ဌာန်၊ ကရိုဏ်း၊ ပယတ်
အက္ခရာတို့၏ ဖြစ်ရာအရပ်ကို ဌာန်ဟုခေါ်ဆိုသည်။ အက္ခရာများ ဖြစ်ပေါ်ခြင်း၏ အကြောင်းကို ကရိုဏ်းဟု ခေါ်ဆိုသည်။ အက္ခရာများ ဖြစ်ပေါ်လာအောင် အားထုတ်မှုကို ပယတ် ဟု ခေါ်ဆိုသည်။ ထိုတွင် ဌာန်ဟူသည် ဌာနဟူသောပါဠိပုဒ်ကို မြန်မာသံဖြင့် ခေါ်ဆိုထားခြင်းပင်ဖြစ်သည်။ ဖြစ်ပေါ်ရာအရပ်၊ တည်ရာ အရပ်ဟု ဆိုလိုသည်။
ဌာန်
[ပြင်ဆင်ရန်]စကားတခွန်းကို ပြောဆိုမည်ဟု ကြံစည်သောအခါ၊ စိတ် ကြောင့်ဖြစ်ပေါ်လာသော ပထဝီဓာတ်သည် လည်ချောင်းအာ စောက်သောအရပ်တို့၌ ပင်ကိုမူလကရှိသောကမ္မဇ(ကံကြောင့် ဖြစ်သည့်) ပထဝီဓာတ်ကို ထိခိုက်၏။ ယင်းသို့ ဓာတ်နှစ်ခုတို့ ထိခိုက်ကြသည်နှင့်တစ်ပြိုင်နက် ပြောဆိုလိုသောသူ၏ အလို ဆန္ဒအားလျော်စွာ အက္ခရာအသံတို့သည် သူ့အရပ်နှင့်သူ အသီး သီးဖြစ်ပေါ်လာကြ၏။ ယင်းအက္ခရာအသံများ ဖြစ်ပေါ်လာရာ အရပ်ကို ဌာန်ဟုခေါ်ဆိုလေသည်။
ထိုဌာန်တို့သည် နျာသ(ဉာသ်)ဆရာ့အလိုအားဖြင့် ၅ ပါး၊ ရူပသိဒ္ဓိဆရာ့အလိုအားဖြင့် ၆ ပါး၊ သဒ္ဒနီတိ ဆရာ့အလိုအား ဖြင့် ၇ ပါး၊ စူဠနိရျွှိုဆရာ့အလိုအားဖြင့် ၈ ပါး အပြားရှိကုန် ၏။
နျာသဆရာ့ အလိုအားဖြင့် ဌာန် ၅ ပါး
[ပြင်ဆင်ရန်]- (၁) ကဏ္ဌဌာန်= လည်ချောင်းအရပ်
- (၂) တာလုဌာန်= အာစောက်အရပ်
- (၃) မုဒ္ဓဌာန်=အာခေါင်အရပ်
- (၄) ဒန္တဌာန်=သွားအရပ်
- (၅) ဩဋ္ဌ=နှုတ်ခမ်းအရပ်
ဟူသော ဤ ၅ ပါးဖြစ်၏။
ရူပသိဒ္ဓိဆရာ့ အလိုအားဖြင့် ဌာန် ၆ ပါး
[ပြင်ဆင်ရန်]ပြဆိုခဲ့ပြီးသော ၅ ပါးတွင် နာသိကဌာန် (နှာခေါင်း အရပ်) တစ်ခုကိုထည့်၍ ၆ ပါးဖြစ်၏။
သဒ္ဒနီတိဆရာ့ အလိုအားဖြင့် ဌာန် ၇ ပါး
[ပြင်ဆင်ရန်]ပြဆိုခဲ့ပြီးသော ၆ ပါးတွင် ဥရဌာန်(ရင်အရပ်)တစ်ခု ကိုထည့်၍ ၇ ပါးဖြစ်၏။
စူဠနိရျွှိုဆရာ့ အလိုအားဖြင့် ဌာန် ၈ ပါး
[ပြင်ဆင်ရန်]ပြဆိုခဲ့ပြီးသော ၇ ပါးတွင် ဇိဝှါမူလိယဌာန် (လျှာရင်းအရပ်) တစ်ခုကိုထည့်၍ ၈ ပါးဖြစ်၏။
