မာတိကာသို့ ခုန်သွားရန်

တခဆွတ်ခိရှိဘူတာ

ဝီကီပီးဒီးယား မှ
တခဆွတ်ခိရှိဘူတာ

高槻市駅
မြောက်ဘက်ထွက်ပေါက်၊ ၂၀၀၈ ခုနှးစ်
တည်နေရာ2-1 Jōhoku-chō, Takatsuki-shi, Osaka-fu 569-0071
Japan
ကိုဩဒိနိတ်34°51′00″N 135°37′23″E / 34.849875°N 135.623112°E / 34.849875; 135.623112ကိုဩဒိနိတ်: 34°51′00″N 135°37′23″E / 34.849875°N 135.623112°E / 34.849875; 135.623112
စီမံခန့်ခွဲသူ Hankyu Railway.
ရထားလိုင်း(များ) Hankyu Kyoto Line
အကွာအဝေး၂၀.၆ km (၁၂.၈ mi) from Jūsō
ပလက်ဖောင်းများ2 island platforms
ရထားစင်္ကြံ4
အခြား အချက်အလက်များ
အခြေအနေStaffed
ဘူတာရုံ ကုဒ်HK-72
ဝဘ်ဆိုဒ်တရားဝင် ဝက်ဘ်ဆိုက်တ်
သမိုင်းကြောင်း
ဖွင့်ခဲ့ဇန်နဝါရီ ၁၆၊ ၁၉၂၈ (၁၉၂၈-၀၁-၁၆)
ယခင်အမည်များTakatsuki-machi (until 1943)
Traffic
ခရီးသည် (FY2019)64,875 daily
တည်နေရာ
Lua error in မော်ဂျူး:Location_map at line 522: တည်နေရာပြမြေပုံ သတ်မှတ်ချက်အား မတွေ့ရှိပါ: "Module:Location map/data/Japan Osaka Prefecture" သည် မတည်ရှိနေပါ.

တခဆွတ်ခိ - ရှိဘူတာ (高槻市駅 တခဆွတ်ခိ- ရှိ - အဲခိ ) သည် ဂျပန်နိုင်ငံအိုဆာကာစီရင်စုတခဆွတ်ခိမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ဘူတာအမှတ်စဉ် HK-72 ဖြစ်သည်။ ဟန်းခယူးမီးရထားကုမ္ပဏီက စီမံဆောင်ရွက်လျက်ရှိသည်။ ဤဘူတာသည် JR ကျိုတိုမီးရထားလိုင်းပေါ်တွင်ရှိသည့် အဓိကကျသည့် ဘူတာများထဲမှ တစ်ခုလည်း ဖြစ်သည်။

ရထားလိုင်းများ

[ပြင်ဆင်ရန်]

တခဆွတ်ခိရှိဘူတာသည် ဟန်းခယူးကျိုတိုမီးရထားလိုင်းအတွက် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ခရီးဆုံး ဂျူးဆိုးဘူတာမှ ၂၀.၆ ကီလိုမီတာ၊ အိုဆာကာအုမဲဒဘူတာမှ ၂၃.၀ ကီလိုမီတာ ကွာဝေးသည်။ အရေးပါသည့် ဘူတာတစ်ခုဖြစ်သည့်အတွက် ဤဘူတာကို ဖြတ်သန်းပြေးဆွဲသည့် ရထားလိုင်းများပေါ်ရှိ ရထားအားလုံးသည် ဤဘူတာတွင် ရပ်တန့်ကြသည်။ ဆခအိဆုဂျိရထားလိုင်းသည် တခဆွတ်ခိဘူတာတွင် ခရီးအဆုံးသတ်သည်။

ဘူတာပုံစံ

[ပြင်ဆင်ရန်]

ဘူတာရုံအဆောက်အဦသည် အထပ်သုံးထပ်ပါဝင်သည်။

  • ပထမထပ် (မြေညီထပ်) - မင်းဟန်းခယူးတခဆွတ်ခိဈေးဝယ်စင်တာ
  • ဒုတိယထပ် - ဘူတာအဆောက်အဦ (လက်မှတ်ဂိတ်များ၊ ရုံးခန်းများ) နှင့် မင်းဟန်းခယူးတခဆွတ်ခိဈေးဝယ်စင်တာ
  • တတိယထပ် - ပလက်ဖောင်းနှင့် ရထားလမ်းများ

ဘူတာတွင် ပလက်ဖောင်းနှစ်ခု ပါဝင်သည်။ ပလက်ဖောင်းတစ်ခုချင်းစီတွင် ရထားလမ်ကြောင်းနှစ်ခုကို စီးနင်းနိုင်သည်။[]

ပလက်ဖောင်းများ

[ပြင်ဆင်ရန်]
1, 2  ကျိုတိုရထားလိုင်း သို့ - ကျိုတိုခဝရမချိ အရရှိယာမ
3, 4  ကျိုတိုရထားလိုင်း သို့ အိုဆာကာအုမဲဒဘူတာ၊ ဂန်းဂချယဘူတာ၊ ခိတဆန်းရိဘူတာ၊ ခိုးဘဲဆန်းနိုမိယဘူတာ၊ တခရဇုခဘူတာ (ဟန်းခယူး)

ကပ်လျက်ဘူတာများ

[ပြင်ဆင်ရန်]
« Service »
Kyoto Line
Tonda   Local   Kammaki
Ibaraki-shi   Semi-Express   Kammaki
Ibaraki-shi   Express   Nagaoka-Tenjin
Ibaraki-shi   Semi limited Express   Nagaoka-Tenjin
Ibaraki-shi   Limited Express   Nagaoka-Tenjin
Ibaraki-shi   Commuter Limited Express   Nagaoka-Tenjin
Rapid Limited Express "Kyo-Train", "Sagano", "Atago", "Togetsu", "Hozu": ဤဘူတာတွင် မရပ်ပါ

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဘူတာကို ၁၉၂၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရှင်းခဲအိဟန်ရထားလိုင်း၏ ခရီးဆုံးဘူတာအဖြစ် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလတွင် ရထားလိုင်းကို ကျိုတိုမြို့အထိ တိုးချဲ့ခဲ့သည်။ ဘူတာ၏ မူလအမည်မှာ "တခဆွတ်ခိမချိဘူတာ" (高槻町駅) ဖြစ်သည်။ ၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် လက်ရှိအမည်သို့ ပြောင်းလဲခဲ့သည်။

၁၉၉၄ ခုနှစ်တွင် အထပ်မြင့်ဘူတာရုံအဆောက်အဦဖြင့် မြေပြင်ညီဘူတာရုံအဆောက်အဦနေရာတွင် အစားထိုးခဲ့သည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဟန်းခယူးရထားဘူတာများအားလုံးကို ဘူတာအမှတ်စဉ် သတ်မှတ်ခဲ့သည်။ ဤဘူတာသည် အမှတ်စဉ် HK-72 ဖြစ်သည်။

ခရီးသည်အရေအတွက်

[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ် အချက်အလက်အရ ဘူတာကို နေ့စဉ်အသုံးပြုသည့် ပျမ်းမျှလူဦးရေသည် ၆၄,၈၇၅ ဦး ရှိခဲ့သည်။

ပတ်ဝန်းကျင်နေရာများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

Wikimedia Commons ရှိ တခဆွတ်ခိရှိဘူတာ နှင့်ပတ်သက်သော မီဒီယာများ

ကိုးကား

[ပြင်ဆင်ရန်]