တခဆွတ်မတောင်
| တခဆွတ်မတောင် | |
|---|---|
တိုဂခုရှိတောင်မှ မြင်ရသည့် တခဆွတ်မတောင် | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၂,၃၅၃ m (၇,၇၂၀ ft)[၁] |
| ပေါ်လွင်မှု | 795[၁] |
| စာရင်းသွင်းခြင်း | 100 Famous Japanese Mountains List of mountains in Japan |
| ကိုဩဒိနိတ် | 36°48′00″N 138°03′07″E / 36.80000°N 138.05194°E |
| အမည်ပေးခြင်း | |
| ဒေသခေါ်အမည် | 高妻山 (ဂျပန်) |
| အသံထွက် | ja |
| ပထဝီဝင် | |
| တည်နေရာ | Chūbu region, Honshu, Japan |
| ပင်မတောင်တန်း | Togakushi Mountain Range |
| တောင်တက်ခြင်း | |
| အလွယ်ဆုံး တောင်တက်လမ်း | Hike |
တခဆွတ်မတောင် (高妻山, Takatsuma-yama) သည် ဂျပန်နိုင်ငံ၊ နီးဂတစီရင်စုနှင့် နဂနိုစီရင်စုတို့အကြား နယ်နိမိတ်ပေါ်တွင်တည်ရှိသည့် တောင်ဖြစ်သည်။ အမြင့် ၂၃၅၃ မီတာ (၇၇၂၀ ပေ) ရှိသည်။ နဂနိုမြို့၏ အနောက်မြောက်ဘက်နှင့် မယောခိုးမြို့ (နီးဂတစီရင်စု) ၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ဤတောင်သည် ဂျပန်နိုင်ငံသစ်တောအေဂျင်စီ၏ ခန်းတိုးနှင့် ချူးဘုဒေသဆိုင်ရာရုံများ၏ နယ်နိမိတ်ခြားထားရာနေရာလည်း ဖြစ်သည်။[၂]
ဂျပန်အစိုးရက ကာကွယ်စောင့်ရှောက်ထားသည့် မယောခိုး - တိုဂခုရှိရန်းဇန်းအမျိုးသားဥယျာဉ်နယ်မြေအတွင်းတွင် ဤတောင်သည် ပါဝင်နေသည်။[၃][၄] တိုဂခုရှိတောင်တန်းများထဲတွင် ဤတောင်သည် ထင်ရှားပြီး အမျိုးသားဥယျာဉ်နယ်မြေအတွင်းပါဝင်သည့် တောင်များထဲတွင် လေးခုမြောက် အမြင့်ဆုံး ဖြစ်သည်။ ထို့အပြင် ဤတောင်သည် ဂျပန်နိုင်ငံ၏ ထင်ရှားသည့် တောင် ၁၀၀ စာရင်းနှင့် နဂနိုစီရင်စု၏ အထင်ရှားဆုံးတောင် ၁၀၀ စာရင်း (信州百名山) တွင်လည်း ပါဝင်သည်။[၅][၆] တောင်သည် ပိရမစ်ပုံစံတည်ရှိသဖြင့် "တိုဂခုရှီဖုဂျိ" ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ဤတောင်သည် အနီးအနားရှိ တိုဂခုရှိတောင်၊ အီးဇုနတောင်များနှင့်အတူ မြင့်မြတ်သည့်တောင်များအဖြစ် ဘာသာရေးယုံကြည်မှုများအရ သတ်မှတ်ထားခြင်း ခံခဲ့ရည်။ ဤတောင်များသည် ရှုဂန်းဒိုးနှင့် တန်းဒိုင်းကဲ့သို့သော ဘာသာရေးများနှင့် ဆက်စပ်မှုရှိသည်။ ဤတောင်များကို တက်ရောက်ရာလမ်းကြောင်းတွင် ဗုဒ္ဓရုပ်ပွားတော် ၁၃ ခု ရှိပြီး ထိုရုပ်ပွားတော်အမည်များသည် အိချိဖုဒို၊ ဂေါ့ဂျိဇို၊ ရှိချိခန်နွန်း ဟူ၍ အမည်များ ကြွင်းကျန်ရစ်သည်။[၇][၂]
အနီးအနားတွင် ဂျပန်ပင်လယ်ပြင် ရှိနေသည့်အတွက် ဆောင်းရာသီကာလတွင် နှင်းများသည် မကြာခဏထူထဲစွာ ကျဆင်းလေ့ရှိသည်။ [၈][၉][၁၀]
ရေဝေရလဲဒေသ
[ပြင်ဆင်ရန်]တောင်၏ အရှေ့မြောက်ဘက်မှ ရေများသည် ဟယောဆဝမြစ်အတွင်း၊ ထို့နောက်တွင် ဆဲခိမြစ်အတွင်းသို့စီးဝင်ကာ မယောခိုမြို့နှင့် ဂျောအဲဆွတ်မြို့များကို ဖြတ်သန်းပြီး ဂျပန်ပင်လယ်ပြင်သို့ စီးဝင်သွားသည်။ တောင်၏ တောင်ဘက်ရှိ ရေများသည် နဂနိုမြို့ကို ဖြတ်သန်းပြီးနောက် ဆုဆိုဘနမြစ်အတွင်းသို့ စီးဝင်သွားသည်။ ထိုမြစ်မှတဆင့် ဆအိမြစ်၊ နောက်ဆုံးတွင် ချိခုမမြစ်အတွင်း စီးဝင်သွားသည်။ ဤမြစ်အစဉ်အတန်းသည် ဂျပန်နိုင်ငံတွင် အရှည်ဆုံး ဖြစ်သည်။ ထို့နောက် နောက်ဆုံးတွင် နီးဂတမြို့တွင် ဂျပန်ပင်လယ်အတွင်းသို့ စီးဝင်သွားသည်။
