တက်ခ်တိုင်ဘာဟီ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
တက်ခ်တိုင်ဘာဟီရှိ ဗုဒ္ဓဘာသာဆိုင်ရာ အပျက်အစီးများနှင့် အနီးအနား ဆာရိုင်းဘာလိုးရှိ မြို့ဟောင်းအပျက်အစီးများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တက်ခ်တိုင်ဘာဟီရှိ ဗုဒ္ဓဘာသာ အပျက်အစီးများကို တောင်ကုန်းပေါ်မှ မြင်ရပုံ
တည်ရှိသည့် နိုင်ငံ  ပါကစ္စတန်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iv
ကိုးကား ၁၄၀
ဒေသ** အာရှ-ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၀  (စတုတ္ထအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

တက်ခ်တိုင်ဘာဟီ သည် အင်ဒို-ပါသီယန် ရှေးဟောင်းသုတေသန နေရာတစ်ခု ဖြစ်ပြီး ပါကစ္စတန်နိုင်ငံ ခိုင်ဘာ-ပက်ထွန်ဟွ ခရိုင် မာဒန်မြို့အနီး ၁၅ ကီလိုမီတာ အကွာတွင် ရှိသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ခု ဖြစ်သည်။ ထိုနေရာသည် ဂန္ဓာရတိုင်း ခေတ်မှ ရင်သပ်ရှုမော အံ့ဩဖွယ်ရာ ဗုဒ္ဓဘာသာ ဆိုင်ရာ အမွေအနှစ် တစ်ခု ဖြစ်ပြီး[၁] အလွန်ပင် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသော နေရာတစ်ခုလည်း ဖြစ်သည်။[၁]

ထိုဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို အေဒီ ၁ ရာစုတွင် တည်ထောင်ခဲ့ပြီး [၂] အေဒီ ၇ ရာစု အထိ အသုံးပြုခဲ့ကြသည်။ [၁] ထို အဆောက်အဦးများသည် ထိုခေတ်အခါက ဗုဒ္ဓဘာသာဆိုင်ရာ ဘုန်းကြီးကျောင်းများ၏ ဗိသုကာပညာကို ကိုယ်စားပြု ဖော်ပြနေသည်ဟု ရှေးဟောင်း သုတေသန ပညာရှင်များက ယူဆကြသည်။ ၁၉၈၀ ပြည့်နှစ်တွင် တက်ခ်တိုင်ဘာဟီအား ယူနက်စကို ကကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။[၂][၃]

တက်ခ်တိုင်ဘာဟီကို ဒေသခံများက စမ်းရေများ၏ ပလ္လင် ဟု၎င်း၊ ညီအစ်ကိုများ၏ ပလ္လင်ဟု၎င်း ခေါ်ဝေါ်ကြသည်။ အဓိပ္ပါယ်မှာ အနီးအနားရှိ တောင်ကုန်းထိပ်ပေါ်တွင် ရေတွင်းနှစ်တွင်း သို့မဟုတ် စမ်းရေအိုင် ရှိသည်ကို အစွဲပြု၍ ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ တက်ခ်တိုင်ဘာဟီသည် ရှေးဟောင်း ခံတပ်မြို့ဖြစ်ပြီး ပတ်ဝန်းကျင်ဧရိယာ၌ ကြံ၊ ဂျုံ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးခြံများကြောင့်လည်း လူသိများ ထင်ရှားကျော်ကြားသည်။


တက်ခ်တိုင်ဘာဟီကို ဒေသခံများက စမ်းရေများ၏ ပလ္လင် ဟု၎င်း၊ ညီအစ်ကိုများ၏ ပလ္လင်ဟု၎င်း ခေါ်ဝေါ်ကြသည်။ အဓိပ္ပါယ်မှာ အနီးအနားရှိ တောင်ကုန်းထိပ်ပေါ်တွင် ရေတွင်းနှစ်တွင်း သို့မဟုတ် စမ်းရေအိုင် ရှိသည်ကို အစွဲပြု၍ ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ တက်ခ်တိုင်ဘာဟီသည် ရှေးဟောင်း ခံတပ်မြို့ဖြစ်ပြီး ပတ်ဝန်းကျင်ဧရိယာ၌ ကြံ၊ ဂျုံ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးခြံများကြောင့်လည်း လူသိများ ထင်ရှားကျော်ကြားသည်။


