တင့်ဇော်

ဝီကီပီးဒီးယား မှ
(တင့်ဇော်၊ ဦး မှ ပြန်ညွှန်းထားသည်)
ဦးတင့်ဇော်
'
မွေးသက္ကရာဇ်
အမည်ရင်း
မိဘအမည်
မွေးဖွားရာဒေသ ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်း၊ ကျောက်ဖြူမြို့
နိုင်ငံသား
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင်
ကြင်ဖော်
သားသမီး
ထင်ပေါ်ကျော်ကြားမှု
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက်
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်


ဦးတင့်ဇော် ကိုယ်ရေး အတ္ထုပ္ပတ္တိအကျဉ်း[ပြင်ဆင်ရန်]

ဆရာ ဦးတင့်ဇော်သည် ရခိုင်ပြည်နယ်ရမ်းဗြဲကျွန်းကျောက်ဖြူမြို့တွင် မွေးဖွားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ပညာရေးကို အခက်ခဲပေါင်းစုံကြားမှ သင်ကြားခဲ့ပြီး၊ ၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ ရောက်ရှိခဲ့သည်။

ရန်ကုန် တက္ကသိုလ်တွင် ပင်းယကျောင်းဆောင် စာဖတ်အသင်းဝင် ဖြစ်ခဲ့ပြီး တတိယနှစ်တွင် ရခိုင် ကျောင်းသူကျောင်းသားများ အသင်း ခေါင်းဆောင်မှု အပိုင်းမှ ပါဝင်ခဲ့ပြီး၊ ၁၉၅၆ - ၅၇ နောက်ဆုံးနှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ၌ နိုင်ငံခြားရေး တာဝန်ခံ အဖြစ် ရွေးချယ်ခံခဲ့ရသည်။

ဦးနု ဦးဆောင်သော ဖဆပလ အစိုးရ လက်ထက်တွင် ဆင်းရဲသော တက္ကသိုလ် ကျောင်းသားများအား ထောက်ပံ့သော ထောက်ပံ့ကြေးနှင့် ပတ်သက်၍ အမှန်တကယ် ဆင်းရဲသော ကျောင်းသားများ မရရှိသည့် ကိစ္စ အတွက် ထွန်းနေ့စဉ် သတင်းစာမှ ဖွင့်ချခဲ့ရာ ပါလီမန် အတွင်း အထိ ဂယက်ရိုက်ခဲ့ရသည်။

၁၉၆၂ ခုနှစ်၊ ကျောင်းသား သမဂ္ဂ အဆောက်အဦကြီးအား ဖြိုခွဲခဲ့သော ဆဲဗင်းဇူလိုင် အရေးအခင်းတွင် မျက်မြင် သက်သေတဦး အဖြစ် ကြုံတွေ့ခဲ့ရပြီး နောက်ပိုင်းတွင် စစ်အစိုးရ၏ ထိန်းသိမ်းခံခဲ့ရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင် ခံခဲ့ရသည်။

ကိုကိုးကျွန်းမှ လွတ်မြောက်ပြီး ရန်ကုန်မြို့တွင် ကိုယ်ပိုင် ကျူရှင်ဖွင့်၍ ရပ်တည်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ ကျောင်းသားများ ဦးဆောင်သော ၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာသော အခါ ကျူရှင်ဆရာ ဘဝကို စွန့်လွတ်ပြီး တော်လှန်ရေးသမား ဘဝအဖြစ် လုံးလုံးလျားလျား ခံယူခဲ့သည်။

၁၉၈၈ နောက်ပိုင်းတွင် ဗိုလ်မှူးကြီး စိန်မြနှင့် အတူ ထိုင်း - မြန်မာ နယ်စပ်သို့ ရောက်ရှိခဲ့ပြီး တော်လှန်ရေး တာဝန်များကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ဘီဘီစီ သတင်းထောက် အဖြစ် လည်းကောင်း၊ RFA သတင်းထောက် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၎င်း၏ အတွေ့အကြုံများကို အခြေခံပြီး ဝတ္ထုနှင့် ဆောင်းပါးများစွာ ရေးသားနေဆဲ ဖြစ်သည်။

ယခုအခါ ရခိုင်ပြည်လုံး ဆိုင်ရာ အမျိုးသား ကောင်စီ (ANC) တွင် ပါဝင်၍ မြန်မာပြည်တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁၉၅၆ - ၅၇ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ နိုင်ငံခြားရေး တာဝန်ခံ စာရေးဆရာ ဦးတင့်ဇော်ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိအကျဉ်းကို စုဆောင်း လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။ ဦးတင့်ဇော် ကိုယ်ရေး အတ္ထုပ္ပတ္တိအကျဉ်း
  1. မြန်မာ့ လွတ်လပ်ရေး၊ နိုင်ငံရေးနှင့် ကျောင်းသား လူငယ်များရဲ့ အခန်းကဏ္ဍ (ဦးတင့်ဇော်နှင့် တွေ့ဆုံခြင်း)၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက် (SYCB) မှ စီစဉ် ထုတ်ဝေသည်၊ ၂ အောက်တိုဘာ ၂ဝဝ၄။