တောင်တက်ခြင်း
[ပြင်ဆင်ရန်]ပင်မတောင်တက်လမ်းသည် ၈နာရီခွဲ မှ ၀ နာရီခွဲခန့် ကြာမြင့်သည်။ ဤတောင်တက်ကြာမြင့်ချိန်သည် ဂျပန်နိုင်ငံ၏ ထင်ရှားသည့် တောင် ၁၀၀ စာရင်းတွင် ပါဝင်သည့်တောင်များထဲတွင် အရှည်ကြာဆုံး ဖြစ်သည်။ တောင်တက်လမ်းသည် တိုဂခုရှိတောင်ခြေရှိ တိုဂခုရှိအခြေစိုက်စခန်း (၁၁၇၅ မီတာ) မှ စတင်သည်။ ထိုမှတဆင့် အိချိဖုဒိုအရေးပေါ်တဲငယ် (一不動避難小屋) (1747m) သို့ တက်ရောက်ရပြီး၊ ထို့နောက်တွင် ဂေါ့ဂျိဇိုးတောင်သို့ တက်ရသည့်လမ်းအတိုင်း သွားရသည်။ ထို့နောက်တွင် လမ်းသည် အနည်းငယ် နိမ့်ဆင်းလိုက် မြင့်တက်လိုက်ဖြစ်ကာ ရိုခု - မိရိုခု (六弥勒) (1975m), ရှိချိ - ယခုရှိ (七薬師)(1965m), ဟချိ - ခန်နွန်း (八観音) (2040m), ခယူး - ဆဲရှိ (九勢至) (2050m) စသည့်နေရာများသို့ ရောက်ရှိမည် ဖြစ်သည်။ ထို့နောက်တွင် မတ်စောက်သည့်လမ်းကို တက်သွားရပြီး တောင်ထိပ် (၂၃၅၃ မီတာ) သို့ ရောက်ရှိသည်။ နောက်ဆုံးတက်ရသည့် ၁၅၀ မီတာစာ အကွာအဝေးသည် နက်စောက်သည့်ကျောက်တုံးလမ်းများနှင့် ချိန်းကြိုးများကို ဆွဲခိုကာ တက်ရသည့်လမ်းဖြစ်သည်။[၁၁]
တောင်၏ တည်နေရာမှာ တိုဂခုရှိတောင်တန်များတောင်တက်လမ်း၏ ကျောဘက်တွင် တည်ရှိနေသဖြင့် တောင်တက်ရာတွင် တစ်ညအိပ်ရန် လိုအပ်ပေသည်။ ထို့အပြင် ကျောက်ဆောင်များထူထဲပြီး ချိန်းကြိုးများကို ဆွဲခိုကာ တက်ရသည့် ခက်ခဲသောလမ်းပိုင်းများလည်း ပါဝင်သည်။ ထိုသို့ ခက်ခဲသည့်လမ်းဖြစ်သော်လည်း တောက်တက်လမ်းတစ်လျှောက်တွင် လိုအပ်သည့်အထောက်အပံ့ပစ္စည်းများ မရှိပေ။ တောင်တက်သူများသည် မနက်စောစော သို့မဟုတ် တစ်ခါတရံတွင် နေမထွက်မီကပင် တောက်တက်ကြသည်။[၁၂][၁၃]
အခြားသော ရွေးချယ်စရာတောင်တက်လမမ်းတစ်ခုမှာ လမ်းအသစ်ဖြစ်သည့် မိရိုခုတောင်တက်လမ်း (弥勒尾根新道), ဖြစ်သည်။ ဤလမ်သည် တိုဂခုရှိအခြေစိုက်စခန်းမှ စတင်ပြီး ဂေါ့ဂျိဇိုးတောင်ရှိ ရိုခု - မိရိုခု (၁၉၇၅ မီတာ) သို့ တက်ရောက်ရသည်။ မိရိုခုလမ်ကြောင်းသည် အန္တရာယ်ရှိသည့်ကျောက်တုံးလမ်းကြောင်းများ နည်းပါးပြီး အဓိကတောင်တက်လမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက ခရီးတိုသည်။[၁၄] သို့သော်လည်း နက်စောက်သည့် နေရာများ၊ တစ်ခါတရံ ရွှံ့နွံများဖြင့် ရှိနေသည့် လမ်းပိုင်းများနှင့် ကြိုးဖြင့် တွဲခိုကာ တက်ရောက်ရသည့်နေရာများလည်း ရှိသေးသည်။[၁၅]
