ညောင်မြစ်တူး၊ ပုတ်သင်ဥပေါ်

ဝီကီပီးဒီးယား မှ

ညောင်မြစ်တူး၊ ပုတ်သင်ဥပေါ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ညောင်မြစ်ကို တူးရာမှ ပုတ်သင်ဥပါ ပေါ်လာသကဲ့သို့ တစ်စုံတစ်ယောက်၏ အပြစ်အနာအဆာကို ဖော်ထုတ်ရာမှ မိမိ၏ အပြစ်အနာအဆာပါ ပေါ်ပေါက်လာသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "တိတ်တိတ်သာ နေကြတော့။ ညောင်မြစ်ကို တူးလျှင် ပုတ်သင်ဥပေါ်သည် ဆိုဘိသို့ ရှက်စရာ အပုံရှိသေးသည်။" [၁၂၆၆] မှိုင်း၊ ပ။ ၁၆၂။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၈၂။