွင် ဒလမြို့နယ်၊ သတင်းထောက် အဖြစ် လုပ်ကိုင်ရင်း မြဝတီ၊ ဖြူနီညိုပြာ၊ လူငယ်ဂျာနယ်၊ ဝတ်မှုံ၊ တိုင်းရင်းမေနှင့် သင့်ဘဝ မဂ္ဂဇင်းတို့တွင် ဆောင်းပါးများ ရေးသာခဲ့သည်။ ၁၉၆၅ ခုနှစ်မှ ၁၉၇၃ ခုနှစ် အထိ လူငယ် ကြီးပွားရေး ကလပ်တွင် စာကြည့်တိုက်မှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၇ ခုနှစ်မှ ၈၈ ခုနှစ် အထိ မောင်ကောင်းမြင့်နှင့် တွဲ၍ သတင်းကမ္ဘာ စာစောင်ကို စီစဉ် ထုတ်ဝေခဲ့သည်။ ၁၉၈၉ ခုနှစ်မှ ၁၉၉၁ ခုနှစ် အထိ ဒလမြို့နယ်၊ ခြောက်နံပါတ် ရပ်ကွက် အမက (၃) တွင် မူလတန်းပြ ဆရာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဘဝတက္ကသိုလ် စာပေတိုက်၌ အလုပ်ဝင်ကာ နွယ်နီ မဂ္ဂဇင်းတွင် အယ်ဒီတာ အကူအဖြစ် ဆောင်ရွက်ရင်း နိုင်ငံတကာ ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် အယ်ဒီတာ၊ ၁၉၉၈ ခုနှစ်တွင် တာဝန်ခံ အယ်ဒီတာ အဖြစ် ၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလ အထိ ဆောင်ရွက်ခဲ့သည်။ ၂၀၀၆ ခုနှစ်၊ ဇွန်လတွင် မြန်မာတိုင်း(မ်) ၌ ဘာသာပြန် အရာရှိ အဖြစ် စတင် တာဝန် ထမ်းဆောင်ရင်း ယနေ့ထိ စာပေများ ရေးသားလျက် ရှိသည်။


ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  1. ပါလက်စတိုင်း အရေးအခင်းမှ သဲထိတ်ရင်ဖို ဖြစ်ရပ်များ ၁၉၇၄
  2. ကမ္ဘာ့ အချက်အလက် အဘိဓာန် ၁၉၇၇
  3. ကမ္ဘာ့ နိုင်ငံရေး မြေပုံ ၂၀၀၁
  4. သောမတ်(စ်) အယ်(လ်)ဗာ အက်ဒီဆင် ၂၀၀၃
  5. အောင်စိတ်၊ အောင်မြင်သူ၊ အောင်မြင်ရေးနည်းလမ်းများ ၂၀၀၆

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန စာတည်းအဖွဲ့မှ စုဆောင်း ပြုစုပြီး၊ ရွှေဟင်္သာ စာအုပ်တိုက်က ၂၀၀၈ စက်တင်ဘာမှာ ပထမအကြိမ် ပုံနှိပ် ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ပဉ္စမတွဲ)'