ဌာန် အက္ခရာများ
[ပြင်ဆင်ရန်]- ၁။ ကဏ္ဌ=လည်ချောင်း အ၊ အာ၊ က၊ ခ၊ ဂ၊ ဃ၊ င၊ ဟ
- ၂။ တာလု=အာစောက် ဣ၊ ဤ၊ စ၊ ဆ၊ ဇ၊ ဈ၊ ဥ၊ ယ
- ၃။ မုဒ္ဓ=အာခေါင် ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ရ၊ ဠ
- ၄။ ဒန္တ=သွား တ၊ ထ၊ ဒ၊ ဓ၊ န၊ လ၊ သ
- ၅။ ဩဋ္ဌ=နှုတ်ခမ်း ဥ၊ ဦ၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ
ကဏ္ဌ=လည်ချောင်း တာလု=အာစောက် ကဏ္ဌ=လည်ချောင်း ဩဋ္ဌ=နှုတ်ခမ်း ဒန္တ=သွား ဩဋ္ဌ=နှုတ်ခမ်း
- ၆။ နာသိကာ=နှာခေါင်း
နိဂ္ဂဟိတ်ခေါ်သေးသေးတင်၊ င၊ ဥ၊ ဏ၊ န၊ မဟူသော ဤ ၅ လုံးတို့သည်လည်း မိမိတို့ဆိုင်ရာ ဌာန်တို့၌ ဖြစ် ကြသည့်အပြင် နာသိကဌာန်၌ ဖြစ်ကြ၏
- ၇။ ဥရ=ရင်
င၊ ဥ၊ ဏ၊ န၊ မ ၅ လုံး၊ ယ၊ လ၊ ဝ၊ ဠ ၄ လုံး၊ ဤ အက္ခရာ ၉ လုံးတို့နှင့်ယှဉ်သော ဟ အက္ခရာသည် ဥရု ဌာန်၌ဖြစ်၏။ ယင်းတို့ကား ငှ၊ ဥှ၊ ဏှ၊ နှ၊ မှ၊ ယှ၊ လှ၊ ဝှ၊ ဠှတို့ဖြစ် ကြ၏။ ယင်းအက္ခရာ ၉ လုံးနှင့် မယှဉ်သောဟသက် သက်သည်ကား ကဏ္ဌဌာန်၌ပင် ဖြစ်၏။
- ၈။ ဇိဝှါမူလိယ=လျှာရင်း
အားလုံးသောအက္ခရာတို့သည် ပြဆိုခဲ့ပြီးသည့်အတိုင်း အသီးအသီး မိမိတို့၏ ဌာန်တို့၌ ဖြစ်ကြသည့်အပြင် ဇိဝှါမူလိယဌာန်၌လည်း ဖြစ်၏။
မြန်မာဌာန် [၁]
[ပြင်ဆင်ရန်]မြန်မာတို့သည် အိန္ဒိယ ဗြာဟ္မီအက္ခရာတို့ကို အသွင်ပြောင်းယူသည်သာမဟုတ်၊ အသံကိုပါ မြန်မာတို့အသံသို့ ပြောင်းယူခဲ့ကြသည်။ မြန်မာအက္ခရာများကို မြန်မာတို့ ရွတ်ဆိုသံအတိုင် အက္ခရာဖြစ်ပေါ်ရာနေရာ ဌာန်ကို ခွဲပါက အောက်ပါအတိုင်းရမည်။
- လည်ချောင်းဌာန် = က၊ ခ၊ ဂ၊ ဃ၊ င၊ အ၊ အာ၊ ဟ
- အာစောက်ဌာန် = ည၊ ဣ၊ ဤ၊ ယ
- အာထိပ်ဌာန် = ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န၊ ရ၊ ဠ၊ လ
- သွားဌာန် = စ၊ ဆ၊ ဇ၊ ဈ၊ သ
- နှုတ်ခမ်းဌာန် = ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ ဥ၊ ဦ၊ ဝ
- လည်ချောင်းအာစောက်ဌာန် = ဧ၊ အဲ