တက်ခ်တိုင်ဘာဟီ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် အဓိကနေရာကြီး လေးခုရှိပြီး အလယ်ဗဟို၌ ပင်မစေတီကြီး တည်ရှိကာ ဘေးပတ်လည်တွင် အရန်စေတီငယ်လေးများက ဝိုင်းရံထားသည်။ ဘေးပတ်လည် ဝင်းအတွင်း၌ ဘုန်းတော်ကြီးများ၏ ဝတ်ပြုရာခန်းမနှင့် ဆွမ်းစားခန်းတစ်ခု ပါရှိသည်။ ထို့ပြင် တရားထိုင်သည့် မှောင်၍ ကျဉ်းသောအခန်းများလည်း ပါရှိသည်။ နောင်တွင် နားနေခန်းများ၊ အစည်းအဝေးခန်းများကို ထပ်မံဆောက်လုပ်ခဲ့ကြသည်။ အဆောက်အအုံတစ်ခုလုံးကို ဒေသထွက်ကျောက်တုံးများကို ထုံးနှင့် ရွှံ့များရောကြိတ်၍ တည်ဆောက်ထားသည်။

ရှေးဟောင်းသုတေသန ပညာရှင်များ၏ လေ့လာမှုအရ တက်ခ်တိုင်ဘာဟီ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို အေဒီ ၁- ရာစု ဂွန်ဒိုဖာရက်စ်ဘုရင် (အေဒီ ၂၀-၄၆) လက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်စာအရ သိရသည်။ ဂွန်ဒိုဖာရက်စ်ဘုရင်နောက် ဆက်ခံသော ကူဂျူလာ ကတ်ဖီဆီးစ်လက်ထက်တွင် မှေးမှိန်ခဲ့ပြီး ကူရှန်ခေတ် အေဒီ ၂ ရာစု ကနီရှာကာဘုရင်လက်ထက်အထိ ဖြစ်သည်။ ထို့နောက် အေဒီ ၃ ရာစုနှင့် ၄ ရာစုတွင် ဒုတိယအကြိမ် ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး တတိယအကြိမ်အဖြစ် အေဒီ ၄ ရာစုနှင့် ၅ ရာစု၌ ကူရှန်မင်းဆက် ကီဒါရာ ကူရှနာဘုရင် လက်ထက်တွင် ထပ်မံပြုပြင်ခဲ့သည်။ နောက်ဆုံးအကြိမ်အဖြစ် ဟွန်လူမျိုးတို့ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် အေဒီ ၆ ရာစုနှင့် ၇ ရာစုအထိ ဖျက်ဆီးခြင်း မခံရဘဲ ထိန်းသိမ်းစောင့်ရှောက် နိုင်ခဲ့ကြသဖြင့် အသုံးပြုခဲ့ကြသည်။ သို့သော် အေဒီ ၇-ရာစုနှောင်းပိုင်းတွင်မူ ထိန်းသိမ်းစောင့်ရှောက်မည့်သူများ မရှိကြတော့သဖြင့် တဖြည်းဖြည်း ပျက်စီးယိုယွင်း လာခဲ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ UNESCO Descrtiption
  2. ၂.၀ ၂.၁ Takht-i-Bahi, UNESCO Office, Islamabad, Pakistan, 2002
  3. Khaliq၊ Fazal (1 June 2015)။ Takht-i-Bhai: A Buddhist monastery in Mardan။ 8 November 2015 တွင် ပြန်စစ်ပြီး။