မာတိကာသို့ ခုန်သွားရန်

တခအိချိ ဆနအဲ

ဝီကီပီးဒီးယား မှ
တခအိချိ ဆနအဲ
高市 早苗
တာကအိချီ (၂၀၂၅)
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၁ အောက်တိုဘာ ၂၀၂၅
ဧကရာဇ်နာရူဟီတို
ယခင်လူShigeru Ishiba
လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (ဂျပန်)
ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၄ အောက်တိုဘာ ၂၀၂၅
ယခင်လူအီရှီဘာရှီဂဲရု
Shigeru Ishiba
စီးပွားရေးဆိုင်ရာလုံခြုံရေးဝန်ကြီး
တာဝန်သက်တမ်း
၁၀ ဩဂုတ် ၂၀၂၂  ၁ အောက်တိုဘာ ၂၀၂၄
ဝန်ကြီးချုပ်ဖူမီအို ခီရှိဒ
သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး
တာဝန်သက်တမ်း
၁၁ စက်တင်ဘာ ၂၀၁၉  ၁၆ စက်တင်ဘာ ၂၀၂၀
ဝန်ကြီးချုပ်ရှင်ဇို အာ့ဘဲ့
ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၁ စက်တင်ဘာ ၂၀၀၅
မဲဆန္ဒနယ်နာရာတိုင်းဒုတိယမဲဆန္ဒနယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1961-03-07) ၇ မတ်၊ ၁၉၆၁ (အသက် ၆၄)
ဂျပန်
နိုင်ငံရေးပါတီလစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (ဂျပန်)
ကြင်ဖော်တာကူ ယမာမိုတို (၂၀၀၄–၂၀၁၇)
သားသမီး၃ဦး
မိခင်ကျောင်းကိုဘေးတက္ကသိုလ်
လက်မှတ်
ဝက်ဘ်ဆိုဒ်ကိုယ်ပိုင်ဝက်ဆိုဒ်

တခအိချိ ဆနအဲ (အင်္ဂလိပ်: Sanae Takaichi)(၇ မတ် ၁၉၆၁ မွေးဖွား) သည် ဂျပန်နိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသမီးဝန်ကြီးချုပ် ဖြစ်သည်။သူသည် ဒုတိယကမ္ဘာစစ်ပြီးနောက် ဂျပန်နိုင်ငံအား စဥ်ဆက်မပြတ်နီးပါး အုပ်ချုပ်လာခဲ့သည့် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ လည်း ဖြစ်သည်။ဝါရင့်ဂျပန်နိုင်ငံရေးသမားဖြစ်သူ ၎င်းသည် အောက်လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်ပြီး၊ဝန်ကြီးချုပ် ရှင်ဇို အာ့ဘဲ့ နှင့် ဖူမီအို ခီရှိဒ လက်အောက်တို့တွင် ၀န်ကြီးရာထူးများကို တာဝန်ထမ်းဆောင်ခဲ့သည် ။[]

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

တခအိချိ ဆနအဲသည် ၁၉၆၁ ခုနှစ် မတ် ၇ ရက် တွင် ဂျပန်နိုင်ငံ ၊ နာရာပြည်နယ်၊ ယမာတိုကိုရီယမာမြို့တွင် မွေးဖွားခဲ့သည်။

နာရာပြည်နယ်တွင် မွေးဖွားပြီးကြီးပြင်းလာသည့် သူ၏ဖခင်မှာ တိုယိုတာ ၏ မော်တော်ယာဉ်ကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး၊ မိခင်မှာ နာရာ ပြည်နယ်ရဲတပ်ဖွဲ့ တွင် တာဝန်ထမ်းဆောင်သူဖြစ်သည်။ တာကအိချီသည် နာရာပြည်နယ်၊ အူနဘီ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။သူသည် ကိုဘေးတက္ကသိုလ် (Kobe University) မှ နိုင်ငံရေးသိပ္ပံ နှင့် စီးပွားရေးနယ်ပယ်ဆိုင်ရာဘွဲ့ ကို ရရှိခဲ့သည်။

သူသည် ၁၉၈၇ ခုနှစ်တွင် Matsushita Institute of Government and Management ၏ အထောက်အပံ့ဖြင့် အမေရိကန်သို့ သွားရောက်ခွင့်ရရှိခဲ့သည်။

