တက္ကသီလာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
တက္ကသီလာ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တက္ကသီလာမှ ဒင်္ဂါးပြားတစ်ပြား
တည်ရှိသည့် နိုင်ငံ  ပါကစ္စတန်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii,vi
ကိုးကား ၁၃၉
ဒေသ** အာရှ-ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၀  (စတုတ္ထအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကို မှခွဲခြားသတ်မှတ်ထားသောဒေသ

တက္ကသီလာသည် ယခု ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် တည်ရှိသော ရှေးဟောင်းမြို့တော်တစ်ခု ဖြစ်သည်။ ၎င်းသည် အရေးပါသော ရှေးဟောင်းသုတေသနနယ်မြေ တစ်ခု ဖြစ်ပြီး ယူနက်စကိုမှ ၁၉၈၀ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ကြေငြာခဲ့သည်။ [၁] ၎င်း၏ အပျက်အစီးများသည် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ရာဝါပင်ဒီ၏ အနောက်မြောက်ဘက် ၂၂ မိုင် (၃၅ မိုင်) ခန့်အကွာ ယနေ့ တက္ကသီလာမြို့ အနီးတွင် တည်ရှိသည်။

တက္ကသီလာသည် အိန္ဒိယတိုက်နှင့် အလယ်အာရှတို့ ၏ ဆုံချက် လမ်းဆုံ နေရာတွင် တည်ရှိသည်။ မြို့တော် အဖြစ်တည်ရှိခဲ့သည်မှာ ဘီစီ ၁၀၀၀ ခန့်မှ စတင်သည်။ တက္ကသီလာရှိ အချို့သော အပျက်အစီးများသည် ဘီစီ ၆ရာစု အာချေမနစ် အင်ပိုင်ယာ တည်ရှိသည့် အချိန်ကို ဖော်ပြနေပြီး ဆက်တိုက်ဆိုသလိုပင် မာရူယန်၊ အင်ဒို-ဂရိ၊ အင်ဒို-ဆင်သီယန် နှင့် ကူရှန်ခေတ်များကို ဖော်ပြနေသည်။ မဟာဗျူဟာမြောက်သော နေရာတွင် တည်ရှိသဖြင့် ရာစုနှစ်များစွာ အတွင်း တက္ကသီလာသည် တစ်လက်မှ တစ်လက်သို့ ပြောင်းလဲခဲ့ပြီး အင်ပိုင်ယာ မြောက်များစွာက ထိန်းချုပ်ရန် အပြင်းအထန် ကြိုးစားခဲ့ကြသည်။ ရှေးခေတ် ထိုဒေသများကို ဆက်သွယ်သော မဟာကုန်သွယ်ရေးလမ်းကြောင်းကြီး အရေးမပါတောသည့် အခါတွင် မြို့တော်သည် အရေးမပါသော အဖြစ်သို့ ရောက်ရှိသွားပြီး ခြေသလုံးအိမ်တိုင် ဟူနပ်စ်လူမျိုးတို့၏ ဖျက်ဆီးမှုကို ခံခဲ့ရသည်။ ရှေးဟောင်းသုတေသန ပညာရှင် အလက်ဇန္ဒား ကာနင်ဟမ်မှ တက္ကသီလာ၏ အပျက်အစီးများကို ၁၉ ရာစု အလယ်ပိုင်းတွင် ပြန်လည် ရှာဖွေ တွေ့ရှိခဲ့သည်။

တက္ကသီလာသည် ပညာသင်ကြားရာ ဗဟိုဌာန တစ်ခု ဖြစ်ခဲ့ပြီး အချို့မှ ကမ္ဘာ့အစောဆုံး တက္ကသိုလ် အဖြစ် သတ်မှတ်ကြသည်။ [၂][၃][၄] အချို့ကမူ ယနေ့ခေတ် တက္ကသိုလ်များ နှင့် နှိုင်းယှဉ်၍ တက္ကသီလာအား တက္ကသိုလ် အဖြစ် မသတ်မှတ်ကြပေ။ အိန္ဒိယ အရှေ့ပိုင်းတွင် ၎င်း၏ နောက်မှ ပေါ်ပေါက်လာသော နာလန္ဒတက္ကသိုလ်နှင့် နှိုင်းယှဉ်၍ ကြည့်ပါက တက္ကသီလာတွင် တွင် နေထိုင်ကြသော ဆရာများမှာ ကောလိပ်တစ်ခု၏ အဖွဲ့ဝင်များ မဟုတ်ကြခြင်း နှင့် စာသင်ကြားရန် သီးသန့်တည်ဆောက်ထားသော စာသင်ခန်းမ နှင့် လူနေထိုင်ရာ အဆောင်များ မရှိခြင်း တို့ကြောင့် ဖြစ်သည်။ [၅][၆]

၂၀၀၆ ခုနှစ်တွင် ဂါးဒီးယန်း သတင်းစာမှ တက္ကသီလာအား ပါကစ္စတန်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လည်ပတ်နေရာ များတွင် ပထမ အဖြစ် သတ်မှတ် ဖော်ပြခဲ့သည်။ .[၇] ၂၀၁၀ ခုနှစ် ကမ္ဘာ့အမွေအနှစ် ရန်ပုံငွေ အဖွဲ့၏ အစီရင်ခံစာ အရ တကမ္ဘာလုံးရှိ ပြန်လည်အဖတ်ဆည်မရနိုင်အောင် ပျက်စီးဆုံးရှုံးလုဆဲ ဖြစ်သော နေရာ ၁၂ ခုတွင် တစ်ခု အဖြစ် ထည့်သွင်း သတ်မှတ်ခဲ့ပြီး လုံလောက်သော စီမံခန့်ခွဲမှု မရှိခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု၏ ဖိအားကို ခံရခြင်း၊ လုယက်ခံရခြင်း၊ စစ် နှင့် ပဋိပက္ခများအား အဓိက ခြိမ်းခြောက်မှု အဖြစ် ဖော်ပြခဲ့သည်။[၈]


ကိုးကား[ပြင်ဆင်ရန်]

  1. Taxila။ UNESCO။ 1 June 2017 တွင် ပြန်စစ်ပြီး။
  2. Kulke & Rothermund 2004: "In the early centuries the centre of Buddhist scholarship was the University of Taxila."
  3. Mookerji 1989, p. 478: "Thus the various centres of learning in different parts of the country became affiliated, as it were, to the educational centre, or the central university, of Taxila which exercised a kind of intellectual suzerainty over the wide world of letters in India."
  4. Mookerji 1989, p. 479: "This shows that Taxila was a seat not of elementary, but higher, education, of colleges or a university as distinguished from schools."
  5. "Nalanda" (2007). Encarta.
  6. "Nalanda" (2001). Columbia Encyclopedia.
  7. Windsor၊ Antonia။ "Out of the rubble"၊ The Guardian၊ 17 October 2006။ 24 May 2010 တွင် ပြန်စစ်ပြီး 
  8. Global Heritage Fund | GHF