ညွန့်ညွန့်စိန်
ပုံပန်းသွင်ပြင်
ညွန့်ညွန့်စိန် (၁၉၄၃-၂၀၁၆) သည် မြန်မာ အဆိုရှင်တစ်ဦး ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]၁၉၄၃ ခု၊ စက်တင်ဘာလ ၁၄ ရက်တွင် ဦးတင်မောင်၊ ဒေါ်သောင်းညွန့် တို့မှ မွေးသည်။ အစ်ကိုမှာ စန္ဒရား ကျော်ဇောလေး ဖြစ်သည်။
အနုပညာခရီး
[ပြင်ဆင်ရန်]တေးသံရှင် ရဲဘော်စိုးနိုင်၏ အကူအညီဖြင့် ကာကွယ်ရေးဝန်ကြီးဌာန တူရိယာအဖွဲ့၌ သီချင်းစဆိုသည်။ ပထမဆုံးသီချင်းမှာ ရဲသီဟ ကိုတင်အောင်ရေးသည့် အသည်းကမ္ဘာ ဖြစ်သည်။ မောင်မောင်သီ ရေးသော မုန်းသူ့ရင်ဝယ် မနားလို နှင့် နာမည်ရလာသည်။
မြန်မာနိုင်ငံ ဂီတကောင်စီ (ဗဟို) တွင် အမှုဆောင်အဖြစ် (၁၉၅၆-၆၆) တာဝန်ထမ်းဆောင်သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၁၆ ခု၊ အောက်တိုဘာလ ၁၉ ရက်တွင် ကွယ်လွန်သည်။ [၁]
ကျော်ကြားသော တေးများ
[ပြင်ဆင်ရန်]| ခေါင်းစဉ် | တေးရေး | ထုတ်ဝေနှစ် | မှတ်ချက် |
|---|---|---|---|
| အသည်းကမ္ဘာ | ရဲသီဟ ကိုတင်အောင် | ||
| မုန်းသူ့ရင်ဝယ် မနားလို | မောင်မောင်သီ | ||
| ချစ်ဦးမေ့ထံ ပြန်လာပါ | တက္ကသိုလ် မောင်တင့်နွယ် | ||
| သူတို့ ရွှေမန်း | တက္ကသိုလ် မောင်တင့်နွယ် | ||
| ဒိုးကလေး | ကိုရဲအောင် | ||
| ဂုဏ်ယူရတာ အမောပဲရှင် | ဂီတ တင်အုန်း | ||
| တေးဆိုတတ်သော ရေပြာကမ်း | စန္ဒရား ချစ်မောင် | ||
| မင်္ဂလာသတင်း | ကိုလေးလွင် | ||
| နွေညတိုက်သော လေကလေး | ကိုလေးလွင် | ||
| လုပ်အားပေးနေ ကလေးတို့အဖေ | ကိုမြတ်လင်း (မြန်မာ့အသံ) | ||
| ခရေပင်အောက်က ပိတောက်ချစ်သူ | ပျဉ်းမနား မြင့်လှိုင် | စန္ဒရား ချစ်ဆွေ တီးသည့်အခါ ပို၍ လူသိများသွား |
ကိုးကား
[ပြင်ဆင်ရန်]- ↑ တက္ကသိုလ် ကျော်စံနိုင်။ "ခရေပင်အောက် ပိတောက်ချစ်သူ"။ ကြေးမုံ သတင်းစာ။ ၂၀၁၆၊ နိုဝင်ဘာ ၁၅။