၎င်းသည် ထိုအထောက်အပံ့ကြောင့် အမေရိကန်နိုင်ငံရေးနှင့်လွှတ်တော်နယ်ပယ်များအား လေ့လာသင်ယူခွင့် ရရှိခဲ့သည့်အပြင် အမေရိကန် ဒီမိုကရက်တစ်ပါတီမှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် Patricia Schroeder ၏ ရုံးတွင် အချိန်ပြည့်လေ့လာသင်ယူသူအဖြစ်ပါ အခွင့်အရေးရရှိခဲ့သည်။

၁၉၈၉ ခုနှစ် တွင် အမေရိကန်မှ ပြန်လာခဲ့ပြီးနောက်၊ ၎င်းသည် အမေရိကန်နိုင်ငံရေးအတွေ့အကြုံရှိသည့် ဥပဒေသုံးသပ်သူ အဖြစ် မီဒီယာများက၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။သူသည် အမေရိကန်နိုင်ငံရေး အတွေ့အကြုံကို အခြေခံပြီး စာအုပ်များလည်းရေးသားခဲ့သည်။

ထို့နောက် ၁၉၈၉ ခုနှစ် မတ်တွင် TV Asahi ၏ “Kodawari TV Pre-Stage” အင်္ဂလိပ်ပိုင်း၌ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[]

နိုင်ငံရေးဘဝဖြတ်သန်းမှု

[ပြင်ဆင်ရန်]

တခအိချိ ဆနအဲ သည် ၁၉၉၃ ခုနှစ်တွင် မွေးရပ်မြေ၏ ရွေးကောက်ခံအမတ် အဖြစ် စတင်ရွေးချယ်ခံရမှုမှစ၍ နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့သည်။[]

၁၉၉၆ ခုနှစ်တွင် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီဝင် ဖြစ်လာသည်။

၂၀၁၄ ခုနှစ်မှစ၍ အစိုးရအဖွဲ့ထဲ နေရာစပေးခံလာရသည်။သူသည် ဂျပန်အစိုးရအဖွဲ့အတွင်း အမျိုးမျိုးသော ဝန်ကြီးရာထူးများကို ထမ်းဆောင်ခဲ့သည်။ အဓိကတာဝန်များမှာ စီးပွားရေးဆိုင်ရာလုံခြုံရေးဝန်ကြီး ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ၊ နည်းပညာနှင့် အမျိုးသမီးရေးရာဝန်ကြီး နေရာများ ဖြစ်သည်။၊

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။သားသမီး ၃ ဦး ရှိသည်။

ပါတီဥက္ကဋ္ဌ ဖြစ်လာပုံ

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၇ ရက် တွင် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် နှင့် အာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရှိဂဲရု အီရှီဘာသည် ဝန်ကြီးချုပ်ရုံး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်စဥ် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ကြောင်း ကြေညာခဲ့သည်။[] [] [] []

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်တွင် လွှတ်တော်အမတ်ငါးဦးသည် ၎င်းတို့၏  ပြိုင်ပွဲဝင်လျှောက်လွှာများကို တင်သွင်းခဲ့ခြင်းဖြင့် ဂျပန်နိုင်ငံ၏ အဓိက အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ရွေးကောက်တင်မြှောက်ပွဲကို တရားဝင်စတင်ခဲ့သည်။[] []

ပထမအကျော့ မဲပေးမှု၌ စီးပွားရေးဆိုင်ရာလုံခြုံရေးဝန်ကြီးဟောင်း တခအိချိ ဆနအဲ သည် ၁၈၃ မဲ ရရှိခဲ့ပြီး၊စိုက်ပျိုးရေးဝန်ကြီး Koizumi Shinjiro သည် ၁၆၄ မဲ၊အစိုးရအဖွဲ့အတွင်းဝန်ချုပ် Hayashi Yoshimasa သည် ၁၃၄ မဲ၊ စီးပွားရေးဆိုင်ရာ လုံခြုံရေးဝန်ကြီးဟောင်း Kobayashi Takayuki သည် ၅၉ မဲ နှင့် ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Motegi Toshimitsu သည် ၄၉ မဲ အသီးသီးရခဲ့သည်။

