ညောင်သီးလည်း စား၊ လေးသံလည်း နားထောင်

ဝီကီပီးဒီးယား မှ

ညောင်သီးလည်း စား၊ လေးသံလည်း နားထောင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ညောင်သီးစားနေသောငှက်သည် တစ်ဖက်မှ မိမိကို အန္တရာယ်ပြုမည့် လေးသံကို နားစွင့်ရသကဲ့သို့ လုပ်ငန်းတစ်ခုကို ဆောင်ရွက်နေစဉ် အန္တရာယ်ကိုလည်း တစ်ဖက်က သတိပြုရသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "အယ်ဒီတာဆိုသည်မှာ ညောင်သီးလည်း စား၊ လေးသံလည်း နားထောင်ဟူ၏သို့ အဖက်ဖက်ကို ငဲ့ရမည့်သူ၊ တာဝန်ရှိသူများ ဖြစ်ပေသည်။" [၁၃၁၁] ကန်း။ ၅။
  • ညောင်သီးကိုလည်း စား၊ လေးမြားရဲ့အသံကိုလည်း နားထောင်ဟူသကဲ့သို့ တစ်ဖက်က ဈေးရောင်းနေရစဉ်တွင် အခြားတစ်ဖက်ကလည်း လေယာဉ်သံကို နားထောင်နေကြရတော့သည်။" [၁၃၄၅] သာသနာ။ ၆၇။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၈၂။