တခအိုတောင်
| တခအိုတောင် | |
|---|---|
| 高尾山 | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၅၉၉ m (၁,၉၆၅ ft) |
| ကိုဩဒိနိတ် | 35°37′31″N 139°14′37″E / 35.62528°N 139.24361°Eကိုဩဒိနိတ်: 35°37′31″N 139°14′37″E / 35.62528°N 139.24361°E |
| ပထဝီဝင် | |
| တည်နေရာ | Hachiōji, Tokyo, Japan |
| တောင်တက်ခြင်း | |
| အလွယ်ဆုံး တောင်တက်လမ်း | Chairlift or funicular or hiking |

တခအိုတောင် (高尾山, Takao-san) သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ဟချိအိုးဂျိတွင် တည်ရှိသည့် တောင်တစ်ခု ဖြစ်သည်။ ဤတောင်ကို "မဲဂျိနော့မိုရိတခအိုအမျိုးသားဥယျာဉ်" အတွင်းထည့်သွင်းသတ်မှတ်ကာ ကာကွယ်စောင့်ရှောက်ထားသည်။ အမြင့် ၅၉၉ မီတာ (၁၉၆၅ ပေ) ရှိသည်။ တိုကျိုမြို့လယ်မှ တစ်နာရီကြာခရီးအကွာအဝေးတွင်ရှိသည်။ တောင်တက်လမ်းကြောင်း ရှစ်ခုရှိပြီး တောင်တက်ခြင်းဖြင့် ထင်ရှားသည့်တောင်လည်း ဖြစ်သည်။ နှစ်စဉ် ဤတောင်သို တက်ရောက်လည်ပတ်သူပေါင်း ၂.၅ သန်း ရှိသည်။ "တမတောသိပ္ပံဥယျာဉ်" သည် ဤတောင်ခြေတွင် တည်ရှိသည်။
တခအိုတောင်သည် ရှင်းတိုးဗုဒ္ဓဘာသာတွင် ပါရှိသည့် "တန်းဂု" (tengu) နှင့် ဆက်စပ်မှုရှိနေသည်။ တောင်တွင် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခုဖြစ်သည့် "တခအိုဆန်ယခုအိုးအင်းယူးခိဂျိ" ကျောင်းတော် ရှိသည်။ ဤကျောင်းတော်တွင် ခရီးသွားများသည် တန်းဂုထံ ကံကောင်းခြင်းများရရှိရန်အတွက် ဆုတောင်းမှုများ ပြုလုပ်ကြသည်။ ကျောင်းတော်ကို ရှင်းဂွန်းဗုဒ္ဓဘာသာဂိုဏ်းက ပိုင်ဆိုင်သည်။
တောင်တက်ခြင်း
[ပြင်ဆင်ရန်]တခအိုတောင်ထိပ်ပေါ်သို့ တက်ရောက်ရန်ကြာချိန်သည် ပျမ်းမျှ ၉၀ မိနစ် ဖြစ်သည်။ သို့သော်လည်း ဤကြာချိန်သည် တောင်ပေါ်သို့ တက်ရောက်ပုံတက်ရောက်နည်းပေါ်မူတည်၍ ကွဲပြားမှု ရှိနိုင်သည်။ တောင်ပေါ်သို့ တက်ရောက်မည်ဆိုပါက တောင်ခြေမှ စတင်ကာ တက်ရောက်သည့် နည်းလမ်းနှင့် တောင်၏ လမ်းတစ်ဝက်မှ ကေဘယ်ကြိုးကား သို့မဟုတ် funicular စီး၍ တက်ရောက်သည့် နည်းလမ်းနှစ်မျိုး ရှိသည်။ "တခအိုဇန်ကေဘယ်ကြိုးကားလိုင်း" သည် ဤဝန်ဆောင်မှုနှစ်မျိုးစလုံးကို ဆောင်ရွက်လျက်ရှိသည်။ စနစ်တွင် ဘူတာနေရာလေးခုရှိပြီး funicular အတွက် ၂ ခု၊ ကေဘယ်ကြိုးကားလိုင်းအတွက် ၂ ခု ဖြစ်သည်။ သို့သော်လည်း တောင်အောက်ခြေရှိ ဤဘူတာများ၏ အကွာအဝေးသည် မီတာများစွာ ခြားသည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]- တခအိုတောင်ထိပ်ရှိ လမ်းပြဆိုင်းဘုတ်များ
- တခအိုတောင်မှ မြင်ရသည့် တိုကျိုမြို့
- ဖူဂျီတောင်ကို တခအိုတောင်မှ မြင်ရပုံ
- Funicular
- တခအိုဆန်ယခုအိုအင်းပင်မကျောင်းတော်
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Official website (Japanese)
- "Citizens' Association to Protect Wildlife of Mt.Takao" website (Japanese)
- Trail map (Japanese)
- Keio Takaosan Onsen Gokurakuyu
- Head Temple Takao-san Yakuo-in