- လည်ချောင်းနှုတ်ခမ်းဌာန် = ဩ၊ ဪ၊ အို
- နှာခေါင်းဌာန် = အံ၊ င၊ ည၊ ဏ၊ န၊ မ
ကရိုဏ်း
[ပြင်ဆင်ရန်]အက္ခရာများ ဖြစ်ပေါ်လာခြင်း၏အကြောင်းကို ကရိုဏ်းဟု ခေါ်သည်။ ကရိုဏ်းဟူသည် ကရဏဟူသော ပါဠိပုဒ်ကို မြန်မာ သံဖြင့် ခေါ်ဆိုထားခြင်းဖြစ်သည်။ အထူးသဖြင့် ကျေးဇူးပြု တတ်သောအရာ၊ အထူးသဖြင့် ကျေးဇူးပြုတတ်သောအကြောင်း ဟု အဓိပ္ပာယ်ရလေသည်။
ဌာန်ဟူသည် အက္ခရာများဖြစ်ပေါ်ရန် မူလပင်ကို အကြောင်းအရင်းဖြစ်၏။ ကရိုဏ်းဟူသည် အက္ခရာများဖြစ်ပေါ်ရန် နီးကပ်သောအကြောင်း၊ ထောက်ပံ့တတ်သော အကြောင်း ဖြစ်၏။ ထိုကရိုဏ်းသည်
- (၁) ဇိဝှါမ =လျှာလယ်အရပ်
- (၂) ဇိဝှေါပဂ္ဂ =လျှာဖျား၏အနီးအရပ်
- (၃) ဇီဝှဂ္ဂ=လျှာ ဖျားအရပ်
- (၄) သကြာန =မိမိတို့၏ဖြစ်ရာဌာန(အရပ်)ဟူ၍ ၄ ပါးရှိ၏။
ကရိုဏ်း အက္ခရာများ
[ပြင်ဆင်ရန်]- ၁။ ဇိဝှါမ=လျှာလယ်အရပ် ဣ၊ ဤ၊ စ၊ ဆ၊ ဇ၊ ဈ၊
ဥ၊ ယဟူသော တာလုဇ အက္ခရာ ၈လုံး
- ၂။ ဇိဝှေါပဂ္ဂ=လျှာဖျား၏အနီးအရပ် ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ရ၊ ဠ၊ ဟူသော မုဒ္ဓဇအက္ခရာ ၇
လုံး
- ၃။ ဇိဝှဂ္ဂ=လျှာဖျားအရပ် တ၊ ထ၊ ဒ၊ ဓ၊ န၊ လ၊
သဟူသော ဒန္တဇအက္ခရာ ၇ လုံး
- ၄။ သကြာန=မိမိတို့၏ ပြဆိုခဲ့ပြီးသော အက္ခရာ
ဖြစ်ရာအရပ် များမှကြွင်းသော အ၊ အာ၊ ဥ၊ ဦ၊ ဧ၊ ဩ၊ က၊ ခ၊ ဂ၊ ဃ၊ င၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ ဝ၊ ဟ၊ အံဟူသော အက္ခရာ ၁၉ လုံး ယင်း အက္ခရာတို့မှာ ကရိုဏ်း ဟူ၍ သီးခြားမရှိ။ မိမိတို့ ဖြစ်ရာအရပ်ဌာန်များသည်ပင် ယင်းတို့ဖြစ်ခြင်း၏ အကြောင်းဖြစ်လေသည်။
ပယတ်
[ပြင်ဆင်ရန်]အက္ခရာများဖြစ်ပေါ်လာအောင် အားထုတ်မှုကို ပယတ်ဟု ခေါ် သည်။ ပယတ်ဟူသည် ပယတနဟူသော ပါဠိပုဒ်ကို မြန်မာသံ ဖြင့် ခေါ်ဆိုထားခြင်းပင်ဖြစ်သည်။ အက္ခရာတို့ကို ရွတ်ဆိုခြင်း ငှာ အားထုတ်ခြင်းဟု အဓိပ္ပာယ်ရလေသည်။ ထိုပယတ်သည်
