ညောင်ရေအိုးစင် ကစားနည်း

ဝီကီပီးဒီးယား မှ

ညောင်ရေအိုးစင် ကစားနည်း[ပြင်ဆင်ရန်]

ထိုကစားနည်းတွင် ကစားသူ အနည်းဆုံး သုံးယောက်လိုသည်။ ငါးယောက်ထက်လည်း မပိုရချေ။ ကစားသောအခါ ကစားသူနှစ်ယောက်က တစ်ယောက်၏ လက်ချောင်းများဖြင့် တစ်ယောက်၏ လက်မောင်းကို တတောင်ဆစ်အောက်ဘက်တွင် ဆုပ်ကိုင်ထားကြရသည်။ သုံးယောက်သာကစားလျှင် ကျန်တစ်ယောက်က ထိုသို့လက်ယှက်ထားသည့်အပေါ်တွင် ထိုင်ရသည်။ ထိုနောက် ထိုင်နေသောကစားသူမှအပ ကျန်ကစားသူနှစ်ယောက်က ညောင်ရေအိုးစင်ပန်းအိုးစင်၊ ညောင်ရေအိုးစင်ပန်းအိုးစင် ဟူ၍ အော်ဆိုကြပြီးလျှင် သူတို့၏ ယှက်ထားသော လက်များကို လွှဲပေးကြလေသည်။ နောက်ဆုံးတွင် ညောင်ရေအိုး ခါးတောင်ကျိုက်လိုက်ဟုဆိုကာ သူတို့၏ လက်များကို ဖြုတ်လိုက် ကြသဖြင့် ထိုင်လျက်ပါလာသူသည် အောက်သို့ ကျသွားလေသည်။ ထိုသို့ အောက်ကျသွားရာမှ ထပြီးလျှင် ကစားသူနှစ်ဦးအား လိုက်၍ဖမ်းရသည်။ အမိခံရသူသည် နောက်တစ်လှည့်၌ ညောင်ရေအိုး လုပ်ရလေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)