မာတိကာသို့ ခုန်သွားရန်

တခခုမတောင်

ဝီကီပီးဒီးယား မှ
တခခုမတောင် (高熊山)
ချောဇုခတောင် (丁塚山)
The Cave of Onisaburo Deguchi on Mount Takakuma
အမြင့်ဆုံးအမှတ်
အမြင့်၃၅၇ m (၁,၁၇၁ ft)[၁]
ကိုဩဒိနိတ်35°0′22″N 135°31′47″E / 35.00611°N 135.52972°E / 35.00611; 135.52972ကိုဩဒိနိတ်: 35°0′22″N 135°31′47″E / 35.00611°N 135.52972°E / 35.00611; 135.52972
ပထဝီဝင်
တည်နေရာKameoka, Kyoto Prefecture, Japan
တောင်တက်ခြင်း
အလွယ်ဆုံး တောင်တက်လမ်းHiking
View towards Mount Takakuma from Anao village, Kameoka

တခခုမတောင် (高熊山, Takakuma-yama) သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စု၊ ခမဲအိုခမြို့၊ အနအိုရွာ (穴太) တွင် တည်ရှိသည့် အထွတ်အမြတ်ထားရာတောင်ခု ဖြစ်သည်။[၂] ဂျပန်ဘာသာစကားဖြင့် "တခခုမယာမ" ဟု အသံထွက်ပြီး "မြင့်မားသည့် ဝက်ဝံတောင်" ဟု အဓိပ္ပါယ်ရှိသည်။ ဤတောင်သည် ချောဇုခတောင်နှင့် အိုခုတောင်အကြားတွင် တည်ရှိသည်။[၃]

ဘာသာရေးဆိုင်ရာနယ်မြေ

[ပြင်ဆင်ရန်]
Gama-iwa ガマ岩 ("Toad Rock 蟇岩"), a sacred rock formation located to the right of the Cave of Onisaburo Deguchi. The rock is mentioned in the Reikai Monogatari.

တခခုမသည် အိုးမိုတိုဘာသာ၏ အထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်သည်။[၄] အိုးမိုတိုဘာသာကို တွဲဖက်တည်ထောင်သူ အနိဆဘုရိုဒဲဂုချိ သည် ၁၈၉၈ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ဤတောင်တွင် တစ်ပတ်ကြာ ကျင့်စဉ်ကျင့်ပြီး ဘုရားသခင်နှင့်ဆက်သွယ်မှုများ ပြုလုပ်နိုင်ခဲ့သည်။[၃][၅][၆][၇] ဒဲဂုချိ၏ တောင်ပေါ်တွင် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို "ရဲခိုင်မိုနိုဂတရိ" (reikai monogatari) ၏ ပထမဆုံးအခန်းတွင် ဖော်ပြထားသည်။ သုံးလကြာပြီးနောက်တွင် ဒဲဂုချိသည် တောင်သို့တဖန်ပြန်လာကာ နှစ်ပတ်ကြာ ခြိုးခြံသည့်အကျင့်ကို ကျင့်ခဲ့သည်။ ထိုအကြောင်းကို အခန်း ၃၇ တွင် ဖော်ပြထားသည်။ ၁၉၀၂ ခုနှစ် နွေရာသီအစောပိုင်းကာလတွင် သူသည် တောင်သို့ တတိယအကြိမ် ပြန်လာကာ ကျင့်စဉ်များကို ကျင့်ခဲ့သည်။ မိုတိုဘာသာကို သက်ဝင်ယုံကြည်ကြသူများသည် ဒဲဂုချိသည် ဘုရားသခင်နှင့်ဆက်သွယ်နိုင်ခဲ့သည်ဟု ဆိုကြသည့် တောင်ရှိဂူနေရာသို့ လာရောက်ကာ ပုံမှန်စုဝေးမှုများ ပြုလုပ်ကြသည်။[၈][၉][၁၀]

လာရောက်ဂါရဝပြုကြသူများသည် ရာသီပွဲတော်ကြီးများ (大祭, taisai) ကျင်းပသည့် လေးလကြာကာလမှလွဲ၍ လစဉ် ၁၂ ရက်နေ့တိုင်း စုဝေးကြသည်။[၁၁]

ဂမအိဝ (Gama-iwa ガマ岩) သည် အထွတ်အမြတ်ထားရာ ကျောက်ဆောင်တစ်ခု ဖြစ်သည်။ အိုနိဆဘုရိုဒဲဂုချိဂူ၏ မြောက်ဘက်နားတွင် တည်ရှိသည်။ ဤကျောက်တောင်အကြောင်းကိုလည်း ရဲခိုင်မိုနိုဂတရိစာအုပ်၏ စာအုပ်အမှတ်-၁၊ အခန်း ၁၄ နှင့် စာအုပ်အမှတ် ၇၊ အခန်း ၅၀ တို့တွင် ဖော်ပြထားသည်။[၁၂]

သွားရောက်နိုင်မှု

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ 丁塚山‬။ 2025-01-28 တွင် ပြန်စစ်ပြီး။
  2. ↑ 丁塚山(京都) (in ja)။ 2025-01-29 တွင် ပြန်စစ်ပြီး။
  3. 1 2 穴太の里絵図 (in ja)။ 2025-01-30 တွင် ပြန်စစ်ပြီး။
  4. ↑ 高熊山|オニペディア (in ja)။ 2025-05-07 တွင် ပြန်စစ်ပြီး။
  5. ↑ 霊場(霊山・霊地) (in ja) (2020-08-17)။ 2025-01-28 တွင် ပြန်စစ်ပြီး။
  6. ↑ Roberts၊ Bill (2010-05-20)။ Frequently Asked Questions About Oomoto။ 2025-01-28 တွင် ပြန်စစ်ပြီး။
  7. ↑ 高熊山|オニペディア (in ja)။ 2025-01-29 တွင် ပြန်စစ်ပြီး။
  8. ↑ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named "RM-en".
  9. ↑ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named "RM-ja".
  10. ↑ 高熊山修業|オニペディア (in ja)။ 2025-05-07 တွင် ပြန်စစ်ပြီး။
  11. ↑ "Takakumayama 高熊山" (PDF)။ Oomoto Iroha 大本いろは (ဂျပန်ဘာသာစကားဖြင့်)။ Vol. 45။ 2025-01-30 တွင် ပြန်စစ်ပြီး။
  12. ↑ 蟇岩|オニペディア (in ja)။ 2025-05-07 တွင် ပြန်စစ်ပြီး။