ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး

ဝီကီပီးဒီးယား မှ

ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ညောင်ဦး ကမ်းပါးပြိုသောကြောင့် စမ္ပာနဂိုရ်က နွားမပေါင်ကျိုးရသည်ဟု မဆီမဆိုင် ယိုးမယ်ဖွဲ့ ပြောဆိုသကဲ့သို့ အဆက်အစပ်မရှိသော ဖြစ်ရပ်တစ်ခုကို မဆီမဆိုင် ယိုးမယ်ဖွဲ့ ပြောဆိုသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "သူတို့ဘယ်လို တိုက်တိုက်၊ ဘယ်တော့မှ ပြီးပြီး ကိုယ့်စီးပွား ကိုယ့်အလုပ်တွေ အပျက်စေနဲ့။ ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုးမဖြစ်စေနဲ့။" [၁၃၁၀] ဒီးဒုတ်၊ ၂၁၊ ၄၇။ ၁၉။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၈၃။