ဒုတိယမြောက်အနေဖြင့် ရွေးချယ်နိုင်သည့်လမ်ကြောင်းမှာ တိုဂခုရှိနတ်ကျောင်းမှ စတင်ပြီး တိုဂခုရှိတောင်သို့ ပထဆုံးတက်ရောက်ရသည့် လမ်းကြောင်းဖြစ်သည်။ ထို့နောက်တွင် အိုချိဖုဒိုအရေးပေါ်တဲငယ်သို့ ဆင်းသွားရပြီး ထိုမှတဆင့် တက်ရောက်ရသည့်လမ်း ဖြစ်သည်။ ဤလမ်းကြောင်းသည် ပိုမို၍ ရှည်လျားသည်။ ဤလမ်းကြောင်းသည် ပိုမို၍ ခက်ခဲပြီး အန္တရာယ်များသည့် အပိုင်းများလည်း ရှိသည်။ ဤတောင်သို့ တက်ရောက်ရန် နီးဂတစီရင်စုဘက်ခမ်းမျ တောင်တက်လမ်း မရှိပေ။ တောင်ပေါ်တွင် နှင်းလျှောစီးနိုင်သည့် အပန်းဖြေနေရာ မရှိပေ။ သို့သော်လည်း ကျွမ်းကျင်သည့် နှင်းလျှောစီးသူများမှာမူ ဆောင်းရာသီတွင် တောင်တက်ပြီး တခဆွတ်မတောင်ပေါ်တွင် နှင်းလျှောစီးကြသည်လည်း ရှိသည်။[၁၆][၁၇][၁၈]
ရုပ်ပုံများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- 1 2 Mt. Takatsuma (in English)။ PeakVisor။ September 23, 2022 တွင် ပြန်စစ်ပြီး။
- 1 2 高妻山. (Mount Takatsuma) |accessed Sept 24 2022
- ↑ Mt. Takatsuma |accessed Sept 12 2022
- ↑ Myoko-Togakushi Renzan National Park |accessed Sept 24 2022
- ↑ Fukada, Kyūya (1964). One Hundred Mountains of Japan. Translated by Hood, Martin. University of Hawaiʻi Press. ISBN 9780824847524
- ↑ 信州百名山. (Shinshu 100 Meizan) 27 November 2024 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .|accessed Sept 24 2022
- ↑ 高妻山 -戸隠連峰の最高峰・日本百名山-. (Mount Takatsuma: Highest in the Togakushi Mountains) |accessed Sept 24 2022
- ↑ Myoko-Togakushi renzan National Park: Highlights . Retrieved on 2022-09-24. (in ဂျပန်)
- ↑ 高妻山 (Mount Takatsuma) Kotobank_92647. . The Asahi Shimbun. Retrieved on 2022-09-24. (in ဂျပန်)
- ↑ 高妻山 (Mount Takatsuma. . Ministry of Agriculture, Forestry and Fisheries (Japan). Retrieved on 2022-09-24. (in ဂျပန်)
- ↑ 高妻山~コテンパンにされた軟弱者(長野県)~ (Mt.Takatsuma: Weak people made stiff, Nagano Prefecture), 好日山荘 (Kojitsusanso).|accessed Sep 23 2022. (in ဂျပန်)
- ↑ Nagano Trail Guide by Grade. Nagano Prefecture Comprehensive Mountaineering Center. Retrieved on 2022-09-24.
- ↑ 日本百名山の一つ高妻山に登りました!!~ (I climbed the 100 Famous Mountains Mt Takatsuma), 長野県魅力発信ブログ(Nagano Prefecture's Blog). Retrieved on 2022-09-23. (in ဂျပန်)
- ↑ 高妻山・弥勒尾根新道について (About the new Miroku Ridge Train to Mount Takatsuma) 24 September 2022 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Nagano City Tourism Office|accessed Sept 24 2022
- ↑ 冬山情報(高妻山)(Mount Takatsuma Winter Mountain Information) (Niigata Prefectural Police)|accessed Sept 24 2022
- ↑ 高妻山 (Mount Takatsuma). . Retrieved on 2022-09-24. (in ဂျပန်)
- ↑ 360°の大展望!五地蔵山~乙妻山のラウンド縦走 (360° great view! Traverse from Mt. Gojizo to Mt. Ototsuma). . Retrieved on 2022-09-24. (in ဂျပန်)
- ↑ 高妻山バックカントリースキー!!(生還篇) (Mount Takatsuma Backcountry Ski Survival. . Retrieved on 2022-09-24. (in ဂျပန်)