မဲအများဆုံးရရှိထားသူ ၂ဦးအတွက် အဆုံအဖြတ်ပေးမည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက် ဒုတိယအကျော့မဲပေးမှုတွင် တာကအိချီသည် စိုက်ပျိုးရေးဝန်ကြီးကို ၁၈၅ မဲ၊ ၁၅၆ မဲဖြင့် အနိုင်ရပြီး ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

ဤသို့ဖြင့် သူသည် ဒုတိယကမ္ဘာစစ် ပြီးကတည်းက ဂျပန်နိုင်ငံကို အဆက်မပြတ်နီးပါး အုပ်ချုပ်လာခဲ့သည့် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။[၁၀]

ပထမဦးဆုံးဂျပန်နိုင်ငံ၏အမျိုးသမီးဝန်ကြီးချုပ်

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းတွင် ဂျပန်အောက်လွှတ်တော် ၌ ကျင်းပသည့် ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် မဲ ၄၆၅မဲ အနက် ၂၃၇မဲ ရရှိခဲ့ပြီးနောက်၊ဝန်ကြီးချုပ်အသစ် အဖြစ် ရွေးချယ်ခံခဲ့ရသည်။[၁၁] [၁၂]

နိုင်ငံရေးခံယူချက်

[ပြင်ဆင်ရန်]

ဗြိတိန်နိုင်ငံ၏ဝန်ကြီးချုပ် မာဂရက်သက်ချာကို အားကျသူဟု လူသိထင်ရှား ထုတ်ဖော်ပြောဆိုထားသည့် ၎င်းသည် ကွန်ဆာဗေးတစ်အမာခံတစ်ဦး ဖြစ်သည်။လုပ်ကြံခံခဲ့ရသည့် ဂျပန်၏ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာ့ဘဲ့ ၏ မဟာမိတ်လည်း ဖြစ်ခဲ့သည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. Junko Ogura, Selina Wang and Helen Regan (29 September 2021)။ Fumio Kishida expected to become Japan's next Prime Minister after ruling party vote 29 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 September 2021 တွင် ပြန်စစ်ပြီး။
  2. 高市早苗氏が30年前、立民・蓮舫氏と並んでテレビ司会をしていた過去 (in ja)။ 16 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 August 2022 တွင် ပြန်စစ်ပြီး။
  3. The Cabinet: TAKAICHI Sanae 26 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2020 တွင် ပြန်စစ်ပြီး။
  4. PM contender Takaichi vows fiscal expansion to make Japan a 'Rising Sun' again Reuters (18 September 2025)။ 3 October 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ကြောင်း ရှိဂဲရု အီရှီဘာ ကြေညာ ဆင်ဟွာသတင်းဌာန (၈ စက်တင်ဘာ ၂၀၂၅)။ ၆ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. ဂျပန်အာဏာရ လစ်ဘရယ်ပါတီ (LDP) က ခေါင်းဆောင်သစ်ကို အောက်တိုဘာ ၄ ရက်တွင် ရွေးချယ်မည်ဖြစ်ရာ ပါတီခေါင်းဆောင်သစ်သည် ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာမည် Eleven Media Group (၉ စက်တင်ဘာ ၂၀၂၅)။ ၆ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. ဂျပန်ဝန်ကြီးချုပ်အီရှီဘာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ရန် စီစဉ်ထား ကြောင်း ကြေညာ Myanmar Digital News (၇ စက်တင်ဘာ ၂၀၂၅)။ ၆ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. ဂျပန်နိုင်ငံ၌လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ရွေးကောက်တင်မြှောက်ပွဲ တရားဝင်စတင် Myanmar Digital News (၂၂ စက်တင်ဘာ ၂၀၂၅)။ ၆ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  9. Takaichi Sanae က LDP ရဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင်ဖြစ်လာ NHK (၅ အောက်တိုဘာ ၂၀၂၅)။ ၆ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  10. Takaichi poised to become Japan's first female PM after winning LDP poll The Japan Times (4 October 2025)။ 5 October 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 October 2025 တွင် ပြန်စစ်ပြီး။
  11. Japan Has a New Leader, and She’s a Heavy Metal Drummer The New York Times (21 Oct 2025)။ 21 Oct 2025 တွင် ပြန်စစ်ပြီး။
  12. Sanae Takaichi wins historic vote to become Japan's first female prime minister BBC (21 Oct 2025)။ 21 Oct 2025 တွင် ပြန်စစ်ပြီး။