- (၁) သံဝုတ=ဌာန်နှင့် ကရိုဏ်းတို့ကို ပိတ်ခြင်း၊
- (၂) ဝိဝဋ=ဌာန်နှင့်ကရိုဏ်းတို့ကိုဖွင့်ခြင်း၊
- (၃) ဖြု= ဌာန်နှင့်ကရိုဏ်းတို့ကိုထိခြင်း၊
- (၄) ဤသံဖြု=ဌာန်နှင့်ကရိုဏ်း
တို့ကို အနည်းငယ်ထိခြင်းဟူ၍ ၄ ပါးရှိ၏။ (ဤ၌ ပုဒ်စစ်တွင် ကား နှုတ်ခမ်းတို့၏ ပိတ်ခြင်းသည် သံဝုတမည်၏ စသည်ဖြင့် အဓိပ္ပာယ်တစ်မျိုးပြဆိုထားလေသည်။)
ပယတ် အက္ခရာများ
[ပြင်ဆင်ရန်]- ၁။ သံဝုတ=ဌာန်နှင့် အ။ အ အက္ခရာကိုရွတ်ဆိုသော ကရိုဏ်းတို့ကိုပိတ်ခြင်း အခါ၊ ဌာန်ကရိုဏ်းဖြစ်သော လည်ချောင်းသားနှစ်ခုကို ပိတ် သောအားဖြင့် ရွတ်ဆိုရသည်။
- ၂။ ဝိဝဋ=ဌာန်နှင့် အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ ကရိုဏ်းတို့ကိုဖွင့်ခြင်းနှင့် သ၊ ဟနှစ်လုံး။ ဤအက္ခရာ ၉ လုံးကိုရွတ်ဆိုသောအခါ၊ မိမိ တို့နှင့်ဆိုင်ရာဌာန်ကရိုဏ်းတို့ကို ပွင့်ပွင့် ပြုသောအားဖြင့် (ဖွင့်သောအားဖြင့်)
ရွတ်ဆိုရသည်။
- ၃။ ဖြု=ဌာန်နှင့်ကရိုဏ်း က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ၊ ဇ၊ တို့ကိုထိခြင်း ဈ၊ ဥ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န၊ ပ၊ ဖ၊ ဗ၊ ဘ၊ မ။ ဤအက္ခရာ ၂၅ လုံးတို့ကို ရွတ်ဆိုသောအခါ၊ မိမိတို့နှင့်ဆိုင် ရာ ဌာန်ကရိုဏ်းတို့ကို ကောင်း စွာစိစိထိစေ၍ ရွတ်ဆိုရသည်။
- ၄။ ဤသံဖြု=ဌာန်နှင့် ယ၊ ရ၊ လ၊ ဝ။ ဤအက္ခရာ ၄ ကရိုဏ်းတို့ကို လုံးကို ရွတ်ဆိုသောအခါ မိမိတို့အနည်းငယ်ထိခြင်းနှင့်ဆိုင်ရာ ဌာန်ကရိုဏ်းတို့ကို ထိယောင်မူကာမျှဖြင့်(အနည်းငယ်ထိကာမျှဖြင့်)ရွတ်ဆိုရသည်။
ဤ ဌာန်ကရိုဏ်းပယတ်ဟုဆိုသော အမည်များသည်ကား ပါဠိဘာသာကိုစွဲ၍ ဖြစ်ပေါ်လာကြသည်။ သို့ရာတွင် မြန်မာ အသံကာရံ ခြောက်ဆယ့်လေးမျိုးနှင့် ဆက်စပ်ဖြစ်ပေါ်လာသော သရဗျည်း အက္ခရာတို့၌လည်း ယခုပြဆိုပြီးခဲ့သော ဌာန်ကရိုဏ်း ပယတ်စဉ်အတိုင်း လျော်ရာသွင်း၍ယူရသည်။[၂]