တက်သံကျသံဘာသာစကား
တက်သံကျသံဘာသာစကား
[ပြင်ဆင်ရန်]မြန်မာဘာသာစကားသည် အသံအတက်အကျ ကွဲပြားပုံနှင့် စကားတစ်လုံးနှင့်တစ်လုံး အဓိပ္ပာယ်ကွဲပြားသွားသည်။ တက်သံ(၃)မျိုးရှိသည်။ ၎င်းတို့မှာ_
- အမြစ်သံ(အသံနိမ့်သံ)
- သံပြေ
- အမြင့်သက်သံ တို့ဖြစ်သည်။
အမြစ်သံဆိုသည်မှာ အောက်မြစ် ( -့ ) ပါသောအသံဖြစ်သည်။ အချို့စာလုံးများသည် အောက်မြစ်မထည့်ထားသော်လည်း အောက်မြစ်ပါသော အသံတို့နှင့် အတိုအရှည်အနေအထားတူ၍ အမြစ်သံဟုယူသည်။ အမြစ်သံကို အနိမ့်သက်သံဟုလည်း ခေါ်သည်။ သံပြေသည် ဝိသဇ္ဇနီမပါသောအသံဖြစ်၍ အမြင့်သက်သံသည် ဝိဇ္ဇနီပါသောအသံဖြစ်သည်။ မြန်မာစကားကို စကားလုံးဖွဲ့စည်းပုံအရ ခွဲခြားကြည့်ပါက
- ဗျည်း + သရဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော စကားလုံး
- ဗျည်းမပါဘဲ သရသက်သက်ဖြင့် ဖွဲစည်းထားသော စကားလုံး ဟူ၍ ( ၂ )မျိုးတွေ့ရသည်။
ဗျည်း+သရ ဖြင့် ဖွဲ့စည်းထားသောစကားလုံး
[ပြင်ဆင်ရန်]
| စကားလုံ;များ | ဗျည်း | သရ | အသံအမျိုးအစား |
|---|---|---|---|
| လ | လ် | အ | အနိမ့်သက်သံ |
| လာ | လ် | အာ | သံပြေ |
| လား | လား | အား | အမြင့်သက်သံ |
အထက်ပါသာဓကများတွင် စကားလုံးများသ် အသံအတက်အကျသုံးမျိုးရှိသည်။ ထိုအသံအတက်အကျကိုလိုက်၍ အနက်အဓိပ္ပာယ်သည်လည်း ပြောင်းလည်းမှုရှိသည်။
| ဗျည်း | အနက်အဓိပ္ပာယ် |
| လ | ဗျည်းသုံးဆယ့်သုံးလုံးတွင် နှစ်ဆယ့်ရှစ်လုံးမြောက်ဗျည်း။ |
| ကမ္ဘာကိုလှည့်ပတ်နေ၍ နေမှအလင်းကို ကမ္ဘာမြေသို့ ရောင်ပြန်ဟပ်ပေး သဘာဝဂြိုဟ်ကြီး။ | |
| လာ | တစ်ပါးသောအရပ်မှ မိမိနေရာသို့ ဦးတည်ရွေ့လျားသည်။ |
| လား | ဦးတည်သွားသည်။ |
| မြည်းထီးနှင့်မြင့်းမတို့စပ်၍ ပေါက်ဖွားသော မြင်းနှင့်တူသည့် သတ္တဝါ |
ဗျည်းမပါဘဲ သရသက်သက်ဖြင့် ဖွဲစည်းထားသော စကားလုံး
[ပြင်ဆင်ရန်]| သရ | သရ |
|---|---|
| အောင့် | အနိမ့်သက်သံ |
| အောင် | သံပြေ |
| အောင်း | အမြင့်သက်သံ |
အထက်ပါသာဓကတွင် အောင့်၊ အောင်၊ အောင်း စကားလုံးသုံးခုသည် အသံအတက်အကျ မတူညီသကဲ့သို့ အနက်အဓိပ္ပာယ်သည်လည်း ပြောင်းလဲသွားသည်။ ထို့ကြောင့် မြန်မာဘာသာစကားကိုတက်ကျသံဘာသာစကားဟု သက်မှတ်သည်။
ကိုးကား
[ပြင်ဆင်ရန်]Language Commission[လင့်ခ်သေ]
1002 - Aspects of Myanmar 25 June 2022 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
1002 - မြန်မာရေးရာ[လင့်ခ်သေ]